ၾကားသိရသမွ်

အသက္ႀကီးသည့္တိုင္ သစၥာမပ်က္ ေမာင္တထမ္းမယ္တ႐ြက္ ပဲျပဳတ္တူတူ‌ေရာင္းတဲ့အဖိုးနဲ႔အဖြား

အသက်ကြီးသည့်တိုင် သစ္စာမပျက် မောင်တထမ်းမယ်တရွက် ပဲပြုတ်တူတူ‌ရောင်းတဲ့ အဖိုးနဲ့အဖွား

အသက်ကြီးပေမယ့် တစ်ဦးအပေါ်တစ်ဦးသစ္စာမပျက်ဘဲ မောင်တထမ်းမယ်တရွက်

လုပ်ကိုင်စားသောက်နေတဲ့ အဖိုးနဲ့ အဖွားအကြောင်းလေးပါ..သစ္စာရှိရှိချစ်တဲ့ အဖိုးအဖွား ကျန်းမာပါစေ..’

“ချမ်းသာမှု မရှိကြပေမယ့် အိမ်ထောင်ဖက်တစ်ဦးထက် ပိုတဲ့ ဘဝအဖော်မွန်ကောင်း တစ်ဦးရဲ့ ဖေးကူမမှုတွေနဲ့

အပေးအယူမျှပြီး စိတ်ချမ်းသာနေတဲ့ဒီ အဖိုးနဲ့ အဖွားရဲ့ အိမ်လေးဟာဖြင့်သေးငယ်ပြီး မထည်ဝါသည့်တိုင်မေတ္တာတွေ လွှမ်းခြုံတဲ့ အိမ်…

နှလုံးသားတွေ နွေးထွေးလုံခြုံစေတဲ့ အိမ်ဖြစ်နေမှာ ဧကန်မလွဲ ပါပဲ… မနက်ဆို မိန်းမ ပဲပြုတ်သည် အသံတွေကြားမှာ

ပဲပြုတ် နံပြား…ဆိုတဲ့ အဘ အသံကြားပြီဆို ပြေး ပြေးဝယ်ရတာ အမော…

အရင်ကတော့ အဖွားက အော်ပေးတာပါ …အခုနောက်ပိုင်း အဘ ကိုယ်တိုင် အော်နေပြီလေ …သူတို့လင်မယားကိုသဘောကျတယ် …

မလှိုင်နားရွာတစ်ရွာက ဇာတိတဲ့ သားထောက်သမီးခံ မရှိ …အဘ အသက် ၈၄ နှစ် အဖွားအသက် ၇၆ နှစ်တဲ့..

သူတို့ကို မြင်တိုင်းတွေးမိတာ တစ်ကယ့်ကို မောင်တထမ်း မယ်တရွက်ပါပဲ…”

Writer ;Happy and Lucky

အသက္ႀကီးသည့္တိုင္ သစၥာမပ်က္ ေမာင္တထမ္းမယ္တ႐ြက္ ပဲျပဳတ္တူတူ‌ေရာင္းတဲ့ အဖိုးနဲ႔အဖြား

အသက္ႀကီးေပမယ့္ တစ္ဦးအေပၚတစ္ဦးသစၥာမပ်က္ဘဲ ေမာင္တထမ္းမယ္တ႐ြက္

လုပ္ကိုင္စားေသာက္ေနတဲ့ အဖိုးနဲ႔ အဖြားအေၾကာင္းေလးပါ..သစၥာရွိရွိခ်စ္တဲ့ အဖိုးအဖြား က်န္းမာပါေစ..

“ခ်မ္းသာမႈ မရွိၾကေပမယ့္ အိမ္ေထာင္ဖက္တစ္ဦးထက္ ပိုတဲ့ ဘဝအေဖာ္မြန္ေကာင္း တစ္ဦးရဲ႕ ေဖးကူမမႈေတြနဲ႔

အေပးအယူမွ်ၿပီး စိတ္ခ်မ္းသာေနတဲ့ဒီ အဖိုးနဲ႔ အဖြားရဲ႕ အိမ္ေလးဟာျဖင့္ေသးငယ္ၿပီး မထည္ဝါသည့္တိုင္ေမတၱာေတြ လႊမ္းၿခဳံတဲ့ အိမ္…

ႏွလုံးသားေတြ ေႏြးေထြးလုံၿခဳံေစတဲ့ အိမ္ျဖစ္ေနမွာ ဧကန္မလြဲ ပါပဲ… မနက္ဆို မိန္းမ ပဲျပဳတ္သည္ အသံေတြၾကားမွာ

ပဲျပဳတ္ နံျပား…ဆိုတဲ့ အဘ အသံၾကားၿပီဆို ေျပး ေျပးဝယ္ရတာ အေမာ…

အရင္ကေတာ့ အဖြားက ေအာ္ေပးတာပါ …အခုေနာက္ပိုင္း အဘ ကိုယ္တိုင္ ေအာ္ေနၿပီေလ …သူတို႔လင္မယားကိုသေဘာက်တယ္ …

မလႈိင္နား႐ြာတစ္႐ြာက ဇာတိတဲ့ သားေထာက္သမီးခံ မရွိ …အဘ အသက္ ၈၄ ႏွစ္ အဖြားအသက္ ၇၆ ႏွစ္တဲ့..

သူတို႔ကို ျမင္တိုင္းေတြးမိတာ တစ္ကယ့္ကို ေမာင္တထမ္း မယ္တ႐ြက္ပါပဲ…”

Writer ;Happy and Lucky