ၾကားသိရသမွ်

မိသားစုအတွက် ကုန်စိမ်းတွေကို ဆိုင်ကယ်နဲ့ ဈေးရောင်းရှာကျွေးနေတဲ့ CDM ကျောင်းဆရာတစ်ဦး လမ်းမကြီးတစ်နေရာတွင် See more

မိသားစုအတွက် ကုန်စိမ်းတွေကို ဆိုင်ကယ်နဲ့ ဈေးရောင်းရှာကျွေးနေတဲ့ CDM ကျောင်းဆရာတစ်ဦး လမ်းမကြီးတစ်နေရာတွင်… See more

စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု CDM မှာ ပါဝင်ထားတဲ့ ကျောက်ပန်းတောင်းမြို့နယ်က CDM ကျောင်းဆရာ ကိုအောင်နိုင်ဌေးဟာ

ဇွန်လ (၁၅)ရက်နေ့မှာ ဆိုင်ကယ်နဲ့ ဈေးရောင်းနေစဉ် ဂွေးပင်လမ်း၊ ဆားတောင်လမ်းခွဲမှာ ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

အသက် (၃၀) ဝန်းကျင် ဆရာ ကိုအောင်ဌေးနိုင်ဟာ CDM ပြုလုပ်ခဲ့ပြီးနောက် မိသားစုဝမ်းရေးအတွက် ကုန်စိမ်းတွေကို ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချတဲ့အလုပ် လုပ်ကိုင်နေသူဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

“ ပေးဆပ်ရတာတွေ များလွန်းပါတယ် ဆရာရယ်။သင်တန်းသားဘဝတုန်းက သားဦးလေး ပေးဆပ်ခဲ့ရတယ်။အခုလဲ သားငယ်လေး ကျန်ခဲ့မယ်ထင်တယ်။ ထူးချွန်တဲ့ဆရာ။ ကြိုးစားတဲ့ဆရာ “ လို့ နီးစပ်သူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

စစ်အုပ်စုအာဏာသိမ်းမှုကြောင့် စစ်အာဏာရှင်စနစ်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေဟာ CDM ပြုလုပ်ထားကြပြီး တစ်နှစ်ကျော်ကြာတဲ့အထိ အခက်အခဲတွေကြားမှာ ကြံ့ကြံ့ခံ ရုန်းကန်နေကြရတယ်လို့ CDM ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။

Credit