ခဏ သေကြည့်ပါ အရှင် ဆန္ဒာဓိက ( ရွှေပါရမီတောရ)
ညအိပ်ခါနီး အချိန်ကို တစ်ကယ်သေခါနီး အချိန်လို ့သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင်အလေးအနက်ထား ကြိုးစားကြ ရပါမယ်။
ကုသိုလ် အာရုံက
ဒါန အာရုံ
သီလ အာရုံ
သမထ အာရုံ
ဝိပဿနာအာရုံ လို့လေးမျိုး ရှိပါတယ်။
ဒါနအာရုံအနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘဝ တစ်သက်တာ မှာပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး ကိုယ်ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု တစ်ခုခုကို အာရုံပြု ရပါမယ်။
အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများ နဲ့မဆိုင် ပါဘူး။ အကုန်အကျများတိုင်း အကျိုးပေးထက်သန် တာ မဟုတ် ပါဘူး။
ပီတိ အားကောင်းမှ အကျိုးပေး ထက်သန် တာပါ။ ညအိပ်ရာဝင် ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့ အကျင့်ကို စွဲစွဲမြဲမြဲ လုပ်ပေးပါ။
အိပ်ခါနီး(အသေလေး)ရဲ့အနီးကပ်ဆုံး ဒါနဖြစ်လို့ အာရုံယူ ရတာ အလွန်လွယ်ကူ ပါတယ်။
အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ် လိုက်ရတ ဲ့အတွက် ဘဝတစ်လျှောက်လုံး အဆင်ပြေပြီး အေးချမ်းရ ပါလိမ့် မယ်။
သီလကုသိုလ် အနေနဲ့ အိပ်ခါနီးတိုင်း အနည်းဆုံး ငါးပါးသီလ(အောက်ထစ်ဆုံး ပြောတာပါ)ကို အသစ် ခံယူဆောက်တည် ပါ။
ဆောက်တည်ပြီး အချိန်က စပြီး မကျိုးပေါက် ပါစေနဲ့။ အိပ်တော့မယ် ဆိုတော့လည်း ကျိုးပေါက် စရာ မရှိတော့ ပါဘူး။
သမထကုသိုလ် အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ်အကြည် ညိုဆုံး ဘုရားဂုဏ်တော် တစ်ခုခုကို ပွားများ ပါ။
ဥပမာ-
“အရဟံ=လူနတ်ဗြဟ္မာသတ္တဝါအပေါ င်းတို့၏ပူဇော်အထူးကိုခံယူတော်မ ူထိုက်ပါပေသော မြတ်စွာဘုရား။
အရဟံ=ကိလေသာကင်းစင်တော်မူပါသောြ မတ်စွဘုရား။
အ ရဟံ=ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား”လို့အရဟံ ဂုဏ်တော်ရဲ့အဓိပါ္ပယ်ကိုအာရံ ုထင်မြင်အောင်စိတ်ထဲကနေ နှလုံးသွင်းပွား များရပါမယ်။
နောက်တစ်ခုသမထအနေနဲ့မေတ္တာဘာဝနာ ပွားများနေရပါမယ်။
အနည်းဆုံး “သတ္တဝါအားလုံးချမ်းသာကြပါစေ”လို သုံးခေါက်လောက်ပွားများရပါမယ်။
ကိုယ်နှစ်သက်ရာ ကိုယ်အားသန်ရာ မေတ္တာပွားနည်းတွေနဲ့လည်းမေတ္တာ ပွားနိုင်ပါတယ်။
ဒါနကုသိုလ် သီလကုသိုလ် သမထကုသိုလ်တွေကိုအစဉ်အတိုင်း အာရုံပြု ဝမ်းမြောက်ပြီးပြီဆိုလျှင်နောက်ဆုံး ဝိပဿနာကုသိုလ်နဲ့အိပ်လိုက်ပါတော့။
နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ထားပြီးလေဝင်ရင်’ဝင်တယ်’ လေထွက်ရင်’ ထွက်တယ်’ ကို ရှုမှတ်ပြီးနေပါ။
ဝင်တိုင်း ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ်ဆိုရင် လေးငါး ချက်ထက် ပိုမမှတ်ရပါဘူး။ချက်ချင်းအိပ်ပျော်သွားပါလိမ့်မယ်။
ဝင်လေထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။
လေဝင် လေထွက်တိုင်းထိတွေ့တွန်းကန်မှုတွေကို သိနေမယ်ဆိုရင် လောဘဒေါသစတဲ့ ကိလေသာတွေလည်း ဖြစ်ခွင့် မရတော့ပါဘူး။
သမာဓိဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ရာဝင် မှာ လေဝင်လေထွက်မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွ ားနိုင်ပါတယ်။
အိပ်ခါနီးတိုင်း ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာ အာရုံနဲ့ အိပ်စက်သွားမယ်ဆိုရင် သေလွန်ခါနီးမှာလည်းအဲဒီအာရုံလေးမျိုးမှာ တစ်မျိုးမျိုးနဲ့သေလွန်ရမှာ သေချာပါတယ်။
ကုသိုလ်အာရုံနဲ့သေလွန်သွားသူကိုကောင်းရာသုဂတိဘုံတွေက သူဦး ကိုယ်ဦးလက်ကမ်းကြိုဆိုနေကြမှာပါ။
ဒါကြောင့် ညအိပ်ရာဝင် ခေါင်းအုံးပေါ်ခေါင်းချ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက်
“ငါခဏသေလိုက်ဦးမယ်”
လို့ ကိုယ့်ကိုယ်ကို စိတ်ထဲကပြောပြီး သေနည်း လေ့ကျင့်ကြဖို့ အထူး တိုက်တွန်းလိုက် ရပါတယ်။
အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)
ခဏ ေသၾကည့္ပါ အရွင္ ဆႏၵာဓိက ( ေ႐ႊပါရမီေတာရ)
ညအိပ္ခါနီး အခ်ိန္ကို တစ္ကယ္ေသခါနီး အခ်ိန္လို ႔သေဘာထားၿပီး ကုသိုလ္အာ႐ုံ စြဲၿမဲေအာင္အေလးအနက္ထား ႀကိဳးစားၾက ရပါမယ္။
ကုသိုလ္ အာ႐ုံက
ဒါန အာ႐ုံ
သီလ အာ႐ုံ
သမထ အာ႐ုံ
ဝိပႆနာအာ႐ုံ လို႔ေလးမ်ိဳး ရွိပါတယ္။
ဒါနအာ႐ုံအေနနဲ႔ ဒီေန႔ ဒီအခ်ိန္အထိ ဘဝ တစ္သက္တာ မွာျပဳခဲ့တဲ့ ေကာင္းမႈေတြထဲက ကိုယ္အႏွစ္သက္ဆုံး ကိုယ္ပီတိ အျဖစ္ဆုံး ဒါန ေကာင္းမႈ တစ္ခုခုကို အာ႐ုံျပဳ ရပါမယ္။
အဲဒီဒါနဟာ ေငြေၾကးအကုန္အက် အနည္းအမ်ား နဲ႔မဆိုင္ ပါဘူး။ အကုန္အက်မ်ားတိုင္း အက်ိဳးေပးထက္သန္ တာ မဟုတ္ ပါဘူး။
ပီတိ အားေကာင္းမွ အက်ိဳးေပး ထက္သန္ တာပါ။ ညအိပ္ရာဝင္ ခါနီးတိုင္း ဘုရားေသာက္ေတာ္ေရ အသစ္လဲတဲ့ အက်င့္ကို စြဲစြဲၿမဲၿမဲ လုပ္ေပးပါ။
အိပ္ခါနီး(အေသေလး)ရဲ႕အနီးကပ္ဆုံး ဒါနျဖစ္လို႔ အာ႐ုံယူ ရတာ အလြန္လြယ္ကူ ပါတယ္။
ေအးခ်မ္းမႈနဲ႔ တစ္ေန႔တာကို အဆုံးသတ္ လိုက္ရတ ဲ့အတြက္ ဘဝတစ္ေလွ်ာက္လုံး အဆင္ေျပၿပီး ေအးခ်မ္းရ ပါလိမ့္ မယ္။
သီလကုသိုလ္ အေနနဲ႔ အိပ္ခါနီးတိုင္း အနည္းဆုံး ငါးပါးသီလ(ေအာက္ထစ္ဆုံး ေျပာတာပါ)ကို အသစ္ ခံယူေဆာက္တည္ ပါ။
ေဆာက္တည္ၿပီး အခ်ိန္က စၿပီး မက်ိဳးေပါက္ ပါေစနဲ႔။ အိပ္ေတာ့မယ္ ဆိုေတာ့လည္း က်ိဳးေပါက္ စရာ မရွိေတာ့ ပါဘူး။
သမထကုသိုလ္ အေနနဲ႔ ကိုယ္အႏွစ္သက္ဆုံး ကိုယ္အၾကည္ ညိဳဆုံး ဘုရားဂုဏ္ေတာ္ တစ္ခုခုကို ပြားမ်ား ပါ။
ဥပမာ-
“အရဟံ=လူနတ္ျဗဟၼာသတၱဝါအေပါ င္းတို႔၏ပူေဇာ္အထူးကိုခံယူေတာ္မ ူထိုက္ပါေပေသာ ျမတ္စြာဘုရား။
အရဟံ=ကိေလသာကင္းစင္ေတာ္မူပါေသာျ မတ္စြဘုရား။
အ ရဟံ=ဆိတ္ကြယ္ရာအရပ္၌ပင္ မေကာင္းမႈကို ျပဳေတာ္မမူေသာ ျမတ္စြာဘုရား”လို႔အရဟံ ဂုဏ္ေတာ္ရဲ႕အဓိပါၸယ္ကိုအာရံ ုထင္ျမင္ေအာင္စိတ္ထဲကေန ႏွလုံးသြင္းပြား မ်ားရပါမယ္။
ေနာက္တစ္ခုသမထအေနနဲ႔ေမတၱာဘာဝနာ ပြားမ်ားေနရပါမယ္။
အနည္းဆုံး “သတၱဝါအားလုံးခ်မ္းသာၾကပါေစ”လို သုံးေခါက္ေလာက္ပြားမ်ားရပါမယ္။
ကိုယ္ႏွစ္သက္ရာ ကိုယ္အားသန္ရာ ေမတၱာပြားနည္းေတြနဲ႔လည္းေမတၱာ ပြားႏိုင္ပါတယ္။
ဒါနကုသိုလ္ သီလကုသိုလ္ သမထကုသိုလ္ေတြကိုအစဥ္အတိုင္း အာ႐ုံျပဳ ဝမ္းေျမာက္ၿပီးၿပီဆိုလွ်င္ေနာက္ဆုံး ဝိပႆနာကုသိုလ္နဲ႔အိပ္လိုက္ပါေတာ့။
ႏွာသီးဝ ေလထိရာအရပ္မွာ သတိကပ္ထားၿပီးေလဝင္ရင္’ဝင္တယ္’ ေလထြက္ရင္’ ထြက္တယ္’ ကို ရႈမွတ္ၿပီးေနပါ။
ဝင္တိုင္း ထြက္တိုင္းသာ တစ္ဆက္တည္း သိေနမယ္ဆိုရင္ ေလးငါး ခ်က္ထက္ ပိုမမွတ္ရပါဘူး။ခ်က္ခ်င္းအိပ္ေပ်ာ္သြားပါလိမ့္မယ္။
ဝင္ေလထြက္ေလ ရႈမွတ္ျခင္းဟာ အေကာင္းဆုံး အိပ္ေဆးပါပဲ။
ေလဝင္ ေလထြက္တိုင္းထိေတြ႕တြန္းကန္မႈေတြကို သိေနမယ္ဆိုရင္ ေလာဘေဒါသစတဲ့ ကိေလသာေတြလည္း ျဖစ္ခြင့္ မရေတာ့ပါဘူး။
သမာဓိဉာဏ္ ရင့္သန္ၿပီးသား ပုဂၢိဳလ္ဆိုရင္ အိပ္ရာဝင္ မွာ ေလဝင္ေလထြက္မွတ္ရင္းနဲ႔ မဂ္စိတ္က်ၿပီး နိဗၺာန္ကို မ်က္ေမွာက္ျပဳသြ ားႏိုင္ပါတယ္။
အိပ္ခါနီးတိုင္း ဒါနအာ႐ုံ သီလအာ႐ုံ သမထအာ႐ုံ ဝိပႆနာ အာ႐ုံနဲ႔ အိပ္စက္သြားမယ္ဆိုရင္ ေသလြန္ခါနီးမွာလည္းအဲဒီအာ႐ုံေလးမ်ိဳးမွာ တစ္မ်ိဳးမ်ိဳးနဲ႔ေသလြန္ရမွာ ေသခ်ာပါတယ္။
ကုသိုလ္အာ႐ုံနဲ႔ေသလြန္သြားသူကိုေကာင္းရာသုဂတိဘုံေတြက သူဦး ကိုယ္ဦးလက္ကမ္းႀကိဳဆိုေနၾကမွာပါ။
ဒါေၾကာင့္ ညအိပ္ရာဝင္ ေခါင္းအုံးေပၚေခါင္းခ် ေက်ာဆန႔္ၿပီးတာနဲ႔ တစ္ၿပိဳင္နက္
“ငါခဏေသလိုက္ဦးမယ္”
လို႔ ကိုယ့္ကိုယ္ကို စိတ္ထဲကေျပာၿပီး ေသနည္း ေလ့က်င့္ၾကဖို႔ အထူး တိုက္တြန္းလိုက္ ရပါတယ္။
အရွင္ဆႏၵာဓိက ( ေ႐ႊပါရမီေတာရ)