ၾကားသိရသမွ်

မီတာခမဆောင်သည့်နေအိမ် မီးကြိုးများကို လိုက်ဖြုတ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ မီတာခမဆောင်တဲ့ ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက မီးကြိုးတွေ လိုက်ဖြုတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဥသျှစ်ပင်မြို့ လျှပ်စစ်ရုံးဝန်ထမ်းတွေက မီတာဆောင်ကြဖို့နဲ့ မဆောင်ရင် မီးဖြတ်မယ်ဆိုတဲ့အကြောင်း လူစုခွဲပြီး လိုက်ပြောခဲ့သလို လူမှုကွန်ရက်စာမျက်နှာမှာလည်း သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

“လောလောဆယ် အတိအကျဆို ၃ အိမ်လောက် မီးကြိုးဖြုတ်ပြီးပြီ။ အိမ်ကိုသွယ်တဲ့ မီးကြိုးတွေဖြုတ်တာ မီတာပုံးတွေတော့ မဖြုတ်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဥသျှစ်ပင်မြို့၊ လမ်းမတော်လမ်း၊ ရွှေပင်ရပ်ကွက်က နေအိမ်တွေကို သွယ်တန်းထားတဲ့ မီးကြိုးတွေကိုဖြုတ်သွားတာဖြစ်ပြီး မိုးရွာလာလို့ လျှပ်စစ်ဝန်ထမ်းတွေ ပြန်သွားကြကြောင်း ဒေသခံတွေဆီက သိရပါတယ်။

———————-

ပဲခူးတိုင္း၊ ပန္းေတာင္းၿမိဳ႕နယ္၊ ဥသွ်စ္ပင္ၿမိဳ႕မွာ မီတာခမေဆာင္တဲ့ ျပည္သူေတြရဲ႕ေနအိမ္ေတြကို စစ္ေကာင္စီလက္ေအာက္ခံ လွ်ပ္စစ္ဝန္ထမ္းေတြက မီးႀကိဳးေတြ လိုက္ျဖဳတ္ေနတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က ဥသွ်စ္ပင္ၿမိဳ႕ လွ်ပ္စစ္႐ုံးဝန္ထမ္းေတြက မီတာေဆာင္ၾကဖို႔နဲ႔ မေဆာင္ရင္ မီးျဖတ္မယ္ဆိုတဲ့အေၾကာင္း လူစုခြဲၿပီး လိုက္ေျပာခဲ့သလို လူမႈကြန္ရက္စာမ်က္ႏွာမွာလည္း သတိေပးစာ ထုတ္ျပန္ခဲ့ပါတယ္။

]

“ေလာေလာဆယ္ အတိအက်ဆို ၃ အိမ္ေလာက္ မီးႀကိဳးျဖဳတ္ၿပီးၿပီ။ အိမ္ကိုသြယ္တဲ့ မီးႀကိဳးေတြျဖဳတ္တာ မီတာပုံးေတြေတာ့ မျဖဳတ္ဘူး” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ဥသွ်စ္ပင္ၿမိဳ႕၊ လမ္းမေတာ္လမ္း၊ ေ႐ႊပင္ရပ္ကြက္က ေနအိမ္ေတြကို သြယ္တန္းထားတဲ့ မီးႀကိဳးေတြကိုျဖဳတ္သြားတာျဖစ္ၿပီး မိုး႐ြာလာလို႔ လွ်ပ္စစ္ဝန္ထမ္းေတြ ျပန္သြားၾကေၾကာင္း ေဒသခံေတြဆီက သိရပါတယ္။