အောက်ဆီဂျင်မီတာဗူးကိုဖွင့်ဖောက်ပါ။အထဲတွင်အောက်ပါပစ္စည်းသုံးခုပါဝင်ပါမည်။(မီတာပါအပိုင်း+ရေထည့်ဗူး+လေရှုပိုက်)
ရေထည့်ဗူးကို မီတာပါအပိုင်းနှင့်တပ်ဆင်ရာတွင် မီတာဒိုင်ခွက်ပါသည့်အပိုင်းရှိရာဘက်သို့ရစ်၍အရစ်ဆုံး သည်အထိသေချာကြပ်ရမည်။
အောက်ဆီဂျင် ဗူး၏ ပိုက်ခေါင်းတွင် မီတာအား ဂွရှင်ကိုအသုံးပြု၍ အောက်ဘက်သို့ရစ်၍ အရစ်ဆုံးထိသေချာတပ်ဆင်ပါ။
ရေထည့်ဗူးအား မီတာဒိုင်ခွက်၏ဝေးရာဘက်သို့အရစ်လှည့်ဖွင့်ပြီးရေသန့် တစ်ဝက်ခန့်ဖြည့်ပြီးပြန်လည်တပ်ဆင်ပါ။
အောက်ဆီဂျင်ဗူးတွင်ပါသော အဖွင့်အပိတ်ဘားအား မီတာဒိုင်ခွက်ရှိရာဘက်သို့ သုံးပတ်ခန့်လှည့်ဖွင့်ပါ။(ဒိုင်ခွက်ရှိမျှားတံသည် အောက်ဆီဂျင်လက်ကျန်အားပြသပြီဆိုပါက
မီတာရှိ(Shut & Open)စာတန်းပါ အရှိန်နှုန်းထိန်းသည့်ခလုတ်အဝိုင်းအား မီတာဒိုင်ခွက်၏ဝေးရာဘက်သို့ဖြေးညှင်းစွာလှည့်ဖွင့်၍ဆရာဝန်ညွှန်ကြားထားသည့် မိမိလိုအပ်သောပမာဏကိုချိန်ညှိပါ။
မီတာဒိုင်ခွက်ဘေးရှိအရှိန်နှုန်းပြဖန်ပြွန်ချောင်းထဲတွင် ဘောလုံးအသေးလေးသည် သင်ချိန်ညှိိသည့်အတိုင်း ထက်အောက် တက်လိုက်ကျလိုက်ဖြင့်ပြသနေလိမ့်မည်။
ဆရာဝန်၏သီးခြားအကြံပြုချက်မရှိပါက ပုံမှန် 2/3 လောက်သာထားရှိ၍အသုံးပြုရန်အကြံပြုလိုပါသည်။ဆရာဝန်ညွှန်ကြားမှုမပါလျှင် 5နှုန်းထက်ကျော်လွန်၍ အသုံးမပြုပါနှင့်။
ရေထည့်ခွက်ရှိရေများပလုံစီထ၍မီတာ၏ လေထွက် ပေါက်မှ လေထွက်သံစကြားရပြီဆိုသင်အောင်မြင်ပါပြီ။ထိုအချိန်မှမီတာရေထည့်ဗူး လေထွက်ပေါက်တွင် လေရှူပိုက်တပ်ဆင်၍အသုံးပြုပါ။
Credit to သုညသုခ ပရဟိတ လူငယ် အသင်း
ေအာက္ဆီဂ်င္မီတာဗူးကိုဖြင့္ေဖာက္ပါ။အထဲတြင္ေအာက္ပါပစၥည္းသုံးခုပါဝင္ပါမည္။(မီတာပါအပိုင္း+ေရထည့္ဗူး+ေလရႈပိုက္)
ေရထည့္ဗူးကို မီတာပါအပိုင္းႏွင့္တပ္ဆင္ရာတြင္ မီတာဒိုင္ခြက္ပါသည့္အပိုင္းရွိရာဘက္သို႔ရစ္၍အရစ္ဆုံး သည္အထိေသခ်ာၾကပ္ရမည္။
ေအာက္ဆီဂ်င္ ဗူး၏ ပိုက္ေခါင္းတြင္ မီတာအား ဂြရွင္ကိုအသုံးျပဳ၍ ေအာက္ဘက္သို႔ရစ္၍ အရစ္ဆုံးထိေသခ်ာတပ္ဆင္ပါ။
ေရထည့္ဗူးအား မီတာဒိုင္ခြက္၏ေဝးရာဘက္သို႔အရစ္လွည့္ဖြင့္ၿပီးေရသန္႔ တစ္ဝက္ခန္႔ျဖည့္ၿပီးျပန္လည္တပ္ဆင္ပါ။
ေအာက္ဆီဂ်င္ဗူးတြင္ပါေသာ အဖြင့္အပိတ္ဘားအား မီတာဒိုင္ခြက္ရွိရာဘက္သို႔ သုံးပတ္ခန္႔လွည့္ဖြင့္ပါ။(ဒိုင္ခြက္ရွိမွ်ားတံသည္ ေအာက္ဆီဂ်င္လက္က်န္အားျပသၿပီဆိုပါက
မီတာရွိ(Shut & Open)စာတန္းပါ အရွိန္ႏႈန္းထိန္းသည့္ခလုတ္အဝိုင္းအား မီတာဒိုင္ခြက္၏ေဝးရာဘက္သို႔ေျဖးညႇင္းစြာလွည့္ဖြင့္၍ဆရာဝန္ၫႊန္ၾကားထားသည့္ မိမိလိုအပ္ေသာပမာဏကိုခ်ိန္ညႇိပါ။
မီတာဒိုင္ခြက္ေဘးရွိအရွိန္ႏႈန္းျပဖန္ႁပြန္ေခ်ာင္းထဲတြင္ ေဘာလုံးအေသးေလးသည္ သင္ခ်ိန္ညႇိိသည့္အတိုင္း ထက္ေအာက္ တက္လိုက္က်လိုက္ျဖင့္ျပသေနလိမ့္မည္။
ဆရာဝန္၏သီးျခားအႀကံျပဳခ်က္မရွိပါက ပုံမွန္ 2/3 ေလာက္သာထားရွိ၍အသုံးျပဳရန္အႀကံျပဳလိုပါသည္။ဆရာဝန္ၫႊန္ၾကားမႈမပါလွ်င္ 5ႏႈန္းထက္ေက်ာ္လြန္၍ အသုံးမျပဳပါႏွင့္။
ေရထည့္ခြက္ရွိေရမ်ားပလုံစီထ၍မီတာ၏ ေလထြက္ ေပါက္မွ ေလထြက္သံစၾကားရၿပီဆိုသင္ေအာင္ျမင္ပါၿပီ။ထိုအခ်ိန္မွမီတာေရထည့္ဗူး ေလထြက္ေပါက္တြင္ ေလရႉပိုက္တပ္ဆင္၍အသုံးျပဳပါ။
Credit to သုညသုခ ပရဟိတ လူငယ္ အသင္း