မန္တလေး မြို့ကြီးရေ အဲ့လောက်တောင်အခြေအနေဆိုးနေပြီလားဟ
ဒီနေ့( 23.10.21 )ကျောက်ဆည်ကမိဘမဲ့ကလေးကျောင်းကိုသွားလှုဖို့ အလှုလိုက်မယ့်
စက်မှုထဲကသူငယ်ချင်းတစ်ယောက်ကိုမနက် 4:30 လောက်သွားခေါ်တာအပြန် 58 လမ်း 118/119 ကြားမှာစောင့်ပြီးဆိုင်ကယ်လိုက်လုကြတယ် ။
ဆိုင်ကယ် 3 စီးကိုလူ 7 ယောက် ပါတယ်
ကျွန်တော်တို့လဲ တွေ့တွေ့ချင်း ပြေးတာပေါ့ 118 ပေါ် ကနေ 120တစ်လမ်းလုံးလည်းအော်ပြီးအကူအညီတောင်းပေမယ့်တစ်ယောက်မှထွက်မလာကြဘူး
အဲ့တာနဲ့ 48/49 120 ရောက်တော့ဆိုင်ကယ် လဲရော အရှေ့ကမောင်းတဲ့တစ်ယောက်ကိုဓားနဲ့ လှမ်းခုတ်ပေမယ် မထိလိုက်ဘူး
ဆိုင်ကယ်မှောက်မှောက်ချင်း သုံးယောက်သားနီးရာလက်ဖက်ရည်ဆိုင်ထဲဝင်ပြေးတာအထဲလူတေထွက်လာလို့တော်သေးတယ် ကံကောင်းလို့မသေတယ်
ပြောချင်တာက မနက်အစော တို့ ညမိုးချုပ်တို့ အပြင်မထွက်ကြပါနဲ့ ဖြစ်နိုင်ရင်နေဝင်သွားတာနဲ့အပြင်မထွက်ကြပါနဲ့
(ဆိုင်ကယ်လည်းပါသွားပါတယ်)မနက်။ 5:00 ကျော်ကျော်လောက်ကဖြစ်သွားတာပါ
Credit
Zawgyi