မဂ်လာပါပရိတ်သတ်ကြီးရေ ညနက်တဲ့အထိ စံပယ်ပန်းရောင်းပြီး မိခင်ရဲ့ မီးဖွားစရိတ်အတွက် ကူညီပေးနေတဲ့ (၁၄) နှစ်အရွယ် ကောင်လေး
ပရိတ်သတ်ကြီးရေ လောကမှာ မိဘအပေါ်သိတတ်နားလည်မှုရှိတဲ့ ကလေးတွေ လိမ္မာရေးခြားရှိတဲ့ကလေးတွေလောက် ကြည့်ရတာ ကြည်နူးစရာဂုဏ်ယူစရာကောင်းတာမရှိတော့ပါဘူးနော်။
ဒီနေ့ ကျွန်တော်၉နာရီခွဲလောက်အိမ်ပြန်လာတော့အင်းလျားလမ်းမီးပွိုင့်ကပန်းရောင်းတဲ့ညီလေးမပြန်သေးပဲ ထိုင်နေတာ တွေ့တော့မုန့်ဖိုး၃၀၀ ပေးလိုက်တယ်။
ရော့…ညီလေးအကြွေ…ပန်းတော့မကိုင်ချင်လို့မယူတော့ဘူးနော်…မင်းရောင်းရအောင် ဘယ် လောက်ဖိုးကျန်သေးလဲဆိုပြီးကြည့်လိုက်တော့များသေးတယ် ဟာများလှချည်လားဆိုတော့၁သောင်းဖိုးလောက်ကျန်သေးတယ်တဲ့…သားမေကြီးကလေးမွေးခါနီးမို့ပိုက်ဆံဆုနေတာတဲ့…ကျွန်တော်လဲအဲ့တာနဲ့မုန့်ဖိုးတစ်ထောင်ထပ်ပေးလိုက်တယ်။
ဒါပေမယ့် တစ်ထောင်ထဲ ပေးလိုက်ရတာ စိတ်မကောင်းဘူး။ ကိုယ့်မှာလဲ ပိုက်ဆံက သုံးစရာလေးတွေက ရှိနေတော့ ထပ်မပေးဖြစ် တာကိုစိတ်တစ်မျိုးဖြစ်နေတာနဲ့ မင်းဗိုက်ဆာလားဆိုတော့ ဆာတယ်ဆိုတာနဲ့ငါအိမ်မှာဘာမုန့်ရှိ လဲသွားကြည့်ပြီးပြန်လာခဲ့မယ် လို့ပြော ပြီးအိမ်အမြန်ပြန်လိုက်တယ်။
အိမ်ကရှိတဲ့ ထမင်းဟင်းလေးကို ဗူးလေးထဲထည့်ပြီးအအေး ဗူးလေးတစ်ဗူးနဲ့ပြန်ထွက်လာခဲ့တယ် ကျွန်တော့်လှမ်းမြင်တော့ ပြုံးပြီးမတ်တတ်ရပ်တယ်။ ပြီးတော့ ပြန်ထိုင်မလို့လုပ်လိုက်တယ်။
ဒီကောင်စားချင်တာကို အားနာပြီးဟန်ပြန်ကို့တာပဲဖြစ်ရမယ် ဆိုပြီးကျွန်တော် ပဲသူ့ဆီသွားလိုက်တယ်။ အနားရောက်မှ ..ဒါမင်းအတွက် ဆာနေပြီမလားဆိုတော့…ဟာတော်တော် ဆာနေပြီ ကိုကြီး…တဲ့အေးဆွဲကွာ ငါကြက်သားဘူးသီးချက်ရယ် ငပိကျော်ရယ် ထည့်လာတယ်…ဆိုတော့ဆွဲရောကောင်းလာဆိုတော့ကောင်းတယ်တဲ့ ဒီကလေးလေးက လေးစားဖို့တော့ ကောင်းတယ်။
အသက်ငယ်ငယ်လေးနဲ့ မှမလိုက် မငြီးမငြူ အမေနဲ့ ညီတွေကိုထောက်ပံ့နေတာနေ့လည်၁နာရီလောက်ထဲကခုချိန်ထိပန်းရောင်းပြီးရတဲ့ပိုက်ဆံအမေ့ကိုပြန်ပေးတာ သူစားနေတဲ့အချိန်ဟိုဘက်ပွိုင့်ကပန်းရောင်းတဲ့ သူ့သူငယ်ချင်းရောက်လာတော့ ကျွေးလိုက်သေးတယ်။ ဟျောင့် စားအုံးမလားတဲ့…ငါအဲ့လိုမှန်းသိပိုထည့်ခဲ့ပါတယ်ကွာဆိုတော့ရတယ်။
ကိုကြီးတဲ့ သူကပုံမှန်ဆိုည ၁၁ နာရီ ၁၂နာရီ လောက်ထိရောင်းတယ်။ အရင်က၈နာရီပြန်တာတဲ့ အမေမွေးခါနီးမို့အလုပ်ကြိုးစားနေတာတဲ့ ခြေစုံလက်စုံလူကြီးအရွယ်တွေလိမ်စားနေတဲ့ခေတ်မှာ ဒီညီလေးက တကယ်ကို အတုယူစရာကောင်းတဲ့ heroပဲ ၂တန်းထဲက ကျောင်းထွက်ပြီးမိသားစုကိုထောက်ပံ့တာ စာအုပ်ဖတ် တဲ့အကျင့်ရှိအောင် လုပ်ဆိုတော့သူစာမဖတ်တတ်တော့ဘူးတဲ့..အိမ်မှာအိမ် အလုပ်လုပ် ရသေးတယ်တဲ့။
၁နာရီလောက်ဆိုလဲဒီကို လိုင်းကားစီးပြီးပန်းလာရောင်းရတယ်ဆိုတော့ ဖတ်ချိန်မရှိတာနဲ့မဖတ်ဖြစ်တော့တာ၂တန်းထဲကပဲ ခုဆို၁၄နှစ်ထဲဝင်နေပြီတဲ့…အဲ့တာနဲ့ကိုယ်လဲ မင်းစိတ်ကောင်းတော့ထားဒါမှ ကံကောင်းမှာဆိုတော့
သူကကိုယ့်ကိုအဲ့တာတော့ ဟုတ်တယ် တဲ့ မေကြီးလဲသားကိုအဲ့လိုပြောတယ် တဲ့မဆိုးဘူးပဲ ဒီလိုဆိုတော့လဲ အင်းလျားလမ်းမှာပန်းရောင်းနေတဲ့ ဝဝနဲ့ချစ်စရာညီလေးကို တွေ့ရင် တစ်ရာဖိုးလောက်ဖြစ်ဖြစ် နှစ်ရာဖိုးလောက်ဖြစ်ဖြစ် ပန်းဝယ်ပေးပြီး ကူညီ လိုက်ပါနော်။
အခုလိုဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ c r d