ၾကားသိရသမွ်

ကြည့်မြင်တိုင်ကကျဆုံးလူငယ်တွေကိုရည်စူးပြီး ဖန်တီးထားတဲ့ Macrame နဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် ရံပုံငွေရှာခဲ့တဲ့ ချစ်သုဝေ

နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေနဲ့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းကတော့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာ Macrame နဲ့ စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေအတွက် ရံပုံငွေရှာဖွေပေးမယ့် ချစ်သုဝေက သူမပထမဦးဆုံးရောင်းချမယ့် Macrameလေးအကြောင်းကို အခုလိုပဲပြောလာပါတယ်။

“လူ့အခွင့်အရေးဆိတ်သုဉ်းမှုတွေကို ခံပြင်းရင်း ငိုရင်းနဲ့ပြီးမသွားဘူး။ Trezaကတော့ ၅ရက်နေ့ညက အိပ်မရခဲ့ဘူး။ ဆန္ဒထုတ်ဖော်ခွင့်ဆိုတဲ့လွတ်လပ်မှုတွေကို

အကျဉ်းချခံ အချေမှုန်းခံရသမျှအတွက် ” macrame” wall hangingလေးတစ်ခု ဖန်တီးဖြစ်တယ်။” ဆိုပြီး ဒီဇင်ဘာလ (၅) ရက်နေ့က ကြည့်မြင်တိုင်ဖြစ်စဉ်မှ

ာကျဆုံးသွားတဲ့ လူငယ်တွေကို ရည်စူးပြီးထိုးထားတဲ့ Macrame ကို လက်မှတ်တစ်စောင် (၅၀၀၀) ကျပ်နှုန်းနဲ့ရောင်းချပြီး ကံစမ်းသူကို မဲဖောက်ပေးမှာဖြစ်ပါတယ်။

Macrame လေးရောင်းချခြင်းက ရရှိမယ့် ပိုက်ဆံတွေကို လူ့အခွင့်အရေးပျောက်ရှာနေတဲ့ ကလေးတွေဆီ လှူဒါန်းသွားဖို့ ချစ်သုဝေက ရည်ရွယ်ထားတာလို့လည်း ဆိုပါတယ်။

crd

ဇော်ဂျီဖြင့်ဖတ်ရန်

ကြည့်မြင်တိုင်ကကျဆုံးလူငယ်တွေကိုရည်စူးပြီး ဖန်တီးထားတဲ့ Macrame နဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် ရံပုံငွေရှာခဲ့တဲ့ ချစ်သုဝေ

နိုင်ငံကျော် သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေနဲ့ ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းကတော့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားခဲ့ကြတာပဲဖြစ်ပါတယ်

။ ဒီတစ်ခေါက်မှာလည်း ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာ Macrame နဲ့ စစ်ဘေးရှောင်ဒေသက ကလေးငယ်တွေအတွက် ရံပုံငွေရှာဖွေပေးမယ့် ချစ်သုဝေက သူမပထမဦးဆုံးရောင်းချမယ့် Macrameလေးအကြောင်းကို အခုလိုပဲပြောလာပါတယ်။

“လူ့အခွင့်အရေးဆိတ်သုဉ်းမှုတွေကို ခံပြင်းရင်း ငိုရင်းနဲ့ပြီးမသွားဘူး။ Trezaကတော့ ၅ရက်နေ့ညက အိပ်မရခဲ့ဘူး။ ဆန္ဒထုတ်ဖော်ခွင့်ဆိုတဲ့လွတ်လပ်မှုတွေကို အကျဉ်းချခံ

အချေမှုန်းခံရသမျှအတွက် ” macrame” wall hangingလေးတစ်ခု ဖန်တီးဖြစ်တယ်။” ဆိုပြီး ဒီဇင်ဘာလ (၅) ရက်နေ့က ကြည့်မြင်တိုင်ဖြစ်စဉ်မှာကျဆုံးသွားတဲ့

လူငယ်တွေကို ရည်စူးပြီးထိုးထားတဲ့ Macrame ကို လက်မှတ်တစ်စောင် (၅၀၀၀) ကျပ်နှုန်းနဲ့ရောင်းချပြီး ကံစမ်းသူကို မဲဖောက်ပေးမှာဖြစ်ပါတယ်။

Macrame လေးရောင်းချခြင်းက ရရှိမယ့် ပိုက်ဆံတွေကို လူ့အခွင့်အရေးပျောက်ရှာနေတဲ့ ကလေးတွေဆီ လှူဒါန်းသွားဖို့ ချစ်သုဝေက ရည်ရွယ်ထားတာလို့လည်း ဆိုပါတယ်။

crd