စားဝတ်နေရေး ခက်ခဲစွာ ရင်ဆိုင်နေကြရပုံတွေကို ရင်ဖွင့်ရင်း မိုးရေတွေ ကြားမှာ အကူအညီတောင်းခံနေရှာတဲ့ ပြည်သူ
တွေရဲ့ ဗီဒီယိုဖိုင်
အခြေအနေတွေ မျိုးစုံ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခုလို ကာလတွေမှာ ပြည်သူ ပြည်သားတွေခမျာ အဆင်မပြေမှုတွေ
ဆုံးရှုံးမှုတွေကို များစွာ ကြုံတွေ့နေကြရပါတယ် ။
ဒီလို အချိန်တွေမှာ ပြည်သူမှာ ပြည်သူပဲ ရှိတယ်ဆိုတဲ့ ခံယူချက်တွေနဲ့ ခက်ခဲနေကြသူတွေကို မြင်တွေ့တိုင်း တတ်နိုင်
သလောက် ကူညီရိုင်းပင်းရင်း ရှေ့ဆက်ဖို့အတွက် အင်အားတွေ ပေးခဲ့ကြပါတယ် ။

အခုလည်း ရင်းရှည်ရွာက စားဝတ်နေရေးအတွက် အတော်လေး အခက်အခဲဖြစ်နေတဲ့ ဒေသခံတွေကို စားသောက်ကုန်
များ လှူဒါန်းပေးဝေနေတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ ဗီဒီယိုထဲမှာ ဒေသခံတစ်ဦးရဲ့
ပြောပြချက်အရ အခြားရွာတွေကို စားသောက်ကုန်များ လာရောက်ဝေမျှချိန်မှာ ရင်းရှည်ရွာမပါဝင်ခဲ့တာကြောင့် လာ
ရောက် အကူအညီတောင်းခံရခြင်းဖြစ်တယ်လို့ဆိုပါတယ် ။
ရင်းရှည်ရွာ တစ်ရွာလုံးမှာ အိမ်ပေါင်း (၅၇) အိမ်ရှိပြီး အလုပ်အကိုင်တွေလည်း အဆင်မပြေလို့ ခက်ခဲနေကြောင်းကို
စိတ်မကောင်းစွာပြောပြနေတဲ့ ဒေသခံတစ်ဦးရဲ့ ရင်တွင်း ခံစားချက်တွေကို ဗီဒီယိုထဲမှာ တွေ့မြင်ရမှာပါ ။
မိုးရေတွေလည်း တစ်ကိုယ်လုံးစိုရွှဲပြီး စားသောက်ကုန်တွေရလို့ ပျော်ရွှင်နေကြပုံတွေက တကယ်ကြည်နူးစရာပါပဲ ။
ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Photo Credit : သာမဏေငယ်စောင့်ရှောက်ရေး Fcaebook Page
စားဝတ္ေနေရး ခက္ခဲစြာ ရင္ဆိုင္ေနၾကရပုံေတြကို ရင္ဖြင့္ရင္း မိုးေရေတြ ၾကားမွာ အကူအညီေတာင္းခံေနရွာတဲ့ ျပည္သူေ
တြရဲ့ ဗီဒီယိုဖိုင္
အေျခအေနေတြ မ်ိဳးစုံ ျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံရဲ႕ အခုလို ကာလေတြမွာ ျပည္သူ ျပည္သားေတြခမ်ာ အဆင္မေျပမႈေတြ
ဆုံးရႈံးမႈေတြကို မ်ားစြာ ႀကဳံေတြ႕ေနၾကရပါတယ္ ။
ဒီလို အခ်ိန္ေတြမွာ ျပည္သူမွာ ျပည္သူပဲ ရွိတယ္ဆိုတဲ့ ခံယူခ်က္ေတြနဲ႔ ခက္ခဲေနၾကသူေတြကို ျမင္ေတြ႕တိုင္း တတ္ႏိုင္
သေလာက္ ကူညီ႐ိုင္းပင္းရင္း ေရွ႕ဆက္ဖို႔အတြက္ အင္အားေတြ ေပးခဲ့ၾကပါတယ္ ။
အခုလည္း ရင္းရွည္႐ြာက စားဝတ္ေနေရးအတြက္ အေတာ္ေလး အခက္အခဲျဖစ္ေနတဲ့ ေဒသခံေတြကို စားေသာက္ကုန္
မ်ား လႉဒါန္းေပးေဝေနတဲ့ ဗီဒီယိုတစ္ခု လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္ ။ ဗီဒီယိုထဲမွာ ေဒသခံတစ္ဦးရဲ႕ ေျ
ပာျပခ်က္အရ အျခား႐ြာေတြကို စားေသာက္ကုန္မ်ား လာေရာက္ေဝမွ်ခ်ိန္မွာ ရင္းရွည္႐ြာမပါဝင္ခဲ့တာေၾကာင့္ လာေရာက္
အကူအညီေတာင္းခံရျခင္းျဖစ္တယ္လို႔ဆိုပါတယ္ ။
ရင္းရွည္႐ြာ တစ္႐ြာလုံးမွာ အိမ္ေပါင္း (၅၇) အိမ္ရွိၿပီး အလုပ္အကိုင္ေတြလည္း အဆင္မေျပလို႔ ခက္ခဲေနေၾကာင္းကို စိတ္
မေကာင္းစြာေျပာျပေနတဲ့ ေဒသခံတစ္ဦးရဲ႕ ရင္တြင္း ခံစားခ်က္ေတြကို ဗီဒီယိုထဲမွာ ေတြ႕ျမင္ရမွာပါ ။
မိုးေရေတြလည္း တစ္ကိုယ္လုံးစို႐ႊဲၿပီး စားေသာက္ကုန္ေတြရလို႔ ေပ်ာ္႐ႊင္ေနၾကပုံေတြက တကယ္ၾကည္ႏူးစရာပါပဲ ။ ပရိသ
တ္ႀကီးအတြက္ ဒီဗီဒီယိုေလးကို ျပန္လည္ေဝမွ်ေပးရင္း အားလုံး အဆင္ေျပၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။
Photo Credit : သာမေဏငယ္ေစာင့္ေရွာက္ေရး Fcaebook Page



