ၾကားသိရသမွ်

ကြာချိန် ၆ လကျော်ရှိသွားပြီဖြစ်တဲ့ မြန်မာနွေဦးတော်လှန်ရေးကို ကို တာလီဘန်တွေပေးသော သင်ခန်းစာ

ကြာချိန် ၆ လကျော်ရှိသွားပြီဖြစ်တဲ့ မြန်မာနွေဦးတော်လှန်ရေးကို ကို တာလီဘန်တွေပေးသော သင်ခန်းစာ

နောက်ထပ်နာရီပိုင်းအတွင်းမှာ တာလီဘန်တွေက အာဖဂန်နစ္စတန်အစိုးရရုံး စိုက်ရာ ကာဘူးမြို့ကို သိမ်းတော့မဲ့အနေအထားဖြစ်သွားပါပြီ ၊အာဖဂန်တစ်နိုင်ငံလုံး တာလီဘန်တွေလက်ထဲကို ပြန်လည်ကျရောက်သွားခဲ့ပြီပဲဖြစ်ပါတယ် ၊ ဂျိုးဘိုင်ဒင်ဘက်ကကြည့်ရင်လည်း သူ့ရဲဆုံးဖြတ်ချက်က မမှားဘူးလို့ပြောလို့ရပါတယ် ၊ သူတို့ဟာ တာဘီဘန်တွေကို နှစ်ပေါင်း ၂၀ တိုက်ထုတ်ပေးခဲ့ပြီးပါပြီ ၊ အာဖဂန်တပ်မတော်ကို စစ်ရေးသင်ခန်းစာ လက်နတ်ခဲယမ်း တိုက်လေယာဉ်

လစာ ရိက္ခာ အကုန်ထောက်ပံ့ပေးပြီး တည်ထောင်ပေးခဲ့ပြီးပြီ ၊ တိုက်ပွဲဝင်သင်ခန်းစာတွေကိုယ်လည်း လက်တွေ့လက်တွဲခေါ်ပြီး နှစ်ပေါင်း၂၀ သင်ပေးခဲ့ပြီးပြီ ၊ အမေရိကန်တပ်တွေဆုတ်ခွာသွားပေမဲ့ လိုအပ်တဲ့လက်နတ်ခဲယမ်း ရိက္ခာ လစာ ငွေကြေးတွေကို ဆက်လက်ထောက်ပံ့ပေးမှာပါလို့ ဂျိုးဘိုင်ဒင်က ကတိပေးခဲ့တယ်..ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာပဲ အာဖဂန်တွေလက်နတ်ချပြီး တာလီဘန်တွေက အာဖဂန်တစ်နိုင်ငံလုံးကို ပြန်သိမ်းပိုက်သွားနိုင်ခဲ့တယ်..

ဒီလိုတွေဖြစ်လာရခြင်းရဲ့ အဓိကအကြောင်းတရားက ဘာကြောင့်လို့ထင်ပါသလဲ? အဖြေကရှင်းပါတယ်.. အာဖဂန်တွေကိုယ်တိုင်က စိတ်ဓာတ်မာကျောမှုမရှိပဲ အချောင်နေအချောင်စား ပြည်ပမျှော်စိတ်ဓာတ်ကြောင့် သူတို့ကို တာလီဘန်တွေက အချိန်တိုအတွင်း ပြည်လည်အုပ်ချုပ်သွားခဲ့ခြင်းပါပဲ ၊ ဘယ်လောက်အထိ အာဖဂန်တွေ စိတ်ဓာတ်ပျော့ညံ့သလဲဆိုရင် တာလီဘန်တွေကို အပီအပြင်ဝုန်းလို့ရတဲ့ (အိန္ဒိယကထောက်ပံ့ထားတဲ့)

တိုက်ခိုက်ရေးရဟတ်ယာဉ် MI 35ကိုတောင် မောင်းမဲ့သူမရှိလို့ တာလီဘန်တွေက အသာအယာဝင်သိမ်းသွားခဲ့တယ် ၊ ကျနော်တို့နိုင်ငံမှာလည်း စစ်အာဏာရှင်ကိုမကြိုက်ပေမဲ့ ပြည်ပR2Pနဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောကြီးကိုပဲမျှော်တစ်လင့်လင့်လုပ်နေကြတဲ့လူတန်းစားရှိတယ် ၊ ကမ္ဘာ့နိုင်ငံရေးခေတ်ဟောင်းခတ်သစ်အခင်းအကျင်း ဘာတစ်ခုမှနားမလည်ပဲနဲ့ ခေတ်ပျက်မှCeleဖြစ်ချင်တဲ့ကောင်တွေကလည်း လေယာဉ်တင်သင်္ဘောကြီးတွေ R2Pတွေ

အကြောင်း နေ့စဉ်မစားရဝခမန်း ရေးပြီး false hope တွေနေ့စဉ်ပေးကြတယ် ၊ အခုထိလည်းရေးနေကြဆဲ.. အမေရိကန်တပ်တွေ ထိုင်း / ဘင်္ဂလားမှာရောက်နေပြီ လို့ရေးလိုရေး ၊ ရက်ပိုင်းအတွင်းပဲ R2P ဝင်လာတော့မယောင်ယောင် ရေးလိုရေး.. အမေရိကန်လေယာဉ်တင်သင်္ဘောကြီးက ဘယ်လိုဝင်လာမှာ ဘာညာရေးလိုရေး.. အာရှနေတိုး QUADက မနက်ဖြန်သဘက်ခါပဲ ဝင်တိုက်တော့မယောင်ယောင်ရေးလိုရေး..

သူ့ဟာသူ အပါတ်တိုင်းထုတ်ပြန်နေကြ R2P alertစာရင်းကြီးကိုပြပြီး R2Pအခုပဲဝင်ချလာတော့မယောင်ယောင်ရေးလိုရေး.. စစ်ရေးအတွက်စုဖွဲ့ထားတာမဟုတ်တဲ့ EUကိုတောင် မြန်မာပြည်ကိုဝင်တိုက်ပေးတော့မယောင်ယောင်ရေးလိုရေး ၊ ဘကြီးအောင်ဆိုတဲ့ငနဲ အဆိုးဆုံး.. Celeဖြစ်ချင်တာပဲသိတော့ ကျန်တဲ့Side effectကို ဘာမှမတွေးမိတော့ဘဲ မစားရဝခမန်း False hopeတွေနေ့စဉ်ရိုက်သွင်းပြီး လူထုကို

စိတ်ဓာတ်ပျက်ပြားအောင်လုပ်နေခဲ့ကြတယ်.. ယုံတဲ့သူတွေကလည်း ဘုရားစင်ပေါ်တင်ထားမတက်ယုံကြတယ်.. ရေးနေသမျှတွေက တစ်ခုမှမဟုတ်မှန်းသိလို့ ဒီလိုFalse hopeတွေရိုက်သွင်းနေရင် ပြည်ပကိုမျှော်ရင်းမျှော်ရင်းနဲ့ အာဖဂန်လိုဖြစ်သွားလိမ့်မယ်ဆိုတာကို မြင်တဲ့သူတွေကထောက်ပြရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတို့ ၊ မနာလိုလို့ ဆိုပြီး ရေးသားသူကော သူ့fanတွေကော ဝိုင်းတံဆိပ်ကပ်ကြတယ်.. ရေးတဲ့ကောင်တွေကတော့

အရှက်မရှိ ရေးနေဦး မှာဖြစ်ပေမဲ့ အခုလောက်ဆိုရင်တော့ အမေရိကန်က M4 တွေ Apache တွေ Black Hawk တွေပေးရင်တောင် ကိုယ်တိုင်တိုက်ပွဲဝင်စိတ်မရှိရင် ကိုယ်တိုင်တိုင်ပွဲမဝင်ရင် ပြည်ပကိုပဲမျှော်တစ်လင့်လင့်လုပ်နေရင် အရာရာကျရှုံးသွားမှာဖြစ်ကြောင်း R2P fanတွေ သဘောပေါက်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.. မင်းတို့ဘယ်သူ့စီကမှမမျှော်လင့်ဘဲ ကိုယ်တိုင်တိုက်ပွဲဝင်ပါလို့ တာလီဘန်တွေက မြန်မာနွေဦးကိုပေးတဲ့သင်ခန်းစာပေါ့ ၊

Crd_Kham Nway Nyein Oo

ႀကာခ်ိန္ ၆ လေက်ာ္ရွိသြားျပီျဖစ္တဲ့ ျမန္မာေနြဦးေတာ္လွန္ေရးကို ကို တာလီဘန္ေတြေပးေသာ သင္ခန္းစာ

ေနာက္ထပ္နာရီပိုင္းအတြင္းမွာ တာလီဘန္ေတြက အာဖဂန္နစၥတန္အစိုးရ႐ုံး စိုက္ရာ ကာဘူးၿမိဳ႕ကို သိမ္းေတာ့မဲ့အေနအထားျဖစ္သြားပါၿပီ ၊အာဖဂန္တစ္ႏိုင္ငံလုံး တာလီဘန္ေတြလက္ထဲကို ျပန္လည္က်ေရာက္သြားခဲ့ၿပီပဲျဖစ္ပါတယ္ ၊ ဂ်ိဳးဘိုင္ဒင္ဘက္ကၾကည့္ရင္လည္း သူ႔ရဲဆုံးျဖတ္ခ်က္က မမွားဘူးလို႔ေျပာလို႔ရပါတယ္ ၊ သူတို႔ဟာ တာဘီဘန္ေတြကို ႏွစ္ေပါင္း ၂၀ တိုက္ထုတ္ေပးခဲ့ၿပီးပါၿပီ ၊ အာဖဂန္တပ္မေတာ္ကို စစ္ေရးသင္ခန္းစာ လက္နတ္ခဲယမ္း တိုက္ေလယာဥ္

လစာ ရိကၡာ အကုန္ေထာက္ပံ့ေပးၿပီး တည္ေထာင္ေပးခဲ့ၿပီးၿပီ ၊ တိုက္ပြဲဝင္သင္ခန္းစာေတြကိုယ္လည္း လက္ေတြ႕လက္တြဲေခၚၿပီး ႏွစ္ေပါင္း၂၀ သင္ေပးခဲ့ၿပီးၿပီ ၊ အေမရိကန္တပ္ေတြဆုတ္ခြာသြားေပမဲ့ လိုအပ္တဲ့လက္နတ္ခဲယမ္း ရိကၡာ လစာ ေငြေၾကးေတြကို ဆက္လက္ေထာက္ပံ့ေပးမွာပါလို႔ ဂ်ိဳးဘိုင္ဒင္က ကတိေပးခဲ့တယ္..ဒါေပမဲ့ အခ်ိန္တိုေလးအတြင္းမွာပဲ အာဖဂန္ေတြလက္နတ္ခ်ၿပီး တာလီဘန္ေတြက အာဖဂန္တစ္ႏိုင္ငံလုံးကို ျပန္သိမ္းပိုက္သြားႏိုင္ခဲ့တယ္..

ဒီလိုေတြျဖစ္လာရျခင္းရဲ႕ အဓိကအေၾကာင္းတရားက ဘာေၾကာင့္လို႔ထင္ပါသလဲ? အေျဖကရွင္းပါတယ္.. အာဖဂန္ေတြကိုယ္တိုင္က စိတ္ဓာတ္မာေက်ာမႈမရွိပဲ အေခ်ာင္ေနအေခ်ာင္စား ျပည္ပေမွ်ာ္စိတ္ဓာတ္ေၾကာင့္ သူတို႔ကို တာလီဘန္ေတြက အခ်ိန္တိုအတြင္း ျပည္လည္အုပ္ခ်ဳပ္သြားခဲ့ျခင္းပါပဲ ၊ ဘယ္ေလာက္အထိ အာဖဂန္ေတြ စိတ္ဓာတ္ေပ်ာ့ညံ့သလဲဆိုရင္ တာလီဘန္ေတြကို အပီအျပင္ဝုန္းလို႔ရတဲ့ (အိႏၵိယကေထာက္ပံ့ထားတဲ့)

တိုက္ခိုက္ေရးရဟတ္ယာဥ္ MI 35ကိုေတာင္ ေမာင္းမဲ့သူမရွိလို႔ တာလီဘန္ေတြက အသာအယာဝင္သိမ္းသြားခဲ့တယ္ ၊ က်ေနာ္တို႔ႏိုင္ငံမွာလည္း စစ္အာဏာရွင္ကိုမႀကိဳက္ေပမဲ့ ျပည္ပR2Pနဲ႔ အေမရိကန္ေလယာဥ္တင္သေဘၤာႀကီးကိုပဲေမွ်ာ္တစ္လင့္လင့္လုပ္ေနၾကတဲ့လူတန္းစားရွိတယ္ ၊ ကမာၻ႔ႏိုင္ငံေရးေခတ္ေဟာင္းခတ္သစ္အခင္းအက်င္း ဘာတစ္ခုမွနားမလည္ပဲနဲ႔ ေခတ္ပ်က္မွCeleျဖစ္ခ်င္တဲ့ေကာင္ေတြကလည္း ေလယာဥ္တင္သေဘၤာႀကီးေတြ R2Pေတြ

အေၾကာင္း ေန႔စဥ္မစားရဝခမန္း ေရးၿပီး false hope ေတြေန႔စဥ္ေပးၾကတယ္ ၊ အခုထိလည္းေရးေနၾကဆဲ.. အေမရိကန္တပ္ေတြ ထိုင္း / ဘဂၤလားမွာေရာက္ေနၿပီ လို႔ေရးလိုေရး ၊ ရက္ပိုင္းအတြင္းပဲ R2P ဝင္လာေတာ့မေယာင္ေယာင္ ေရးလိုေရး.. အေမရိကန္ေလယာဥ္တင္သေဘၤာႀကီးက ဘယ္လိုဝင္လာမွာ ဘာညာေရးလိုေရး.. အာရွေနတိုး QUADက မနက္ျဖန္သဘက္ခါပဲ ဝင္တိုက္ေတာ့မေယာင္ေယာင္ေရးလိုေရး..

သူ႔ဟာသူ အပါတ္တိုင္းထုတ္ျပန္ေနၾက R2P alertစာရင္းႀကီးကိုျပၿပီး R2Pအခုပဲဝင္ခ်လာေတာ့မေယာင္ေယာင္ေရးလိုေရး.. စစ္ေရးအတြက္စုဖြဲ႕ထားတာမဟုတ္တဲ့ EUကိုေတာင္ ျမန္မာျပည္ကိုဝင္တိုက္ေပးေတာ့မေယာင္ေယာင္ေရးလိုေရး ၊ ဘႀကီးေအာင္ဆိုတဲ့ငနဲ အဆိုးဆုံး.. Celeျဖစ္ခ်င္တာပဲသိေတာ့ က်န္တဲ့Side effectကို ဘာမွမေတြးမိေတာ့ဘဲ မစားရဝခမန္း False hopeေတြေန႔စဥ္႐ိုက္သြင္းၿပီး လူထုကို

စိတ္ဓာတ္ပ်က္ျပားေအာင္လုပ္ေနခဲ့ၾကတယ္.. ယုံတဲ့သူေတြကလည္း ဘုရားစင္ေပၚတင္ထားမတက္ယုံၾကတယ္.. ေရးေနသမွ်ေတြက တစ္ခုမွမဟုတ္မွန္းသိလို႔ ဒီလိုFalse hopeေတြ႐ိုက္သြင္းေနရင္ ျပည္ပကိုေမွ်ာ္ရင္းေမွ်ာ္ရင္းနဲ႔ အာဖဂန္လိုျဖစ္သြားလိမ့္မယ္ဆိုတာကို ျမင္တဲ့သူေတြကေထာက္ျပရင္ ပုဂၢိဳလ္ေရးတိုက္ခိုက္တာတို႔ ၊ မနာလိုလို႔ ဆိုၿပီး ေရးသားသူေကာ သူ႔fanေတြေကာ ဝိုင္းတံဆိပ္ကပ္ၾကတယ္.. ေရးတဲ့ေကာင္ေတြကေတာ့

အရွက္မရွိ ေရးေနဦး မွာျဖစ္ေပမဲ့ အခုေလာက္ဆိုရင္ေတာ့ အေမရိကန္က M4 ေတြ Apache ေတြ Black Hawk ေတြေပးရင္ေတာင္ ကိုယ္တိုင္တိုက္ပြဲဝင္စိတ္မရွိရင္ ကိုယ္တိုင္တိုင္ပြဲမဝင္ရင္ ျပည္ပကိုပဲေမွ်ာ္တစ္လင့္လင့္လုပ္ေနရင္ အရာရာက်ရႈံးသြားမွာျဖစ္ေၾကာင္း R2P fanေတြ သေဘာေပါက္သြားလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္.. မင္းတို႔ဘယ္သူ႔စီကမွမေမွ်ာ္လင့္ဘဲ ကိုယ္တိုင္တိုက္ပြဲဝင္ပါလို႔ တာလီဘန္ေတြက ျမန္မာေႏြဦးကိုေပးတဲ့သင္ခန္းစာေပါ့ ၊

Crd_Kham Nway Nyein Oo