ၾကားသိရသမွ်
RichardMyoThant
Unicode
တရုတ်ပြည်မှာလူတစ်ယောက်ဟာ သူ့သမီး (၃) ယောက်ကို DNA စစ်ကြည့်တဲ့အခါမှာ (၃) ယောက်စလုံးဟာ သူ့သွေးသားမဟုတ်ကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် မိန်းမနဲ့ကွာရှင်းဖို့ပြင်ဆင်နေပါတယ်။
ကျန်းစီးပြည်နယ်ရှိ အသက် (၄၅) နှစ်ရှိ မစ္စတာချန်ဟာ သူ့မိန်းမအပေါ်မသင်္ကာဖြစ်လာတဲ့အတွက် အခုလို paternity test စစ်ဆေးခဲ့တာလို့ဆိုပါတယ်။
တရုတ်ကျန်းစီးရေဒီယိုနဲ့တီဗီသတင်းဌာနရဲ့အဆိုအရ မစ္စတာချန်ဟာအလုပ်အလွန်ကြိုးစားသူဖြစ်တယ်လို့ဆိုပါတယ်။
အလုပ်ကြိုးစားပေမဲ့ သူ့မိန်းမကိုဂရုစိုက်မပျက်ဘူးလို့လည်းဆိုပါတယ်။ ရောက်တဲ့နေရာကနေ video call ခေါ်ပြီးစကားပြောလေ့ရှိတယ်လို့ဆိုပါတယ်။
အဲ့ဒီလောက် ဗီဒီယိုနဲ့စကားမပြတ်ပြောနေတဲ့ကြားထဲက ဘယ်ကနေဘယ်လို ကြားကားဆွဲသွားမှန်းမသိလိုက်ဘူးတဲ့။ နောက်ပိုင်းသူ့မိန်းမကသူဖုန်းခေါ်ရင်မကိုင်ရာက မသင်္ကာဖြစ်ပြီး GPS နဲ့နောက်ယောင်ခံလိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီမှာသူ့မိန်းမဟာလူတစ်ယောက်နဲ့ဟော်တယ်ကိုအတူဝင်တာ နောက်ရက်မှာအဲ့လူနဲ့အတူဟော်တယ်ကပြန်ထွက်တာကိုတွေ့ရပါသတဲ့။ ဒါနဲ့ DNA test လုပ်ကြည့်တဲ့အခါမှာ သူ့သမီး (၃) ယောက်စလုံးဟာ သူနဲ့ရတာမဟုတ်မှန်းသိခဲ့ရပါသတဲ့။
သူ့မိန်းမရဲ့အပြောအရကတော့ တကယ့်သွေးသားရင်းဖြစ်ဖို့အရေးကြီးလို့လားတဲ့။ ငါကသူ့အတွက်ကလေးရအောင်လုပ်ပေးတာကို ကျေးဇူးတောင်တင်ရအုံးမှာတဲ့။
သူများတွေများ ကလေးမရလို့ တကူးတကမွေးစားယူရတာလေတဲ့။ ဒင်းက အခုမှသူ့သွေးသားမဟုတ်ဘူးဘာညာနဲ့။ ကလေးတွေကိုရက်ရက်စက်စက်။ အခုလိုသွားစစ်ပြီး သွေးသားအရင်းမဟုတ်မှန်းသိရတော့ ကလေးတွေစိတ်ကောင်းပါ့မလားတဲ့။
ဒီလူကလူစိတ်မရှိတဲ့လူတဲ့။ အေးလေ အေးလေ 🥴🥴🥴
RichardMyoThant