ၾကားသိရသမွ်

လက်ထပ်ချင်တဲ့သူများ တန်းစီနေသော်လည်း ငြင်းဆန်နေခဲ့ရသော ကလေးတစ်ဦးမေမေ

ဗီယက်နမ်နိုင်ငံမှ အသက် ၂၅နှစ်အရွယ် မိန်းကလေးသည် အိမ်ထောင်သည်တစ်ဦးဖြစ်ကာ သမီးလေးတစ်ယောက်မွေးဖွားပြီးနောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ကြရာကနေ ကွာရှင်းပြတ်စဲခဲ့ကြသည်။

မိန်းကလေးအဖို့ ငယ်ငယ်ရွယ်ရွယ်နှင့် ကြင်ဖော်မဲ့ကလေးအမေတစ်ယောက်အဖြစ်ရပ်တည်ဖို့က ခက်ခဲလွန်းခဲ့သော်လည်း ဘယ်လိုမှသည်းမခံနိုင်တော့၍ ခင်ပွန်းဖြစ်သူနှင့် ပြတ်ပြတ်သားသားကွာရှင်းကာ မိဘအရိပ်အောက်သို့ပြန်ခိုလှုံခဲ့သည်။

ထို့နောက်မိန်းကလေးသည် သူမဧ။်ဘဝတစ်လျှောက်လုံးကို သမီးလေးသာပထမဦးစားပေးအဖြစ်ထားရှိကာ အလုပ်တွေကြိုးစားလုပ်ခဲ့ပြီးနောက် အလှအပရေးရာနှင့်ပက်သက်ပြီး အရောင်းကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

ထို့အပြင်မိန်းကလေးသည် ကလေးအမေသာဖြစ်နေသော်လည်း နုပျိုလှပနေဆဲဖြစ်ပြီး သမီးလေးမှာလည်း နတ်သမီးလေးတစ်ပါးလို ချစ်စရာကောင်းနေတာကြောင့် လက်ထပ်ပြီးတာဝန်ယူချင်နေသည့် ယောကျာ်းလေးများမှာတန်းစီနေခဲ့သည်။

သို့သော်လည်း မိန်းကလေးသည် သူမဧ။်ရှေ့ရေးအနာဂတ်ကို သမီးလေးနှင့်သာဖြတ်သန်းလိုပြီး ကျန်တာမလိုအပ်ကြောင်းဆိုခဲ့ပြီး ချစ်ရေးလာဆိုသူများကိုငြင်းလွှတ်ခဲ့သည်။

Hlaing (Love Feeling)

Zawgyi

ဗီယက္နမ္ႏိုင္ငံမွ အသက္ ၂၅ႏွစ္အ႐ြယ္ မိန္းကေလးသည္ အိမ္ေထာင္သည္တစ္ဦးျဖစ္ကာ သမီးေလးတစ္ေယာက္ေမြးဖြားၿပီးေနာက္ပိုင္းတြင္ ခင္ပြန္းျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ခဲ့ၾကရာကေန ကြာရွင္းျပတ္စဲခဲ့ၾကသည္။

မိန္းကေလးအဖို႔ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ၾကင္ေဖာ္မဲ့ကေလးအေမတစ္ေယာက္အျဖစ္ရပ္တည္ဖို႔က ခက္ခဲလြန္းခဲ့ေသာ္လည္း ဘယ္လိုမွသည္းမခံႏိုင္ေတာ့၍ ခင္ပြန္းျဖစ္သူႏွင့္ ျပတ္ျပတ္သားသားကြာရွင္းကာ မိဘအရိပ္ေအာက္သို႔ျပန္ခိုလႈံခဲ့သည္။

ထို႔ေနာက္မိန္းကေလးသည္ သူမဧ။္ဘဝတစ္ေလွ်ာက္လုံးကို သမီးေလးသာပထမဦးစားေပးအျဖစ္ထားရွိကာ အလုပ္ေတြႀကိဳးစားလုပ္ခဲ့ၿပီးေနာက္ အလွအပေရးရာႏွင့္ပက္သက္ၿပီး အေရာင္းကိုယ္စားလွယ္ျဖစ္လာခဲ့သည္။

ထို႔အျပင္မိန္းကေလးသည္ ကေလးအေမသာျဖစ္ေနေသာ္လည္း ႏုပ်ိဳလွပေနဆဲျဖစ္ၿပီး သမီးေလးမွာလည္း နတ္သမီးေလးတစ္ပါးလို ခ်စ္စရာေကာင္းေနတာေၾကာင့္ လက္ထပ္ၿပီးတာဝန္ယူခ်င္ေနသည့္ ေယာက်ာ္းေလးမ်ားမွာတန္းစီေနခဲ့သည္။

သို႔ေသာ္လည္း မိန္းကေလးသည္ သူမဧ။္ေရွ႕ေရးအနာဂတ္ကို သမီးေလးႏွင့္သာျဖတ္သန္းလိုၿပီး က်န္တာမလိုအပ္ေၾကာင္းဆိုခဲ့ၿပီး ခ်စ္ေရးလာဆိုသူမ်ားကိုျငင္းလႊတ္ခဲ့သည္။

Hlaing (Love Feeling)