




Rain (For Ialinks)
Unicode
မသန်စွမ်းဖြစ်နေသည့် အမွှာညီအစ်မနှစ်ယောက်လုံးကို ချစ်ကြိုက်ပြီး လက်ထပ်ယူခဲ့သော အမျိုးသား
လောကကြီးသည် သဘာဝဖြစ်ရပ်ဆန်းများနှင့် ပြည့်နှက်နေကာ တစ်ခါတစ်လေ အံ့အားသင့်စရာကောင်းလွန်းသောအရာများနှင့် ကြုံတွေ့ရတတ်သည်။

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် နေထိုင်သော အသက် ၃၀ကျော်အရွယ် အမွှာညီအစ်မနှစ်ဦးသည် ထူးခြားစွာဖြင့် နှစ်ယောက်မှာ ခန္ဓာကိုယ်ချင်း ပူးကပ်စွာဖြစ်နေပြီး သွားလာလှုပ်ရှားသည့်အခါ အတူတကွလုပ်ဆောင်ခဲ့ရသည်။

ညီအစ်မနှစ်ဦးသည် အတိတ်ဘဝကံတရားအရ ဖြစ်လာခဲ့သော်လည်း ပတ်ဝန်းကျင်မှ စာနာထောက်ထားခြင်းမရှိပဲ ပင့်ကူလူသားဆိုပြီးတော့ လှောင်ပြောင်တတ်ကြသည်။

သို့သော်လည်း ညီအစ်နှစ်ဦးရဲ့ဖခင်ဖြစ်သူမှာ သူ့ရဲ့သမီးလေးတွေအား ကဲ့ရဲ့လှောင်ပြောင်နေကြတာကို မခံချင်၍ ဂရုမစိုက်သည့်ဟန် ရဲရဲဝံ့ဝံ့နေနိုင်ရန်အတွက် ဆပ်ကပ်ပြပွဲတွေမှာ ပါဝင်ဖျော်ဖြေစေခဲ့သည်။

ထိုပြပွဲမှာပဲ ညီအစ်မနှစ်ဦးသည် သက်တူရွယ်တူ အမျိုးသားတစ်ဦးနှင့်တွေ့ဆုံခဲ့ရာ ချစ်ကြိုက်ခဲ့ပြီး နှစ်ဖက်မိဘသဘောတူညီမှုနှင့်အတူ လက်ထပ်လိုက်ခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင် ဘဝကိုဖြတ်သန်းခဲ့ကြသည်။




Rain (For Ialinks)



