လူရွယ်တစ်ဦး ဆေးဆိုင်တစ်ဆိုင်ထဲကို ဝင်လာတယ် ဆိုင်ရှင် ဦးလေးကြီးက မေးတယ်
“ဘာလို ချင်လို့လဲ ငါတူ ”
အဲ့…”ကွိုင်
“ဘယ်နှစ်ခုလဲကွ ”
“အင်း …အဲ့ ဘယ်နှစ်ခု ဝယ်ရပါ့ ”
ဟာ….ကိုယ်ဟာကိုတောင် ဘယ်နှစ်ခု လိုအပ်မှန်း မသိဘူးလား
အော်…”
ဦးကလည်း ကောင်မလေးနဲ့က ဒီနေ့ညမှအပြင်မှာ နှစ်ယောက်တည်း တွေ့မှာဗျ
အော် …”
ပြီးတော့ ကျနော့်ြကောင်မလေးက အရမ်းလှတယ်သိလား ဖင်လေးကလည်း ကောက်လို့ဗျ ဒီတော့ လိုရမယ်ရ တစ်ဒါဇင်ပေးဗျာ”
ဒါနဲ့ ကောင်လေးလည်း ကွန်ဒုံးဘူးကို ဘောင်းဘီ အိပ်ထဲ ထည်ပီးလှည့်ထွက်လာခဲ့တယ်
ညနေခင်းလည်းကျတော့ ကောင်မလေးအိမ်ဘက်ကို အလည်လာခဲ့တယ်လေ ( စိတ်ထဲမှာ ကြည်နူးလို့ )
ကောင်မလေးမိဘတွေက သူ့ကိုတွေ့ချင်တယ်ဆိုလို့ လာတွေ့ရတာလေ
မိဘတွေနဲ့ ညစာစားရင်း စကားစမြည်းပြော ပြီးရင်အပြင်ခေါ်ထုတ် အခြေအနေကောင်းရင်
ဟိ ဟိ ..ဂလု ဂလု..အိုကေပေါ့ ..
အကြံဆိုးကြီးနဲ့လေ ကောင်မလေး အိမ်ရောက်တော့ ညစာစားပွဲက အဆင်သင့် ( ready ) ဖြစ်နေတယ်
ဒါပေ့မယ် ကောင်မလေး အဖေက အလုပ်က ပြန်မလာသေးလို့ ခဏစောင့်နေရသေးတယ်
ခဏနေတော့ ကောင်မလေး အဖေပြန်ရောက်လာတယ်…
ဒါနဲ့ ထမင်းဝိုင်းမှာ ဝိုင်းကြရော့ …..။
ဘာသာရေး ထုံးစံအရ .ညစာမစားခင် ဆုတောင်းကြတယ်လေ
ခက်တာက…ခေါင်းကြီးငုံ့ပြီး ဆုတောင်းနေတဲ့ ကောင်လေးရဲ့ခေါင်းကတော်တော်နဲ့ ပြန်မော့မလာဘူး အကြာကြီး ဆုတောင်းနေပုံရတယ်
ဒါနဲ့ ကောင်မလေးက အနားကပ်ပြီး တိုးတိုးလေး ပြောတယ်..
“မောင်…ဒီလောက်ထိ ဘာသာတရား ကိုင်းရိူင်းမှန်း ကျမ အစက မသိဘူး”
အဲ့တော့ ခေါင်းငုံရင်း ကောင်လေးက ပြန်ပြောတယ်
“လမ်းထိပ်က ဆေးဆိုင်ပိုင်ရှင်က ချစ်လေး အဖေမှန်း မောင်လည်း အစက မသိဘူး”….တဲ့။
အတ္တဦးလေး
crd