ၾကားသိရသမွ်

မန္တလေး ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီ တပ်သား သေဆုံး

မန္တလေး ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီ တပ်သား သေဆုံး

မန္တလေးမြို့ ၂၆ လမ်း ၊ ၇၈ လမ်း ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီ တပ်သား ရေနစ်သေဆုံးမှု ဇွန်လ ၃၀ ရက် ညနေ ၄ နာရီလောက်က ဖြစ်ပွါးခဲ့ပါတယ်။

ရေနစ်သူဟာ အမှတ် (၂) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းမှာ တာဝန်ကျနေတဲ့ တပ်သား နိုင်လင်းကျော်ဖြစ်ပြီး နေ့လယ် ၃ နာရီခွဲ လောက်က ကျုံးဘေးမှာ အစောင့်ကျနေတဲ့ စစ်ကောင်စီ တပ်သားတွေဆီ အလည်လာရင်း ကျုံးရေပြင်ထဲ ရေဆင်းချိုးတာ ဖြစ်တယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေရာ ညနေ ၆ နာရီကျော်လောက်မှာ သေဆုံးလျှက် ပြန်လည် ရှာတွေ့ခဲ့ပါတယ်။

dvbtvnews Mandalay

WhatIsHappeningInMyanmar

မႏၲေလး က်ဳံးေရျပင္ထဲ ေရဆင္းခ်ိဳးတဲ့ စစ္ေကာင္စီ တပ္သား ေသဆုံး

မႏၲေလးၿမိဳ႕ ၂၆ လမ္း ၊ ၇၈ လမ္း က်ဳံးေရျပင္ထဲ ေရဆင္းခ်ိဳးတဲ့ စစ္ေကာင္စီ တပ္သား ေရနစ္ေသဆုံးမႈ ဇြန္လ ၃၀ ရက္ ညေန ၄ နာရီေလာက္က ျဖစ္ပြါးခဲ့ပါတယ္။

ေရနစ္သူဟာ အမွတ္ (၂) တိုက္ပြဲဝင္ စည္း႐ုံးေရးသင္တန္းေက်ာင္းမွာ တာဝန္က်ေနတဲ့ တပ္သား ႏိုင္လင္းေက်ာ္ျဖစ္ၿပီး ေန႔လယ္ ၃ နာရီခြဲ ေလာက္က က်ဳံးေဘးမွာ အေစာင့္က်ေနတဲ့ စစ္ေကာင္စီ တပ္သားေတြဆီ အလည္လာရင္း က်ဳံးေရျပင္ထဲ ေရဆင္းခ်ိဳးတာ ျဖစ္တယ္လို႔ မႈခင္းမွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အဲ့ဒီေနာက္ ကယ္ဆယ္ေရးအဖြဲ႕ေတြ ရွာေဖြရာ ညေန ၆ နာရီေက်ာ္ေလာက္မွာ ေသဆုံးလွ်က္ ျပန္လည္ ရွာေတြ႕ခဲ့ပါတယ္။

dvbtvnews Mandalay

WhatIsHappeningInMyanmar