ချစ်ပရိသတ်ကြီးရေ လူတိုင်းမှာတော့ မိဘကိုယ်စီ ရှိကြမှာပါနော်။မိဘနှစ်ပါးထဲမှာမှ သားသမီးအများစုက မိခင်ဖြစ်သူနဲ့ပဲ ပိုရင်းနှီးကြတာကို တွေ့မြင်ရပါတယ်။ဖခင်တွေကတော့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရတာမလို့သားသမီးတွေအတွက် အချိန်မပေးနိုင်တာကြောင့် သိပ်မရင်းနှီးကြတာပါ။တကယ်တော့ ဖခင်တွေကလည်း သားသမီးတွေကို ချစ်ကြပါတယ်။ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ သားအတွက် အမြဲစဉ်းစားပေးတဲ့ မိခင်နဲ့ မိခင်မသိအောင် နောက်ကွယ်ကအမြဲဂရုတစိုက်ရှိတဲ့သား သူတို့သားအမိ နှစ်ယောက်အကြောင်းလေးပဲ ဖြစ်ပါတယ်။

တစ်နေ့တော့ သန်းကြွယ်သဌေးကြီးက သူ့အမေကိုသွားတုစိုက်ပေးဖို့အတွက် အကောင်းဆုံးသွားဆရာဝန်စီကိုခေါ်သွားပါတယ်။ဆရာဝန်က အမေကြီးကိုသေချာစစ်ဆေးပေးပြီး အကောင်းဆုံးသွားတုကိုထုတ်ပြပါတယ်။ အမေကြီးက ဈေးမေးလိုက်တယ်ပြီးတော့ ခေါင်းခါပြပြီး ဈေးအပေါဆုံးကိုပြခိုင်းပါတယ်။
ဆရာဝန်က သူ့သားကဘောစိအကြီးစားပဲ အကောင်းဆုံးကိုသာသုံးဖို့အတွက်သူ့သားဘောစိကိုမျက်ရိပ်မျက်ကဲပြလိုက်တယ် ဒကောင့်သားက မမြင်ချင်ဟန်ဆောင်နေတယ်။ဆရာဝန်လည်းမနေနိုင်တော့ လှမ်းခေါ်လိုက်တယ်။ဆရာသမားက မကြားချင်ယောင်ဆောင်ပြီး ဖုန်းပွတ်ပြီးဟိုဖက်တောင်လှည့်သွားလိုက်သေးတယ်။ဆရာဝန်စိတ်ထဲမှာတော့ ဒီကောင် ဘယ်လိုကောင်လည်းကွဒီလောက်ချမ်းသာနေတာကိုတောင် သူ့အမေအတွက် သွားတုကို အပေါစားပဲသုံးစေချင်တာတော်တော်မိဘကျေးဇူးမသိတဲ့ကောင်ပဲလို့ ကြိမ်ဆဲနေမိတယ်။အမေကြီးကလည်း အပေါဆုံးမှာအပေါဆုံးပဲယူမယ်ဆိုတော့ နောက်ဆုံးလက်လျော့လိုက်ရတယ်။
အမေကြီးက သူ့အိတ်ကပ်ထဲကနေ လက်ကိုင်ပုဝါအထုတ်ကလေးကိုထုတ်ပြီးတုံတုံရီရီနဲ့ဖြည်ပြီးတော့ အထဲကပိုက်ဆံအနွမ်းလေးတွေကို စရံငွေအနေဲ့ပေးချေလိုက်တယ်။ပြီးတော့ သားအမိနှစ်ယောက် ကားအကောင်းစားကြီးကိုမောင်းပြီးထွက်သွားပါသည်။ဆရာဝန်ကတော့စိတ်မကောင်းစွာနဲ့ပဲ ငေးကြည့်ရင်းကျန်ခဲ့တာပေါ့။နောက် နာရီဝက်လောက်ကြာတော့ ခုနဘောစိပြန်ရောက်လာပါတယ်။ခုဏက သူ့အမေအတွက်စိုက်ဖို့သွားတုကို အကောင်းဆုံးသွားတုသုံးပေးဖို့နဲ့အကောင်ဆုံးဆေး အကောင်းဆုံးဆရာဝန်တွေကိုပဲသုံးပေးဖို့ ပိုက်ဆံကုန်ချင်ကုန်ပါစေ။သူ့အမေကိုပေးမသိဖို့မှာပြီးပြန်သွားပါတယ်။အဲဒီကြတော့မှဆရာဝန်ကသဘောပေါက်သွားတယ်။ သူ့အမေက သူ့သားအတွက်ခုထိစဉ်းစားပေးတုန်း။သားပိုက်ဆံကုန်မှာကိုစိုးရိမ်နေတုန်း။အမေဆိုတာ ဒီတိုင်းပါပဲ တစ်သက်လုံးချွေတာခဲ့တယ်။ သူတို့သားသမီးတွေအတွက်ပေါ့။ကျွန်တော်တို့ငယ်ငယ်တုန်းက မိဘတွေက ပိုက်ဆံပေးရင်ပျော်တယ်။ကြီးလာတော့ မိဘကိုပိုက်ဆံပြန်ကန်တော့ရင် သူတို့မျက်ရည်ဝဲတယ်။ဖတ်ရှု့အားပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းဒီအကြောင်းရာလေးတွေဖတ်ပြီး စိတ်ထဲ ရသ တစ်ခုခုကျန်နေလိမ့်မယ်လို့ ထင်ပါတယ်နော်။ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာအေးချမ်းတဲ့ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဖတ်ဖူးတဲ့စာတပုဒ်ကို အခြေခံပြီး ဘာသာပြန်ချဲ့ထွင်ထားခြင်းသားဖြစ်သည်



