မြန်မာပလာဇာက ပြန်လည်တောင်းပန်သော်လည်း အွန်လိုင်းအသုံးပြုသူအများအပြားက
ကျေနပ်ခြင်းမရှိဘဲ ပြစ်တင်ရှုတ်ချ
စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသည့်လူငယ်များအား ရန်ကုန်မြို့ရှိ Myanmar Plaza
လုံခြုံရေး ဝန်ထမ်းများက အကြမ်းဖက် ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်နှင့်ပတ်သက်ပြီး
မြန်မာပလာဇာအုပ်ချုပ်ရေးရုံးအဖွဲ့မှ ယမန်နေ့ညတွင် Facebook Page မှတဆင့်
စာထုတ်ပြန်၍ တောင်းပန်သော်လည်း Facebook လူမှုကွန်ရက်အသုံးပြုသူ
မြန်မာနိုင်ငံသားအများအပြားက ကျေနပ်ခြင်းမရှိဘဲ ယင်းလုပ်ရပ်အပေါ် ဝေဖန်ရှုတ်ချခဲ့ကြောင်း သိရသည်။
မြန်မာပလာဇာက အဆိုပါဖြစ်စဥ်နှင့် ပတ်သတ်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှငိ့
ယင်းဖြစ်ရပ်အတွက် တောင်းပန်ပါကြောင်း သတင်းထုတ်ပြန်ထားသော်လည်း
အွန်လိုင်းအသုံးပြုသူ ရန်ကုန်မြို့ခံအများအပြားက ဝေဖန်ရှုတ်ချကျေနပ်ခြင်းမရှိဘဲပြီ
း Myanmar Plaza တွင် စျေးမဝယ်တော့ဘဲ သပိတ်မှောက်ခြင်း (Boycott)
ပြုလုပ်သွားမည်ဟု မြန်မာပလာဇာ၏ Facebook Page စာမျက်နှာတွင်
တင်ထားသော ထုတ်ပြန်ချက်အောက်ရှိ Comment Box တွင် ဝေဖန်ရေးသားထားကြသည်။
“ညွှန်ကြားထားလို့သာ လုံခြုံရေးက လုပ်တာပါ။Team တစ်ခုလုံးကလုပ်ပြီး အခုမှ
ဒီစာထုတ်တာဟာ အရှက်မဲ့တယ်”ဟု Facebook အသုံးပြုသူတစ်ဦးက ဝေဖန်ရေးသားထားသည်။
ယမန်နေ့က ဖြစ်စဥ်နှင့်ပတ်သတ်ပြီး ၎င်းတို့ အနေဖြင့် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို
အပြည့်အဝလက်ခံထားပြီး ထိုသို့ပြုမူဆောင်ရွက်ခြင်းများအပေါ်တားဆီးပိတ်ပင်သော
မူဝါဒများအလျဥ်းမရှိပါကြောင်း ၎င်းတို့၏လုံခြုံရေးဝန်ထမ်းများသည်
အေးချမ်းစွာပြုမူပြောဆိုဆောင်ရွက်ရမည့်အစား မသင့်တော်လွဲမှားစွာ
ပြုမူဆောင်ရွက်ခဲ့သည်ကိုသိရှိရသည့်အတွက် အထူးပင်စိတ်မကောင်းဖြစ်ရကြောင်း
ထုတ်ပြန်ကြေငြာထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သတ်ပြီး အခြားသော Facebook လူမှုကွနရက်အသုံးပြုသူတစ်ဦးကလည်း
“စိတ်မကောင်းဖြစ်ရုံ တောင်းပန်ရုံနဲ့ မရဘူး။ ကိုယ်ထိလက်ရောက် ကျူးလွန်ထားတဲ့ လုံခြုံရေးဝန်ထမ်းကို
အရေးယူပေးမှာလဲ”ဟု မေးခွန်းထုတ်ကာ ဝေဖန်ရေးသားထားသည်။
ယမန်နေ့ညနေက မြန်မာပလာဇာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်နှင့်ပတ်သတ်ပြီး
ရန်ကုန်မြို့ရှိ အငှားယာဥ်မောင်း (တက္ကဆီသမားများ) အများအပြကားလည်း
ခရီးသည်များကို မြန်မာပလာဇာသို့ ပို့ဆောင်ခြင်းမပြုဘဲ သပိတ်မှောက်သွားမည်ဟု ပြောဆိုကြသည်။



