မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော်ပြောသွားတာလေးသဘောကျလို့ပါ
NLD ဟာကုလားကို အားပေးထောက်ခံတဲ့ပါတီ၊ ဒေါ်စုကိုထောက်ခံရင် ကုလားနိုင်ငံဖြစ်မယ် ဆိုတာတွေအပေါ် အရှင်ဘုရားဘယ်လို မြင်ပါသလဲဘုရား တဲ့။
အင်း မေးတော့လည်းဖြေရတော့မှာပဲ။ဒါပေမယ့်ကြို ပြီးတော့ ပြောထားမယ်နော်။သေသေချာချာစိစစ်ပြီးမှ လက်ခံ မခံ ဆုံးဖြတ်ပါ။
ဒေါသတော့မပါနဲ့ ဒကာကြီး။
ခေါင်းဆောင်နှစ်မျိုးရှိတယ် ဒကာကြီးရဲ့။
ကိုယ်ဘယ်လောက်ပဲဆင်းရဲဆင်းရဲကိုယ်ရဲ့လက်အောက်ငယ်သားနဲ့ တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခ ကင်းပါစေ၊ ကင်းရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိတဲ့ခေါင်းဆောင်။
မိမိနဲ့လက်တစ်ဆုပ်စာ လူတစ်စုရဲ့အကျိုးကိုပဲပဓာနထားပြီးတော့လက်အောက်ငယ်သားနဲ့တိုင်းသူပြည်သားတွေရဲ့အကျိုးကိုအဓိကမထားတဲ့ ခေါင်းဆောင်ပေါ့။
တိုင်းပြည်တစ်ပြည်ရဲ့ ခေါင်းဆောင်ကောင်းဆိုတာ ဘာသာရေးခေါင်းဆောင်ကောင်းနဲ့မတူဘူးဒကာကြီးရဲ့။
ဘာသာရေးခေါင်းဆောင်ဆိုတာကိုယ့်ဘာသာကိုပဲဦးဆောင်ရတာ နယ်ပယ်ကျဉ်းတယ်။
နိုင်ငံ့ခေါင်းဆောင်ဆိုတာတရားဝင်နေထိုင်ကြတဲ့ဘာသာမတူ လူမျိုးမတူတဲ့ နိုင်ငံသားအားလုံးကို မိဘသဖွယ် ဦးဆောင်ရတာ နယ်ပယ်ကျယ်တယ်။ အမြင်လည်းကျယ်ရတယ်။
ဘာသာရေးခေါင်းဆောင်အမြင်လောက်နဲ့နိုင်ငံ့ခေါင်းဆောင် လုပ်လို့မရဘူး။
အစ္စလာမ်မစ် နိုင်ငံတွေမှာကြည့်လေ။ ဘာသာရေးအမြင်နဲ့ ခေါင်းဆောင်တွေ နိုင်ငံ့ခေါင်းဆောင်ဖြစ်ကုန်တော့ ကျန်တဲဘာသာဝင်တွေ ဒုက္ခရောက်ကုန်တော့တာပဲ။
ဒီနေရာမှာ ဗုဒ္ဓကို ကိုယ့်ဘာသာဝင်တွေရဲ့အကျိုးစီးပွားကိုရှေးရှု့တဲ့ဘာသာရေးခေါင်းဆောင်အနေနဲ့ မမြင်မိစေနဲ့။
အဲဒါကကျဉ်းတယ်…ဗုဒ္ဓဟာ ဘာသာဝင်ဝင် မဝင်ဝင် သတ္တဝါ
အားလုံးရဲ့ခေါင်းဆောင်နော်။
နိုင်ငံ့ခေါင်းဆောင်ကောင်းဆိုတာ နိုင်ငံ့သားအားလုံးအပေါ်မှာ တန်းတူဆက်ဆံရတယ်။ဘာသာမတူ လူမျိုးမတူလို့ဆိုပြီး အဂတိလိုက်စားမခွဲခြားရဘူး။
ကောင်းသူကို ကောင်းသလိုချီးမြှောက်ရမယ်။မကောင်းသူကို မကောင်းသလို ဥပဒေနဲ့ အညီ အပြစ်ပေးရတယ်။
ဒီမိုကရေစီဝါဒမှာတကယ့်နိုင်ငံ့ခေါင်းဆောင်ဆိုတာလူမဟုတ်ပါဘူးဒကာကြီးပြည်သူ့ဆန္ဒနဲ့အညီရေးဆွဲထားတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ။*
ဒီမိုကရေစီမှာ သမ္မတလည်းသူလုပ်ချင်တာလုပ်လို့မရသလို တိုင်းသူပြည်သားတွေကလည်းသူတို့လုပ်ချင်တိုင်းလုပ်လို့မရပါဘူး။
အပြန်အလှန်ထိန်းကျောင်းတဲ့စနစ်ပါ။
တိုင်းပြည်မှာတရားဝင်နေထိုင်တဲ့ပြည်သူအများစုရဲ့ဆန္ဒနဲ့ ရေးဆွဲတဲ့ ဥပဒေနဲ့အညီအုပ်ချုပ်ရပါတယ်။
ခုချိန်မှာပြည်သူ့ကိုယ်စားလှယ်တွေရေးဆွဲထားတဲ့အခြေခံ ဥပဒေ အမြန်ပေါ်ပေါက်ဖို့ပဲ အရေးကြီးတယ်။
ဘာကြောင့်လည်းဆိုတော့ ခုချိန်မှာဗုဒ္ဓဘာသာလူဦးရေကများနေတာပဲ မွတ်နိုင်ငံ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်လေ။
ဒါပေမဲ့ အာဏာရှင်စနစ်က ပြည်သူကို ဗဟိုပြုတာမဟုတ်ဘူး။
ပြည်သူကြိုက်ကြိုက်မကြိုက်ကြိုက်သူတို့နဲ့အဆင်ပြေရင် ကုလားဖြစ်ဖြစ်၊တရုပ်ဖြစ်ဖြစ် ခရိုနီ ဖြစ်ဖြစ် အခွင့်အရေးပိုပေးမှာပဲ။ ဘာမှမတတ်နိုင်ဘူး။
အာဏာရှင်ကတိုင်းပြည်အနာဂတ်ကို စိတ်မဝင်စားဘူး။သူတို့အနာဂတ်ကိုပဲစိတ်ဝင်စားတယ်။
အာဏာရှင်စနစ်က ကုလားနိုင်ငံ တရုတ်နိုင်ငံဖြစ်ဖို့လွယ်တယ်။ ငွေပေးရင်ဘာမဆိုဖြစ်နေတာဆိုတော့ သူတို့ကငွေပေါတယ်လေ။
ဒီမိုကရေစီမှာ မရဘူး။ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီရင်ပြုတ်မှာပဲ။ငွေရှိသူတွေလုပ်ချင်တိုင်းလုပ်မရဘူး။
” အစွန်းရောက် အစ္စလာမ်မစ်တွေက သူတို့ လုပ်ချင်တိုင်းလုပ်မရလို့ ဒီမိုကရေစီဆို သိပ်မုန်းတယ်။ ”
ဒါကိုသဘောပေါက်ဖို့လိုတယ်။ကုလားနိုင်ငံဖြစ်တာမဖြစ်တာက ဒေါ်စုနဲ့လည်းမဆိုင်ဘူး။NLD နဲ့လည်းမဆိုင်ဘူး။” ဥပဒေ စိုးမိုးမှုနဲ့ပဲ ဆိုင်တယ်။ ”
နောက်တစ်ခု ဒေါ်စုဟာ တရားဝင်နိုင်ငံသားခရစ်ယာန် အစ္စလာမ်တွေကို အကာအကွယ်ပေးချင်ပေးမယ်။
ဒါကလည်းကျောသားရင်သားမခွဲခြားတတ်တဲ့ မိဘနဲ့တူတဲ့ နိုင်ငံ့ခေါင်းဆောင်ရဲ့စိတ်ဓာတ်။
အကြမ်းဖက်နေတဲ့ ဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းကိုမှ မွေးမြူထားတာမရှိဘူးထောက်ခံထားတာမရှိဘူး။
ဥပဒေဆိုတာ နောင်ဖြစ်လာမဲ့ပြဿနာတွေအတွက် ကြိုတင်အရေးယူလို့မရဘူးလေ။
မကောင်းဘူးဆိုတာသိပေမဲ့ ခုလောလောဆယ်အပြစ်မရှိရင် နှိပ်ကွပ်လို့မရဘူး။
အရာရာကိုဥပဒေနဲ့အညီဆောင်ရွက်နိုင်မဲ့တိုင်းပြည်ကိုချစ်တဲ့ပါတီက ဘယ်ပါတီလည်းဆိုတာကိုပညာနဲ့ ရွေးချယ်ပါဒကာကြီး။
(ဦးဣန္ဒကာလင်္ကာရာဘိဝံသဓမ္မာဓိပတိကျောင်း မစိုးရိမ်တိုက်သစ် မန္တလေးမြို့)
Crd to oranginal uploder
ပြန်လည်မျှဝေပေးပါသည်။ La Wone Eain



