Unicode
တစ်ချိန်ကဗီဒီယိုဇာတ်ကားတွေမှာအောင်မြင်ခဲ့တဲ့မင်းသမီးချောလေးနဝရတ်ကတော့ ပီပြင်တဲ့အိုက်တင်တွေနဲ့ သဘာဝကျကျသရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေကချစ်ခင်အားပေးနေရတာလည်းဖြစ်ပါတယ်။
သူမရဲ့ထူးခြားဆန်းသစ်တဲ့ဖက်ရှင်တွေနဲ့ခပ်မိုက်မိုက်စတိုင်လ်လေးတွေကြောင့်ပရိသတ်တွေက နဝ ရတ်ကိုစိတ်ဝင်တစားအားပေးလာခဲ့ကြတာဆိုရင်လည်းမမှားပါဘူး
လက်ရှိမှာတော့နဝရတ်က အနု ပညာအလုပ်တွေနဲ့အချိန်အတော်ကြာအောင် ဝေးကွာနေခဲ့တာပဲဖြစ်ပါတယ် ဒါပေမဲ့လည်းနဝရတ်ကိုချစ်ခင်ကြတဲ့အမာခံပရိသတ်တွေကသူမကိုအမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။
နဝရတ်အနေနဲ့ကတော့လူမှုကွန်ယက်စာမျက်နှာထက်မှာသူမရဲ့သွားလာလှုပ်ရှားမှုလေးတွေကိုပုံမှန်မျှဝေပေးနေတာဖြစ်ပါတယ်။
အခုလည်းနဝရတ်ကအေးချမ်းတဲ့အမေ့အိမ်လေးမှာနေထိုင်ရင်းဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေကြောင်းဗီဒီယိုလေးတွေနဲ့အတူပြသလိုက်တာပဲဖြစ်ပါတယ်။
သူ့အမေပိုင်ဆိုင်ထားတဲ့အိမ်လေးကတော့ပန်းတွေဝေဝေဆာအောင်ပွင့်နေပြီးအရမ်းကိုသာယာလှပနေတာဖြစ်ပါတယ် မိခင်ဖြစ်သူ ကိုယ် တိုင် စိုက်ပျိုးခဲ့တဲ့ပန်းတွေပွင့်ဖူးလှပနေတာကို ကြည့်ရှုစေနိုင်ဖို့အတွက် ပရိသတ်ကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်
Zawgyi
မိခင်ကြီးမကွယ်လွန်မီက စိုက်ပျိုးခဲ့တဲ့ ပန်းတွေ လှလွန်းတာကြောင့် တမြို့လုံးက ဓာတ်ပုံလာရိုက်ကြတဲ့အထိ စည်ကားနေတယ်ဆိုတဲ့ နဝရတ်