ၾကားသိရသမွ်

တော်လှန်ရေးသမားဖြစ်လာတဲ့ အမျိုးသမီး လွှတ်တော်အမတ် ဒေါ်သီရိရတနာ

ေတာ္လွန္ေရးသမားျဖစ္လာတဲ့ အမ်ိဳးသမီး လႊတ္ေတာ္အမတ္ ေဒၚသီရိရတနာ

အသက္အႏၲရာယ္နဲ႔ ၾကဳံေတြ႕ခဲ့ရေပမယ့္ ျပည္သူေတြအတြက္ မၿပီးဆုံးေသးတဲ့

တာဝန္ေတြကို ဆက္ထမ္းခ်င္တာေၾကာင့္ ေတာ္လွန္ေရးဆက္လုပ္သြားမယ္လို႔

တိုင္းရင္းသား လက္နက္ကိုင္ နယ္ေျမတစ္ခုကို ေရာက္ရွိေနတဲ့ မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚသီရိရတနာက ေျပာလိုက္ပါတယ္။

သူဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းခ်ိန္က ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္မွာရွိတဲ့စည္ပင္ဧည့္ရိပ္သာမွာ အျခားလႊတ္ေတာ္ အမတ္ ၄၀၀ ေက်ာ္နဲ႔အတူရဲနဲ႔စစ္တပ္ရဲ့ ဝိုင္းဝန္းပိတ္ဆို႔တာကို ၾကဳံခဲ့ရပါတယ္။

အဲဒီေနာက္ သူ႔ရဲ့မဲဆႏၵနယ္ေျမျဖစ္တဲ့ ဘီးလင္းၿမိဳ႕နယ္ကို ျပန္ေရာက္တဲ့အခါ အာဏာရွင္

ဆန႔္က်င္ေရး လႈပ္ရွားမႈေတြကို ဦးေဆာင္ခဲ့တာေၾကာင့္ ပုဒ္မ-၅၀၅ အထုတ္ခံရၿပီးရဲနဲ႔စစ္တပ္ရဲ့ လိုက္လံဖမ္းဆီးတာကို ရင္ဆိုင္ခဲ့ရပါတယ္။

လြန္ခဲ့တဲ့ ေျခာက္လခန႔္ကေတာ့ စစ္တပ္ရဲ့လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ေဒၚသီရိရတနာေသဆုံးသြားၿပီဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

အသက္အႏၲရာယ္ၾကားကေန သူဘယ္လို လြတ္ေျမာက္လာသလဲ၊ လက္ရွိ ဘယ္လို အခက္အခဲေတြကိုရင္ဆိုင္ေနရလဲ၊ ျပည္သူေတြအတြက္ သူဘာေတြ ဆက္လုပ္ေနသလဲဆိုတာ သိနိုင္ဖို႔ေဒၚသီရိရတနာကို RFA ဝိုင္းေတာ္သူ မေအးေအးမြန္က ဆက္သြယ္ေမးျမန္းထားပါတယ္။

unicode

တော်လှန်ရေးသမားဖြစ်လာတဲ့ အမျိုးသမီး လွှတ်တော်အမတ် ဒေါ်သီရိရတနာ

အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပေမယ့် ပြည်သူတွေအတွက် မပြီးဆုံးသေးတဲ့

တာဝန်တွေကို ဆက်ထမ်းချင်တာကြောင့် တော်လှန်ရေးဆက်လုပ်သွားမယ်လို့

တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိနေတဲ့ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာက ပြောလိုက်ပါတယ်။

သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့စည်ပင်ဧည့်ရိပ်သာမှာ အခြားလွှတ်တော် အမတ် ၄၀၀ ကျော်နဲ့အတူရဲနဲ့စစ်တပ်ရဲ့ ဝိုင်းဝန်းပိတ်ဆို့တာကို ကြုံခဲ့ရပါတယ်။

အဲဒီနောက် သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်ကို ပြန်ရောက်တဲ့အခါ အာဏာရှင်

ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့တာကြောင့် ပုဒ်မ-၅၀၅ အထုတ်ခံရပြီးရဲနဲ့စစ်တပ်ရဲ့ လိုက်လံဖမ်းဆီးတာကို ရင်ဆိုင်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ခြောက်လခန့်ကတော့ စစ်တပ်ရဲ့လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒေါ်သီရိရတနာသေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အသက်အန္တရာယ်ကြားကနေ သူဘယ်လို လွတ်မြောက်လာသလဲ၊ လက်ရှိ ဘယ်လို အခက်အခဲတွေကို

ရင်ဆိုင်နေရလဲ၊ ပြည်သူတွေအတွက် သူဘာတွေ ဆက်လုပ်နေသလဲဆိုတာ သိနိုင်ဖို့ဒေါ်သီရိရတနာကို RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။