ၾကားသိရသမွ်

ထောင်(၃)နှစ်ချမှတ်ခံရပြီး အိုးဘိုထောင်ကို အပို့ခံရပေမယ့် စိတ်ဓာတ်မကျတဲ့အပြင် ဖခင်ဖြစ်သူကိုပါအမှာစာပို့လိုက်တဲ့ သမီးလေးစုထက်ဝိုင်းရဲ့ အစ်မ

မိုးကုတ်မြို့က ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားသူကိုစိုးဌေးကို ရှာမတွေ့တာကြောင့် သမီးလေးစုထက်ဝိုင်းအပါအဝင်

မိသားစုဝင်သုံးယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။အကျဥ်းသားတွေ ပြန်လွှတ်ပေးခဲ့တုန်းက သမီးလေးစုထက်ဝိုင်းတစ်

ယောက်ပြန်လွတ်လာပြီး အစ်မနဲ့ မိခင်ဖြစ်သူတို့ကတော့ ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

ယခုမှာတော့ သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့အစ်မဖြစ်သူဟာ ထောင်ဒဏ်(၃)နှစ်ချမှတ်ခံခဲ့ရသလို သားအမိနှစ်ယောက်

ကိုလည်း အတူမထားဘဲ မိုးကုတ်အချုပ်​ထောင်နှင့်ရဲစခန်းတို့မှာ ခွဲထားခဲ့ကြပါတယ်။

ထောင်ဒဏ်ချမှတ်အပြီးမှာတော့ သမီးလေးစုထက်ဝိုင်းရဲ့ မိခင်နဲ့ အစ်မတို့ကို မန္တလေးမြို့ရှိ အိုးဘိုထောင်သို့ ခေါ်

ဆောင်သွားကြောင်း သိရှိရပါတယ်။

ထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့သမီးလေးစုထက်ဝိုင်းရဲ့ အစ်မဖြစ်သူကတော့ စိတ်ပူနေကြတဲ့ မိသားစုဝင်တွေဆီကို

လေးစားစရာကောင်းတဲ့ အမှာစာလေး ပို့ပေးလိုက်ပါတယ်။

သမီးလေးစုထက်ဝိုင်းရဲ့အစ်မဖြစ်သူက “သားအမိနှစ်​ယောက်စလုံး ကျန်းမာစွာနဲ့ အာဏာရှင်အမြစ်ပြတ်ဖို့ ရောက်တဲ့

အရပ်၊ ရှိတဲ့နေရာက ဆက်​ပြီးတော်လှန်​သွားမယ်” လို့ english လိုရေးပြီး မိသားစုထံကို အမှာစာလေး ပို့ပေးခဲ့တာပဲဖြစ်ပါ

တယ်။

မိုးကုတ်က တတ်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုစိုးဌေးကတော့ သမီးကြီးရဲ့ စာလေးကိုဖတ်ပြီး ဂုဏ်ယူနေခဲ့ပါတယ်။

ကိုစိုးဌေးကတော့ ” သမီးကြီး​ရေ .. “အတိတ်​ကရခဲ့တဲ့ ဒဏ်ရာ​တွေကိုကုစားရင်း တိုင်းပြည်ရဲ့အနာဂတ်ကြီးလှပဖို့ ​​တော်

လှန်​ရေးအလံကို မြဲမြံစွာဆုပ်ကိုင်ထားရင်း ​နောက်ဆုံးထွက်သက်အထိ အာဏာရှင်အမြစ်ပြတ်​ရေး တိုက်ပွဲဝင်ပါ ” ဆိုပြီး

ရေးသားထားပါတယ်။

ပြည်သူတွေကတော့ အာဏာရှင်ကိုတွန်းလှန်းရင်း မိသားစုတစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ ကိုစိုးဌေးတို့မိသားစုအတွက်

စိတ်မကောင်းဖြစ်နေကြပြီး အားတင်းထားဖို့ အားပေးစကားပြောဆိုနေကြပါတယ်။

Source : Myanmarload