မုံရွာမြို့က ထူးထူးခြားခြား အတော်ကြေကွဲဖို့ကောင်းတဲ့ “မယားပြစ်ရိပ်သာ”
“မယားပြစ်ရိပ်သာ” ကိုယ့်မုံရွာက လုပ်လိုက်ရင် အဆန်းကြီးတွေ.. ခုလည်း ကြည့်လေ.. နာမည်ကြီးက တင်စီးလိုက်တာ “မယားပြစ်ရိပ်သာ” တဲ့.. ဒီရိပ်သာမှာ လာနေဖို့က ကိုယ့်မယားက ပြစ်သွားရုံနဲ့ မရဘူး။ အခြားလူနောက်ပါ လိုက်သွားမှ ရမှာတဲ့။ ဘယ်လောက်တောင် ကြေကွဲဖို့ကောင်းလဲဗျာ။
အဲ့ရိပ်သာမှာ နေဖို့ မပူရဘူး။ စားဖို့အတွက်လည်း ဦးရာလူ ထချက်ပဲ။ ဆန် ဆီ ဆား အိမ်ရှင်က ဝယ်ပေးထားတယ်။ အိမ်ထဲကို ကြည့်လိုက်တော့လည်း အသက်လေးဆယ်ကျော် လူတစ်ချို့ မူးရူးပျော်နေကြလေရဲ့။ ရင်ထဲက နာကျင်မှုတွေကို အရက်နဲ့ ဖုံးဖိထားပုံရတယ်။ အဲ ရိပ်သာပိုင်ရှင်ကတော့ ထူးဆန်းတယ်။
မိန်းမ မရှိ တစ်ကိုယ်တည်း လူပျိုကြီးဗျ။ သူက ပြောသေးတာ “ငါ ဆယ်တန်းတုန်းက ထောင်ကျသွားလို့တဲ့.. နို့မို့ဆို ငါ တိုင်းမှူးဖြစ်မှာတဲ့..” စည်းကမ်းချက်က ရှိသေးတာ “လမ်းပေါ် လှည်းမမောင်းရ” “ရိပ်သာထဲ မိန်းမ မဝင်ရ” တဲ့။
JG (Jan Gyi)
JG (Jan Gyi)