ကြောင် ချစ် တယ် ကြောင် ချစ်တယ် နဲ့ ကြောင်သန်းကိုက် ရင် အသက် ပါဆုံးနိုင်တာ သိပါလား…?
၁၆ နှစ် အရွယ် ကျောင်းသူလေး ကြောင်သန်းကိုက်ခံရကာသေဆုံး
ထိုင်းနိုင်ငံ ဖတ်ချာဘန် စီရင်စုက အသက် ၁၆ နှစ်အရွယ် ကျောင်းသူလေးတစ်ဦး ကြောင်သန်းကိုက်ခံရရာမှတစ်ဆင့် သွေးအဆိပ်သင့်ကာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက် က သေဆုံးသွားခဲ့ဘူးပါတယ်။
‘ဆူနီဆာ’ လို့ အမည်ရတဲ့ မိန်းကလေးရဲ့ မိသားစုတွေဟာ ကြောင်ချစ်သူတွေဖြစ်ပြီး ကြောင်အတော်များများ အိမ်မှာ မွေးမြူထားပါတယ်။
‘ဆူနီဆာ’ ဟာ အဲဒီကြောင်တွေထဲက တစ်ကောင်ရဲ့ ကြောင်သန်း ကိုက်ခံရပြီး ကိုယ်ပူခြင်း၊ ခန္ဓာကိုယ်ယားယံခြင်း၊ အရိုးအဆစ်ကိုက်ခဲခြင်းနဲ့ တစ်ကိုယ်လုံး ယောင်အမ်းလာခြင်း စတဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပါတယ်။
ဒါကို ပေါ့ပေါ့လေးပဲထားကာ ဆေးသောက်ပြီး ပုံမှန်အတိုင်း ကျောင်းတက်နေခဲ့ပါတယ်။ ဒါပေမယ့် ဝေဒနာက သက်သာမလာပဲ ပိုဆိုးလားတဲ့အတွက် မိသားစုက ဆေးရုံပြခဲ့ပါတယ်။
ဆေးရုံမှာလည်း အခြေအနေက ပိုဆိုးလာတဲ့အတွက် အခြားဆေးရုံကြီးတစ်ခုကို လွှဲပြောင်းပြီး ကုသမှုခံယူခဲ့ပေမယ့် သြဂုတ်လ ၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
အိမ်မှာ ကြောင် ၇ ကောင်ရှိပြီး အခြားသူတွေက သူတို့အိမ်ရှေ့ လာပစ်သွားကြတာမို့ သနားလို့ ကျွေးမွေးရင်းကနေ အိမ်မှာ ကြောင်တွေ များနေရတာဖြစ်ကြောင်း ‘ဆူနီဆာ’ ရဲ့ အဖွားက ပြောပြပါတယ်။
အခုလို မြေးမလေး ‘ဆူနီဆာ’ သေဆုံးသွားတဲ့အခါမှာတော့ မိသားစုတွေက ကြောင်တွေကို ဆက်မမွေးတော့ပဲ အခြားတစ်နေရာမှာ စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ခွေးသန်း၊ ကြောင်သန်း တွေဟာ လူတွေမှာ တွယ်ကပ်မနေနိုင်ပေမယ့် သူတို့ကိုက်တာကို ခံရတဲ့အခါမှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုဝေဒနာတစ်ခုခုကို ခံစားရတတ်ပါတယ်။
ကြောင်ချစ်သူ၊ ခွေးချစ်သူများလည်း ကြောင်တွေ ခွေးတွေကို သန်းတွေ၊ လှေးတွေမရှိအောင် သန့်ရှင်းရေး ပုံမှန်လုပ်ပေးရင်း သူတို့ကို ချစ်လဲချစ် ကိုယ့်ကိုယ်ကိုလဲ ကာကွယ်ဖို့ သတိပေးချင်ပါတယ်
credit
zawgyi
ေၾကာင္ ခ်စ္ တယ္ ေၾကာင္ ခ်စ္တယ္ နဲ႔ ေၾကာင္သန္းကိုက္ ရင္ အသက္ ပါဆုံးႏိုင္တာ သိပါလား…?
၁၆ ႏွစ္ အ႐ြယ္ ေက်ာင္းသူေလး ေၾကာင္သန္းကိုက္ခံရကာေသဆုံး
ထိုင္းႏိုင္ငံ ဖတ္ခ်ာဘန္ စီရင္စုက အသက္ ၁၆ ႏွစ္အ႐ြယ္ ေက်ာင္းသူေလးတစ္ဦး ေၾကာင္သန္းကိုက္ခံရရာမွတစ္ဆင့္ ေသြးအဆိပ္သင့္ကာ ျပီးခဲ႕တဲ႕ ၾသဂုတ္လ ၆ ရက္ က ေသဆုံးသြားခဲ့ဘူးပါတယ္။
‘ဆူနီဆာ’ လို႔ အမည္ရတဲ့ မိန္းကေလးရဲ႕ မိသားစုေတြဟာ ေၾကာင္ခ်စ္သူေတြျဖစ္ၿပီး ေၾကာင္အေတာ္မ်ားမ်ား အိမ္မွာ ေမြးျမဴထားပါတယ္။
‘ဆူနီဆာ’ ဟာ အဲဒီေၾကာင္ေတြထဲက တစ္ေကာင္ရဲ႕ ေၾကာင္သန္း ကိုက္ခံရၿပီး ကိုယ္ပူျခင္း၊ ခႏၶာကိုယ္ယားယံျခင္း၊ အ႐ိုးအဆစ္ကိုက္ခဲျခင္းနဲ႔ တစ္ကိုယ္လုံး ေယာင္အမ္းလာျခင္း စတဲ့ ေရာဂါလကၡဏာေတြ ခံစားခဲ့ရပါတယ္။
ဒါကို ေပါ့ေပါ့ေလးပဲထားကာ ေဆးေသာက္ၿပီး ပုံမွန္အတိုင္း ေက်ာင္းတက္ေနခဲ့ပါတယ္။ ဒါေပမယ့္ ေဝဒနာက သက္သာမလာပဲ ပိုဆိုးလားတဲ့အတြက္ မိသားစုက ေဆး႐ုံျပခဲ့ပါတယ္။
ေဆး႐ုံမွာလည္း အေျခအေနက ပိုဆိုးလာတဲ့အတြက္ အျခားေဆး႐ုံႀကီးတစ္ခုကို လႊဲေျပာင္းၿပီး ကုသမႈခံယူခဲ့ေပမယ့္ ၾသဂုတ္လ ၆ ရက္ေန႔က ကြယ္လြန္သြားခဲ့ပါတယ္။
အိမ္မွာ ေၾကာင္ ၇ ေကာင္ရွိၿပီး အျခားသူေတြက သူတို႔အိမ္ေရွ႕ လာပစ္သြားၾကတာမို႔ သနားလို႔ ေကြၽးေမြးရင္းကေန အိမ္မွာ ေၾကာင္ေတြ မ်ားေနရတာျဖစ္ေၾကာင္း ‘ဆူနီဆာ’ ရဲ႕ အဖြားက ေျပာျပပါတယ္။
အခုလို ေျမးမေလး ‘ဆူနီဆာ’ ေသဆုံးသြားတဲ့အခါမွာေတာ့ မိသားစုေတြက ေၾကာင္ေတြကို ဆက္မေမြးေတာ့ပဲ အျခားတစ္ေနရာမွာ စြန႔္ပစ္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။
ေခြးသန္း၊ ေၾကာင္သန္း ေတြဟာ လူေတြမွာ တြယ္ကပ္မေနႏိုင္ေပမယ့္ သူတို႔ကိုက္တာကို ခံရတဲ့အခါမွာ ဓာတ္မတည့္တဲ့ တုံ႔ျပန္မႈေဝဒနာတစ္ခုခုကို ခံစားရတတ္ပါတယ္။
ေၾကာင္ခ်စ္သူ၊ ေခြးခ်စ္သူမ်ားလည္း ေၾကာင္ေတြ ေခြးေတြကို သန္းေတြ၊ ေလွးေတြမရွိေအာင္ သန႔္ရွင္းေရး ပုံမွန္လုပ္ေပးရင္း သူတို႔ကို ခ်စ္လဲခ်စ္ ကိုယ့္ကိုယ္ကိုလဲ ကာကြယ္ဖို႔ သတိေပးခ်င္ပါတယ္
credit