မင်းမြတ်မောင်/ဧရာ၀တီတိုင်းမ်
ဧရာဝတီ၊ မတ်လ ၂၁ ရက်
ဧရာဝတီတိုင်းကိုဦးတည်ပြီးလာနေတဲ့ အာဆနီအမည်ရ မုန်တိုင်းငယ်ဟာ လာမယ့် ၆ နာရီအတွင်း ဆိုင်ကလုန်း မုန်းတိုင်းအဖြစ်သို့ ရောက်လာမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောဆိုထားပါတယ်။
မြန်မာစံတော်ချိန် နေ့လည် ၁၁ နာရီ ၄၈ မိနစ်တိုင်းတာချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိ လာမှာဖြစ်တယ် မိုးလေဝသပညာရှင်တဦးဖြစ်တဲ့ မစုစုစံက သတိပေးပြောဆိုထားပါတယ်။
မုန်တိုင်းဝင်ရောက်နိုင်တာကြောင့် ဧရာဝတီတိုင်းအတွင်းက ကမ်းခြေဒေသတွေက ပြည်သူအချို့ကတော့ ပင် လယ်နဲ့နီးတဲ့ ကမ်းခြေဒေသတွေက မြို့ပေါ်ကို ဒီနေ့မနက်ပိုင်းမှာ ရွှေ့ပြောင်းတာတွေ စတင်ပြုလုပ် လာပါတယ်။
လက်ရှိအချိန်ထိ ကမ်းခြေဒေသတွေမှာ လေနည်းနည်းတိုက်ခက်ပြီး မိုးအုံ့ကာ ရေတက်လာတာကလွဲပြီး ထူးထူးခြားခြားလေပြင်းတိုက်ခတ်တာမျိုးတော့ မရှိသေးဘူးလို့ ရွှေသောင်ယံဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနကတော့ ခုချိန်ထိ မုန်တိုင်းဝင်မယ့်လမ်းကြောင်းကို မပြောနိုင်သေး သလို အောက်ခြေမှာလည်း ရှာဖွေကယ်ဆယ်ရေးအတွက် ပြုလုပ်တာတွေ အားနည်းနေသေးတယ်လို့ ဒေသခံ တွေက ပြောဆိုပါတယ်။