(၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု နတ်မဟုတ်ကလေးရွာ အနီးတွင်ဖြစ်ပွား












ZinMoe

unicode

(၈)တန်း နဲ့ (၁၀)တန်းကျောင်းသူ ညီအစ်မ(၂)ဦး အသတ် ခံထားရမှု တစ်ခု နတ်မဟုတ်ကလေးရွာ အနီးတွင်ဖြစ်ပွား

အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာအနီး

မီးရထားသံလမ်းဘေး တောစပ်တနေရာ မောင်းအင်းကန်

ဘေးတွင် (၈)တန်းကျောင်းသူနဲ့ (၁၀)တန်းကျောင်းသူ

ညီအစ်မ(၂)ဦး အသတ်ခံရမှု ဖြစ်ပွားကြောင်း သိရပါတယ်။

13-7-2020 မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ပြီး နတ်မဟုတ်ကလေးရွာနေ ဦးသိန်းသန်းစိုး+ဒေါ်တင်ဖြူ ဦးတို့၏သမီးနှစ်ယောက် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ မြို့နယ်မှ တာဝန်ရှိသူများ

ရပ်ရွာမှ တာဝန်ရှိသူများပူးပေါင်းလျက် အခင်းဖြစ်ရာသို့ သွားရောက်ပြီး လိုအပ်သည်များစစ်ဆေးခြင်း တရားခံကို

အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် အပူတပြင်းဆောင်

ရွက်လျက်ရှိကြောင်း ကနဦးသတင်းအရ သိရပါသည်။

သတင်းဓါတ်ပုံ – မောင်ချစ်လင်း(အင်းတော်)/လူအောင်

ZinMoe