ၾကားသိရသမွ်

ခင်ပွန်းဖြစ်သူရဲ့မွေးနေ့တိုင်း အနားမှာ အတူရှိခွင့်ရနေတဲ့အတွက် ပြောပြလို့မရနိုင်အောင် ကြည်နူးနေရတဲ့ စိုးမြတ်နန္ဒာ

သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

စစ်တပ်အနွယ်ဝင် တစ်ဦးဖြစ်တာကြောင့် နွေဦးတော်လှန်ရေးမှာ လုံးဝမပါဝင်ဘဲ ရေငုံနှုတ်ပိတ်နေခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အတော်လေး ရသွားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဝေဖန်နေကြပါစေ ဒါဒါကတော့ဝမ်းနည်းမနေဘဲ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

သူမရဲ့ ခင်ပွန်း စိုးသူကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတာ ဖြစ်ပါတယ်။

ဒီနေ့ကတော့ စိုးသူရဲ့ (၅၆) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်နေ့လေး ဖြစ်ပါတယ်။

မကြာသေးခင်က စိုးမြတ်နန္ဒာရဲ့ Facebook Story တွင်ဓာတ်ပုံလေး တစ်ပုံတင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့တိုင်း အနားမှာ အတူရှိခွင့်ရနေတဲ့အတွက် ပြောပြလို့မရနိုင်အောင် ကြည်နူးနေရတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒီနေ့မှာ ကျရောက်တဲ့ စိုးသူရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းလေးတွေ တောင်းပေးကြပါဦးလို့ ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

unicode







