(Unicode ဖြင့်ဖတ်ရန်)
ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ စည်သူဝင်းတို့ချစ်သူစုံတွဲနဲ့ သရုပ်ဆောင်ယွန်းယွန်းတို့ရဲ့ ပြဿနာကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်ပါတယ်။
ပြဿနာတွေဖြစ်ဖြစ်ချင်းမှာပဲ ယွန်းယွန်းရဲ့ ရည်းစားဟောင်းဖြစ်သူ အုပ်စိုးခန့်က ယွန်းယွန်းနဲ့လမ်းခွဲပြတ်ဆဲခဲ့တာပဲ ဘုရားကိုကျေးဇူးတင်ရမယ်ဆိုတဲ့ ပုံစံနဲ့ My Day တွေ တင်ခဲ့ပါတယ်။
အုပ်စိုးခန့်ရဲ့ My Day ကြောင့် သူငယ်ချင်းဖြစ်သူ ဘုန်းမင်းနေလကလည်း မိန်းကလေးတစ်ယောက်ကို ပြဿနာဖြစ်ချိန်မှ နင်းချတဲ့ အုပ်စိုးခန့်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ပြဿနာကမပြီးသေးပဲ အုပ်စိုးခန့်က သူ့ရဲ့ My Day မှာ “-ီး.. တော်တော်သိနေလား? ေ-ာက်ရူး ပါပြန်ပြီ” ဆိုပြီး တင်ခဲ့ပါသေးတယ်။
အုပ်စိုးခန့်တင်တင်ပြီးချင်းမှာပဲ ဘုန်းမင်းနေလက “ကြောက်သေးပါနေပြီလား?၊ ငါေ-ာက်ကျင့်ယုတ်ရင် မင်းလုပ်စားလို့ပါမရပဲဖြစ်သွားမယ်။
ရှုတင်မှာသူများဖင်လိုက်ကိုင်တဲ့ကောင် ေ-ာက်ကျင့်ကအောက်တန်းကျလွန်းတယ်။ ငြိမ်ငြိမ်နေစမ်းပါ ေ-ာက်ကလေးရာ” ဆိုပြီး ပြန်လည်ရေးသားခဲ့ပါတယ်။
ယွန်းယွန်းရဲ့ပြဿနာကြောင့် အုပ်စိုးခန့်နဲ့ ဘုန်းမင်းနေလတို့ကတော့ My Day တွေတင်ပြီး အချင်းချင်းစောင်းမြောင်းပြောဆိုနေကြတာပဲဖြစ်ပါတယ်။
(Zawgyi ဖြင့်ဖတ်ရန်)