ၾကားသိရသမွ်

ဆံၿမိတ္သ႑န္ဆံပင္ရွည္ဒီဇိုင္းေၾကာင့္ေပၚျပဴလာျဖစ္ေနတဲ့ခ်စ္စရာဆင္ပုံရိပ္

ခ်စ္စရာေကာင္းတဲ့တိရိစာၦန္ေလးေတြရဲ႕ပုံရိပ္ေတြကေတာ့ social media မွာမွ်ေဝေလ့ရွိသလို၊ယခုတစ္ေခါက္မွာလဲအေကာင္ႀကီးပီးခ်စ္စရာလဲေကာင္း၊အျပစ္ကင္းတတ္တဲ့ဆင္ေလးတစ္ေကာင္ရဲ႕ေရွ႕ဆံၿမိတ္ခ်ထားပီးဆံပင္ရွည္စတိုင္ရွိတဲ့ရွားပါးဆင္ေလးရဲ႕ပုံသ႑န္ေၾကာင့္၊အင္တာနက္အသုံးျပဳသူၾကားမွာအခ်စ္ခံေနရလ်က္ရွိပါတယ္။

ထိုဆင္ပုံရိပ္ကို​ေတ့ာ Coimbatore အနီးက Thekkampatti ဆိုတဲ့႐ြာကအင္တာနက္အသုံးျပဳသူတစ္ေယာက္ကပိုစ့္တင္ထားတာပဲျဖစ္ပါတယ္။ထိုဆင္ကိုေတာ့သခင္ဆိုသူကေခါင္းဖီးေလးနဲ႔ေသေသခ်ာခ်ာၿဖီးေပးေနပီး၊ေရွ႕ဆံၿမိတ္ေလးကိုလွပေအာင္ညႇပ္ေပးေနတဲ့ပုံေလးပဲျဖစ္ပါတယ္။

အျခားဆင္ေလးေတြမွာေခါင္းထိပ္ကေပါက္တဲ့အေမႊးတိုေလးေတြကိုေတာ့ျမင္ဖူးေပမဲ့လို႔၊ယခုဆင္ေလးရဲ႕ဆံၿမိတ္ကေတာ့တခါမွမ ျမင္ဖူးေသးတဲ့ဆံၿမိတ္ရွည္ႀကီးေၾကာင့္ ၊Netizen မ်ားက “Hair goal”ပိုင္ဆိုင္ထားတဲ့ခ်စ္စရာဆင္ေလးတစ္ေကာင္ဆိုပီးခ်စ္စႏိုးတင္စားခဲ့ၾကပါတယ္။

Bam Bam (Cele Angle)

Unicode

ဆံမြိတ်သဏ္ဍန်ဆံပင်ရှည်ဒီဇိုင်းကြောင့်ပေါ်ပြူလာဖြစ်နေတဲ့ချစ်စရာဆင်ပုံရိပ်

ချစ်စရာကောင်းတဲ့တိရိစ္ဆာန်လေးတွေရဲ့ပုံရိပ်တွေကတော့ social media မှာမျှဝေလေ့ရှိသလို၊ယခုတစ်ခေါက်မှာလဲအကောင်ကြီးပီးချစ်စရာလဲကောင်း၊အပြစ်ကင်းတတ်တဲ့ဆင်လေးတစ်ကောင်ရဲ့ရှေ့ဆံမြိတ်ချထားပီးဆံပင်ရှည်စတိုင်ရှိတဲ့ရှားပါးဆင်လေးရဲ့ပုံသဏ္ဍန်ကြောင့်၊အင်တာနက်အသုံးပြုသူကြားမှာအချစ်ခံနေရလျက်ရှိပါတယ်။

ထိုဆင်ပုံရိပ်ကို​တေ့ာ Coimbatore အနီးက Thekkampatti ဆိုတဲ့ရွာကအင်တာနက်အသုံးပြုသူတစ်ယောက်ကပိုစ့်တင်ထားတာပဲဖြစ်ပါတယ်။ထိုဆင်ကိုတော့သခင်ဆိုသူကခေါင်းဖီးလေးနဲ့သေသေချာချာဖြီးပေးနေပီး၊ရှေ့ဆံမြိတ်လေးကိုလှပအောင်ညှပ်ပေးနေတဲ့ပုံလေးပဲဖြစ်ပါတယ်။

အခြားဆင်လေးတွေမှာခေါင်းထိပ်ကပေါက်တဲ့အမွှေးတိုလေးတွေကိုတော့မြင်ဖူးပေမဲ့လို့၊ယခုဆင်လေးရဲ့ဆံမြိတ်ကတော့တခါမှမ မြင်ဖူးသေးတဲ့ဆံမြိတ်ရှည်ကြီးကြောင့် ၊Netizen များက “Hair goal”ပိုင်ဆိုင်ထားတဲ့ချစ်စရာဆင်လေးတစ်ကောင်ဆိုပီးချစ်စနိုးတင်စားခဲ့ကြပါတယ်။

Bam Bam (Cele Angle)