တိမ္သားစစ္သည္
အိမ္မက္ေတြနဲ႔ တိမ္သားစစ္သည္
မင္းအတြက္ ေတာ္လွန္ေရးရဲ႕ႏႈတ္ခမ္းကိုေသြးထြက္တဲ့ထိ ငါတို႔ေတြကိုက္ထားမယ္။ ငါတို႔ဟာ မင္းဆက္မက္ခ်င္တဲ့ အိမ္မက္ေတြကိုဆက္မက္ၾကမယ္။
အိမ္မက္ေတြနဲ႔ တိမ္သားစစ္သည္
မင္းနင္းေလွ်ာက္ခဲ့တဲ့လမ္းေတြေပၚ ေနာက္ထပ္ စစ္ဖိနပ္ရာမရွိေအာင္ ငါတို႔ မင္းရဲ႕ေျခရာေတြကို ဆက္နင္းမယ္။ ညီေလးေရ ေသျခင္းရဲ႕ဟိုဘက္ကမ္းမွာ
အရင္ႀကိဳေရာက္ႏွင့္ ေနၿပီးသားသူေတြက မင္းကို ေနၾကာပန္းေတြနဲ႔ေစာင့္ႀကိဳေနလိမ့္မယ္။
မင္းရဲ႕နစ္မြန္းမႈဟာ ငါတို႔ရဲ႕နစ္မြန္းမႈပါႏိုင္ငံေတာ္ရဲ႕ နစ္မြန္းမႈပါ။
အိမ္မက္ေတြနဲ႔ တိမ္သားစစ္သည္
ေပ်ာက္က်ားဝတ္စုံနဲ႔ တိမ္သားေတြကိုစီးၿပီးဒီစစ္အာဏာရွင္ေတြနဲ႔အေဝးဆုံးကိုသြားပါ။
မင္းရဲ႕ယုံၾကည္ခ်က္ကို တပ္အျဖစ္နဲ႔ေလွာ္ခက္ပါ။
ရဲ႕ရင့္တဲ့မင္းရဲ႕ ဝိဥာဏ္ဟာ အာဏာရွင္ရဲ႕အရိပ္ကိုအၿမဲလိုက္မင္းေနမဲ့ ေတာ္လွန္တဲ့ တိမ္သားစစ္သည္ေတာ္ဆိုတာ ငါတို႔ယုံတယ္။
အိမ္မက္ေတြနဲ႔ တိမ္သားစစ္သည္
မင္းစိတ္မခ်မဲ့အရာေတြရွိေနမယ္ ထင္တယ္။
မင္းခ်စ္တဲ့ မင္းရဲ႕မိဘေတြ၊ မင္းေကာင္မေလး၊ မင္းခင္မင္တဲ့ သူငယ္ခ်င္းအေပါင္းသင္းေတြ၊ေနာက္ဆုံး မင္းသိပ္သံေယာဇဥ္ရွိလွတဲ့ ဒီစုတ္ပ်က္ဝဲစြဲေနတဲ့ ငါတို႔တိုင္းျပည္ အဲ့အရာေတြကိုအတြက္ ငါတို႔ရဲ႕အလံနီကိုလႊင့္ထားဦးမယ္။ ၿပီးေတာ့ ငါတို႔အားလုံးရန္ကုန္ျပန္ေရာက္တဲ့အခါ မင္းအိမ္ေရွ႕မွာ သေျပညိဳပန္းေတြကို ထိုးစိုက္ၾကမယ္။
အိမ္မက္ေတြနဲ႔ တိမ္သားစစ္သည္
ဒီတခါ ဘုရားဟာ လင္းလြန္းပင္ေအာက္မွာ မဟုတ္ပဲအလံေတာ္နီေအာက္မွာပြင့္လိမ့္မယ္။ တိုက္ပြဲဝင္ရင္း႐ြတ္တဲ့ ဆိုတဲ့ သီခ်င္းဟာ ငါတို႔တြက္ သရဏဂုံပဲ ငါတို႔ဟာ ေသသူေတြရဲ႕ႏွလုံးသားကိုဆုတ္ကိုင္ၿပီး အဆုံးထိေတာ္လွန္မယ္။
နန္းေဇ—၃၀.၁၁.၂၀၂၁
တိမ်သားစစ်သည်
အိမ်မက်တွေနဲ့ တိမ်သားစစ်သည်
မင်းအတွက် တော်လှန်ရေးရဲ့နှုတ်ခမ်းကိုသွေးထွက်တဲ့ထိ ငါတို့တွေကိုက်ထားမယ်။ ငါတို့ဟာ မင်းဆက်မက်ချင်တဲ့ အိမ်မက်တွေကိုဆက်မက်ကြမယ်။
အိမ်မက်တွေနဲ့ တိမ်သားစစ်သည်
မင်းနင်းလျှောက်ခဲ့တဲ့လမ်းတွေပေါ် နောက်ထပ် စစ်ဖိနပ်ရာမရှိအောင် ငါတို့ မင်းရဲ့ခြေရာတွေကို ဆက်နင်းမယ်။ ညီလေးရေ သေခြင်းရဲ့ဟိုဘက်ကမ်းမှာ
အရင်ကြိုရောက်နှင့် နေပြီးသားသူတွေက မင်းကို နေကြာပန်းတွေနဲ့စောင့်ကြိုနေလိမ့်မယ်။
မင်းရဲ့နစ်မွန်းမှုဟာ ငါတို့ရဲ့နစ်မွန်းမှုပါနိုင်ငံတော်ရဲ့ နစ်မွန်းမှုပါ။
အိမ်မက်တွေနဲ့ တိမ်သားစစ်သည်
ပျောက်ကျားဝတ်စုံနဲ့ တိမ်သားတွေကိုစီးပြီးဒီစစ်အာဏာရှင်တွေနဲ့အဝေးဆုံးကိုသွားပါ။
မင်းရဲ့ယုံကြည်ချက်ကို တပ်အဖြစ်နဲ့လှော်ခက်ပါ။
ရဲ့ရင့်တဲ့မင်းရဲ့ ဝိဉာဏ်ဟာ အာဏာရှင်ရဲ့အရိပ်ကိုအမြဲလိုက်မင်းနေမဲ့ တော်လှန်တဲ့ တိမ်သားစစ်သည်တော်ဆိုတာ ငါတို့ယုံတယ်။
အိမ်မက်တွေနဲ့ တိမ်သားစစ်သည်
မင်းစိတ်မချမဲ့အရာတွေရှိနေမယ် ထင်တယ်။
မင်းချစ်တဲ့ မင်းရဲ့မိဘတွေ၊ မင်းကောင်မလေး၊ မင်းခင်မင်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေ၊နောက်ဆုံး မင်းသိပ်သံယောဇဉ်ရှိလှတဲ့ ဒီစုတ်ပျက်ဝဲစွဲနေတဲ့ ငါတို့တိုင်းပြည် အဲ့အရာတွေကိုအတွက် ငါတို့ရဲ့အလံနီကိုလွှင့်ထားဦးမယ်။ ပြီးတော့ ငါတို့အားလုံးရန်ကုန်ပြန်ရောက်တဲ့အခါ မင်းအိမ်ရှေ့မှာ သပြေညိုပန်းတွေကို ထိုးစိုက်ကြမယ်။
အိမ်မက်တွေနဲ့ တိမ်သားစစ်သည်
ဒီတခါ ဘုရားဟာ လင်းလွန်းပင်အောက်မှာ မဟုတ်ပဲအလံတော်နီအောက်မှာပွင့်လိမ့်မယ်။ တိုက်ပွဲဝင်ရင်းရွတ်တဲ့ ဆိုတဲ့ သီချင်းဟာ ငါတို့တွက် သရဏဂုံပဲ ငါတို့ဟာ သေသူတွေရဲ့နှလုံးသားကိုဆုတ်ကိုင်ပြီး အဆုံးထိတော်လှန်မယ်။
နန်းဇေ—၃၀.၁၁.၂၀၂၁