ၾကားသိရသမွ်

သားဖြစ်သူကို ပိုက်ဆံစုရသည့် ရည်ရွယ်ချက်ကိုမေးကြည့်ရာ သားပြန်ဖြေလိုက်သောအဖြေကြောင့် မျက်လုံးပြူးသွားခဲ့သည့် မိခင်

စုးဗူးထဲပိုက်ဆံထည့်နေသည့် သားဖြစ်သူကို ပိုက်ဆံစုရသည့် ရည်ရွယ်ချက်ကိုမေးကြည့်ရာ သားပြန်ဖြေလိုက်သောအဖြေကြောင့် မျက်လုံးပြူးသွားခဲ့သည့် မိခင်

ကလေးငယ်တို့သည် မွေးဖွားလာသည့်အချိန်မှစကာ ဘဝအကြောင်းကို နားလည်သေးခြင်းမရှိသည့်အတွက် မိဘဖြစ်သူတို့ဟာ သားသမီးတို့ကို သွန်သင်ဆုံးမကာ လမ်းပြပေးရပေလိမ့်မည်။

သားသမီးတို့၏ ဘဝကိုလွယ်ကူစွာဖြတ်သန်းနိုင်ရန်အတွက် သင်ပြပေးရမည်မှာ မိဘတို့၏ တာဝန်ဖြစ်ပေသည်။ ယခုတွင်လည်း မိခင်ဖြစ်သူတစ်ဦးဟာ သားငယ်လေးကို ငယ်စဉ်ကတည်းကပင် ပိုက်ဆံများကို စုဆောင်းတတ်စေရန် သင်ကြားပေးထားတာဖြစ်ပါတယ်။

သားငယ်လေးဟာလည်း မုန့်ဖိုးရသည့် ပိုက်ဆံလေးတွေကို စုဗူးထဲထည့်နေသည့်အချိန်တွင် မိခင်ဖြစ်သူဟာ စူးစမ်းသည့်သဘောဖြင့် စုထားသော ပိုက်ဆံတွေကို ဘာလုပ်မှာလဲဟု မေးမြန်းခဲ့တာဖြစ်ပါတယ်။

ထိုအခါ သားဖြစ်သူဟာလည်း မိန်းမယူဖို့အတွက် ပိုက်ဆံစုနေခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သောကြောင့် အံ့သြကာ သဘောကျနေခဲ့ပါတယ်။

crd




