သင့် လက်ကိုင်ဖုန်းကို လုံးဝ မထားသင့်သောနေရာ ၁၀ မျိုး
လက်ကိုင်ဖုန်းတွေဟာ ယနေ့ ခေတ်အခါမှာ လူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်နေပါပြီ။
အိမ်သာသွားရင်တောင်မှ လက်ကိုင်ဖုန်းပါမှ လုံလောက်မယ်လို့ ပြောရမယ့် အခြေအနေပါ။
သင့်လက်ကိုင်ဖုန်းကို စနစ်တကျ အသုံးပြုရင် ကျန်းမာရေးကို ထိခိုက်မှု မရှိနိုင်ပေမယ့် ဖုန်းအသုံးပြုပုံ၊ အသုံးပြုနည်း မမှန်ကန်ရင် (ဥပမာ တစ်ချိန်လုံး ဂိမ်းဆော့နေတာ၊အချိန်ပြည့် ဖေ့စ်ဘွတ်ခ် ကြည့်နေတာ၊
ဖုန်းကို နားနဲ့ကပ်ပြီး အချိန် အကြာကြီး စကား ပြောနေတာ) ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
ဒါ့အပြင် သင့်ဖုန်းကို ထားတဲ့နေရာကြောင့် လည်း သင့်ကျန်းမာရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
အောက်မှာ ပြောထားတာတွေက သင့်လက်ကိုင်ဖုန်း မထားသင့်တဲ့ နေရာတွေပါ။
၁။ ဘောင်းဘီအနောက်ဘက်အိတ် – ဒီနေရာက အမျိုးသားတွေအတွက် လက်ကိုင်ဖုန်းထားဖို့ အကြိုက်ဆုံးနေရာပါ။
ဘောင်းဘီအနောက်ဘက် အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ဖုန်းခလုတ်နဲ့ မတော်တဆထိမိပြီး ဖုန်းခေါ်မိသွားတာမျိုးတွေ ဖြစ်နိုင်သလို ရုတ်တရက် ထိုင်မိတာကြောင့် ဖုန်းမျက်နှာပြင်ကွဲတာ၊ ဖုန်း ပြုတ်ကျပြီး ပျောက်ရှတာတွေ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အနောက်ဘက်အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ခြေထောက် နာကျင်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။
၂။ ဘောင်းဘီအရှေ့ဘက် အိတ်တွင် ထားခြင်း – ဘောင်းဘီအရှေ့ဘက်အိတ်မှာ ဖုန်းထားဖို့လည်း မသင့်တော်ပါဘူး။
အဲဒီ နေရာမှာ ဖုန်းထည့်ထားတာက ဖုန်းကနေ ထွက်လာတဲ့ သံလိုက်ရောင်ခြည်တွေကြောင့် သုက်ပိုး အရေအတွက်နဲ့ အရည် အသွေး ကျဆင်းနိုင်ပါတယ်။
၃။ အတွင်းခံ အင်္ကျီကြားတွင် ထိုးခြင်း – အမျိုးသမီးတွေ အနေနဲ့ ဆိုင်ကယ် စီးတဲ့အခါမှာ ဖုန်းပြုတ်ကျမှာ စိုးလို့ အတွင်းခံအင်္ကျီကြား အလွယ်ညှပ်လိုက်တာမျိုး ရှိတတ်ပါတယ်။
ဒီလိုထည့်ထားတာက ဖုန်းကလာတဲ့ ရောင်ခြည်တွေကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။
၄။ ပေါင်တံအထိ အရှည်ရှိတဲ့ စလင်းဘက်အိတ် သေးသေးအတွင်းတွင် ထားခြင်း – ဒီလိုမျိုး ဖုန်းသယ်ဆောင်တတ်သူတွေက တင်ပဆုံနဲ့ ပေါင်တံတစ်ဝိုက်က အရိုးတွေ အားနည်းသွားနိုင်ပါတယ်။
စလင်းဘက်အိတ် သေးသေးအသုံးပြုမယ့်အစား အိတ်ကြီးကြီး အသုံးပြုပြီး သယ်ဆောင်သွားပါ။
၅။ အရေပြားနှင့် ထိကပ်စွာ ထားခြင်း – လက်ကိုင်ဖုန်းနဲ့ စကားပြောတဲ့အခါ မှာ ဘလူးတုသ်ကို အသုံးမပြုဘဲ ဒါမှမဟုတ် စပီကာ မဖွင့်ဘဲ နားနဲ့ကပ်ပြီး အသုံးပြုတဲ့ နည်းလမ်းကလည်း မှားပါ တယ်။
ဒီလို အသုံးပြုတာက ဖုန်းမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေက သင့် အရေပြားပေါ် အလွယ်တကူ ရောက်သွားပြီး အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဖုန်းပြောချင်တဲ့အခါမှာ သင့် မျက်နှာနဲ့ အနည်းငယ်ခွာပြီး ပြောပါ။
၆။ တစ်ညတာလုံး ဖုန်းအားသွင်း ထားခြင်း – ကျွန်မတို့ အများစုဟာ တစ်နေ့တာလုံး ဖုန်းအသုံးပြုထားတဲ့အတွက် နောက်တစ်နေ့ အသုံးပြုတဲ့အခါ ဘက်ထရီအား အပြည့်ဖြစ်နေဖို့ တစ်ညတာလုံး ဖုန်းအား သွင်းလေ့ ရှိကြပါတယ်။
ဒီလိုဖုန်းအား သွင်းတာက ဖုန်းဘက်ထရီသက်တမ်း တိုစေပြီး ဖုန်းပျက်စီးလွယ်နိုင်ပါတယ်။
၇။ အလွန် အေးသောနေရာတွင် ထားခြင်း – သင့်လက်ကိုင်ဖုန်းထဲမှ ပါဝင် ပစ္စည်းတွေအားလုံးဟာ အပူချိန်အကွာ အခြားအနည်းငယ်အတွင်းမှာသာ ခံနိုင် ရည်ရှိအောင် တည်ဆောက်ထားတာပါ။
သူခံနိုင်ရည်ရှိတဲ့ အပူချိန် အကွာအခြား ထက် ကျော်လွန်နေရင် ဖုန်းပျက်စီး လွယ်ပါတယ်။
ဥပမာအားဖြင့် ပြင်ပအပူ ချိန် သုညဒီဂရီရှိတဲ့နေရာမှာ ဖုန်းထားရာကနေ Heater ဖွင့်ထားတဲ့ အိမ်ထဲကို သယ်ဆောင်လာတဲ့အခါမှာ ဖုန်းပျက်စီး နိုင်ပါတယ်။
၈။ အလွန်ပူသော နေရာတွင် ထားခြင်း – အလွန်ပူတဲ့နေရာမှာ ဖုန်းထားတာကလည်း ဖုန်းအတွင်းက ဘက်ထရီ အလွယ်တကူ ပျက်စီးနိုင်ပါတယ်။
သင် ရဲ့လက်ကိုင်ဖုန်းကို မီးဖိုလိုမျိုး အပူချိန် မြင့်မားတဲ့နေရာနဲ့ နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက် ထိတွေ့မယ့်နေရာတွေမှာ မထားသင့်ပါဘူး။
၉။ သင့်ကလေးငယ် တွန်းလှည်း အတွင်းတွင် ထည့်ထားခြင်း – နို့စို့ကလေးတွေရဲ့ မိခင်တွေအနေနဲ့ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ကလေးငယ်ရဲ့ တွန်းလှည်းအတွင်းက အိတ်တွေထဲမှာ ထည့်ထားလေ့ ရှိတတ်ကြပါတယ်။
သင်ကိုယ်ဝန်ဆောင်ထားစဉ်မှာ လက်ကိုင်ဖုန်းသုံးတာကြောင့် သန္ဓေသားတွေက လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများတာ ဒါမှမဟုတ် မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများ တာတွေကြောင့် အာရုံစူးစိုက်မရတဲ့ ပြဿနာနဲ့ အတက်ကြွလွန် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၁၀။ သင့်ခေါင်းအုံးအောက်တွင် ထားခြင်း – ဒီလိုထားတတ်တာကြောင့် ကျန်းမာရေး ပြ ဿနာမျိုးစုံ ဖြစ်နိုင်ပါတယ်။
ပထမဆုံးအနေနဲ့ ဖုန်းကလာတဲ့ ရောင်ခြည် တွေကြောင့် အိပ်စက်မှုဟော်မုန်းထုတ် လုပ်မှုမှာ အနှောင့် အယှက် ဖြစ်သွားတဲ့အတွက် အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ဖုန်းက ထွက်လာတဲ့ ရောင်ခြည် တွေကြောင့် ခေါင်းမူးတာနဲ့ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
ဖုန်းအားသွင်းထားတဲ့ အချိန်မှာ ခေါင်းအုံး အောက်ထဲ ထည့်ထားတာကြောင့် ဖုန်း ပေါက်ကွဲတာ၊ မီးလောင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် သင့်လက်ကိုင်ဖုန်းထားဖို့ အသင့်တော်ဆုံးက အိမ်ပြင်ထွက်ရင် အိတ်ကြီးကြီးထဲထည့် သယ်ဆောင်တာ
ဒါမှမဟုတ် သင့်လက်နဲ့ ကိုင်သွားတာတွေဖြစ်ပြီး အိပ်တဲ့အခါမှာ အိပ်ရာ၊ ခုတင်ဘေးနားက စားပွဲခုံပေါ်မှာ တင်ထားတာမျိုးတွေပါ။
သင့္ လက္ကိုင္ဖုန္းကို လုံးဝ မထားသင့္ေသာေနရာ ၁၀ မ်ိဳး
လက္ကိုင္ဖုန္းေတြဟာ ယေန႔ ေခတ္အခါမွာ လူတိုင္းအတြက္ မရွိမျဖစ္ ပစၥည္းတစ္ခု ျဖစ္ေနပါၿပီ။
အိမ္သာသြားရင္ေတာင္မွ လက္ကိုင္ဖုန္းပါမွ လုံေလာက္မယ္လို႔ ေျပာရမယ့္ အေျခအေနပါ။
သင့္လက္ကိုင္ဖုန္းကို စနစ္တက် အသုံးျပဳရင္ က်န္းမာေရးကို ထိခိုက္မႈ မရွိႏိုင္ေပမယ့္ ဖုန္းအသုံးျပဳပုံ၊ အသုံးျပဳနည္း မမွန္ကန္ရင္ (ဥပမာ တစ္ခ်ိန္လုံး ဂိမ္းေဆာ့ေနတာ၊အခ်ိန္ျပည့္ ေဖ့စ္ဘြတ္ခ္ ၾကည့္ေနတာ၊
ဖုန္းကို နားနဲ႔ကပ္ၿပီး အခ်ိန္ အၾကာႀကီး စကား ေျပာေနတာ) က်န္းမာေရးကို ထိခိုက္ႏိုင္ပါတယ္။
ဒါ့အျပင္ သင့္ဖုန္းကို ထားတဲ့ေနရာေၾကာင့္ လည္း သင့္က်န္းမာေရးကို အေႏွာင့္အယွက္ ျဖစ္ေစႏိုင္ပါတယ္။
ေအာက္မွာ ေျပာထားတာေတြက သင့္လက္ကိုင္ဖုန္း မထားသင့္တဲ့ ေနရာေတြပါ။
၁။ ေဘာင္းဘီအေနာက္ဘက္အိတ္ – ဒီေနရာက အမ်ိဳးသားေတြအတြက္ လက္ကိုင္ဖုန္းထားဖို႔ အႀကိဳက္ဆုံးေနရာပါ။
ေဘာင္းဘီအေနာက္ဘက္ အိတ္မွာ ဖုန္းထည့္ထားတာေၾကာင့္ ဖုန္းခလုတ္နဲ႔ မေတာ္တဆထိမိၿပီး ဖုန္းေခၚမိသြားတာမ်ိဳးေတြ ျဖစ္ႏိုင္သလို ႐ုတ္တရက္ ထိုင္မိတာေၾကာင့္ ဖုန္းမ်က္ႏွာျပင္ကြဲတာ၊ ဖုန္း ျပဳတ္က်ၿပီး ေပ်ာက္ရွတာေတြ ျဖစ္ႏိုင္ပါတယ္။
ဒါ့အျပင္ အေနာက္ဘက္အိတ္မွာ ဖုန္းထည့္ထားတာေၾကာင့္ ေျခေထာက္ နာက်င္တဲ့ေဝဒနာ ခံစားရႏိုင္ပါတယ္။
၂။ ေဘာင္းဘီအေရွ႕ဘက္ အိတ္တြင္ ထားျခင္း – ေဘာင္းဘီအေရွ႕ဘက္အိတ္မွာ ဖုန္းထားဖို႔လည္း မသင့္ေတာ္ပါဘူး။
အဲဒီ ေနရာမွာ ဖုန္းထည့္ထားတာက ဖုန္းကေန ထြက္လာတဲ့ သံလိုက္ေရာင္ျခည္ေတြေၾကာင့္ သုက္ပိုး အေရအတြက္နဲ႔ အရည္ အေသြး က်ဆင္းႏိုင္ပါတယ္။
၃။ အတြင္းခံ အက်ႌၾကားတြင္ ထိုးျခင္း – အမ်ိဳးသမီးေတြ အေနနဲ႔ ဆိုင္ကယ္ စီးတဲ့အခါမွာ ဖုန္းျပဳတ္က်မွာ စိုးလို႔ အတြင္းခံအက်ႌၾကား အလြယ္ညႇပ္လိုက္တာမ်ိဳး ရွိတတ္ပါတယ္။
ဒီလိုထည့္ထားတာက ဖုန္းကလာတဲ့ ေရာင္ျခည္ေတြေၾကာင့္ သားျမတ္ကင္ဆာ ျဖစ္ႏိုင္ေျခ ျမင့္မားႏိုင္ပါတယ္။
၄။ ေပါင္တံအထိ အရွည္ရွိတဲ့ စလင္းဘက္အိတ္ ေသးေသးအတြင္းတြင္ ထားျခင္း – ဒီလိုမ်ိဳး ဖုန္းသယ္ေဆာင္တတ္သူေတြက တင္ပဆုံနဲ႔ ေပါင္တံတစ္ဝိုက္က အ႐ိုးေတြ အားနည္းသြားႏိုင္ပါတယ္။
စလင္းဘက္အိတ္ ေသးေသးအသုံးျပဳမယ့္အစား အိတ္ႀကီးႀကီး အသုံးျပဳၿပီး သယ္ေဆာင္သြားပါ။
၅။ အေရျပားႏွင့္ ထိကပ္စြာ ထားျခင္း – လက္ကိုင္ဖုန္းနဲ႔ စကားေျပာတဲ့အခါ မွာ ဘလူးတုသ္ကို အသုံးမျပဳဘဲ ဒါမွမဟုတ္ စပီကာ မဖြင့္ဘဲ နားနဲ႔ကပ္ၿပီး အသုံးျပဳတဲ့ နည္းလမ္းကလည္း မွားပါ တယ္။
ဒီလို အသုံးျပဳတာက ဖုန္းမ်က္ႏွာျပင္ေပၚက ဘက္တီးရီးယားေတြက သင့္ အေရျပားေပၚ အလြယ္တကူ ေရာက္သြားၿပီး အေရျပားျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။
ဖုန္းေျပာခ်င္တဲ့အခါမွာ သင့္ မ်က္ႏွာနဲ႔ အနည္းငယ္ခြာၿပီး ေျပာပါ။
၆။ တစ္ညတာလုံး ဖုန္းအားသြင္း ထားျခင္း – ကြၽန္မတို႔ အမ်ားစုဟာ တစ္ေန႔တာလုံး ဖုန္းအသုံးျပဳထားတဲ့အတြက္ ေနာက္တစ္ေန႔ အသုံးျပဳတဲ့အခါ ဘက္ထရီအား အျပည့္ျဖစ္ေနဖို႔ တစ္ညတာလုံး ဖုန္းအား သြင္းေလ့ ရွိၾကပါတယ္။
ဒီလိုဖုန္းအား သြင္းတာက ဖုန္းဘက္ထရီသက္တမ္း တိုေစၿပီး ဖုန္းပ်က္စီးလြယ္ႏိုင္ပါတယ္။
၇။ အလြန္ ေအးေသာေနရာတြင္ ထားျခင္း – သင့္လက္ကိုင္ဖုန္းထဲမွ ပါဝင္ ပစၥည္းေတြအားလုံးဟာ အပူခ်ိန္အကြာ အျခားအနည္းငယ္အတြင္းမွာသာ ခံႏိုင္ ရည္ရွိေအာင္ တည္ေဆာက္ထားတာပါ။
သူခံႏိုင္ရည္ရွိတဲ့ အပူခ်ိန္ အကြာအျခား ထက္ ေက်ာ္လြန္ေနရင္ ဖုန္းပ်က္စီး လြယ္ပါတယ္။
ဥပမာအားျဖင့္ ျပင္ပအပူ ခ်ိန္ သုညဒီဂရီရွိတဲ့ေနရာမွာ ဖုန္းထားရာကေန Heater ဖြင့္ထားတဲ့ အိမ္ထဲကို သယ္ေဆာင္လာတဲ့အခါမွာ ဖုန္းပ်က္စီး ႏိုင္ပါတယ္။
၈။ အလြန္ပူေသာ ေနရာတြင္ ထားျခင္း – အလြန္ပူတဲ့ေနရာမွာ ဖုန္းထားတာကလည္း ဖုန္းအတြင္းက ဘက္ထရီ အလြယ္တကူ ပ်က္စီးႏိုင္ပါတယ္။
သင္ ရဲ႕လက္ကိုင္ဖုန္းကို မီးဖိုလိုမ်ိဳး အပူခ်ိန္ ျမင့္မားတဲ့ေနရာနဲ႔ ေနေရာင္ျပင္းျပင္းနဲ႔ တိုက္႐ိုက္ ထိေတြ႕မယ့္ေနရာေတြမွာ မထားသင့္ပါဘူး။
၉။ သင့္ကေလးငယ္ တြန္းလွည္း အတြင္းတြင္ ထည့္ထားျခင္း – ႏို႔စို႔ကေလးေတြရဲ႕ မိခင္ေတြအေနနဲ႔ သူတို႔ရဲ႕ လက္ကိုင္ဖုန္းေတြကို ကေလးငယ္ရဲ႕ တြန္းလွည္းအတြင္းက အိတ္ေတြထဲမွာ ထည့္ထားေလ့ ရွိတတ္ၾကပါတယ္။
သင္ကိုယ္ဝန္ေဆာင္ထားစဥ္မွာ လက္ကိုင္ဖုန္းသုံးတာေၾကာင့္ သေႏၶသားေတြက လက္ကိုင္ဖုန္းနဲ႔ ထိေတြ႕မႈမ်ားတာ ဒါမွမဟုတ္ ေမြးကင္းစ ကေလးငယ္ေတြ အေနနဲ႔ လက္ကိုင္ဖုန္းနဲ႔ ထိေတြ႕မႈမ်ား တာေတြေၾကာင့္ အာ႐ုံစူးစိုက္မရတဲ့ ျပႆနာနဲ႔ အတက္ႂကြလြန္ ျပႆနာေတြ ျဖစ္လာႏိုင္ပါတယ္။
၁၀။ သင့္ေခါင္းအုံးေအာက္တြင္ ထားျခင္း – ဒီလိုထားတတ္တာေၾကာင့္ က်န္းမာေရး ျပ ႆနာမ်ိဳးစုံ ျဖစ္ႏိုင္ပါတယ္။
ပထမဆုံးအေနနဲ႔ ဖုန္းကလာတဲ့ ေရာင္ျခည္ ေတြေၾကာင့္ အိပ္စက္မႈေဟာ္မုန္းထုတ္ လုပ္မႈမွာ အေႏွာင့္ အယွက္ ျဖစ္သြားတဲ့အတြက္ အိပ္မေပ်ာ္တာ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မရတာေတြ ျဖစ္လာႏိုင္ပါတယ္။
ဒါ့အျပင္ ဖုန္းက ထြက္လာတဲ့ ေရာင္ျခည္ ေတြေၾကာင့္ ေခါင္းမူးတာနဲ႔ ေခါင္းကိုက္တာ စတဲ့ ေဝဒနာေတြ ခံစားရႏိုင္ပါတယ္။
ဖုန္းအားသြင္းထားတဲ့ အခ်ိန္မွာ ေခါင္းအုံး ေအာက္ထဲ ထည့္ထားတာေၾကာင့္ ဖုန္း ေပါက္ကြဲတာ၊ မီးေလာင္တာေတြလည္း ျဖစ္လာႏိုင္ပါတယ္။
ဒါေၾကာင့္ သင့္လက္ကိုင္ဖုန္းထားဖို႔ အသင့္ေတာ္ဆုံးက အိမ္ျပင္ထြက္ရင္ အိတ္ႀကီးႀကီးထဲထည့္ သယ္ေဆာင္တာ
ဒါမွမဟုတ္ သင့္လက္နဲ႔ ကိုင္သြားတာေတြျဖစ္ၿပီး အိပ္တဲ့အခါမွာ အိပ္ရာ၊ ခုတင္ေဘးနားက စားပြဲခုံေပၚမွာ တင္ထားတာမ်ိဳးေတြပါ။