လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်မကောင်းစရာ သတင်းတွေအပြင် တစ်ကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ရောဂါကြောင့် လူအများအပြား သေဆုံးနေရတဲ့ မြင်ကွင်းတွေကိုလည်း နေ့ရောညပါ တွေ့မြင်နေရပါတယ်

ဒါ့အပြင် နေအိမ်တွေမှာ ကုသနေကြတဲ့ ကိုဗစ်လူနာတွေများလာတာနဲ့အမျှ အောက်ဆီဂျင်များ အလွယ်တကူမရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလို အောက်ဆီဂျင်များအလွယ်တကူ အရေးပေါ်မရရှိတာကြောင့် ချစ်ရသူတွေကို မျက်စိအောက်မှာပဲ ဆုံးရှုံးခဲ့ရပါတယ်။

တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတဲ့ Covid – 19 ရောဂါက အရင်ထက်ပိုမို အားပြင်းပြီး သေဆုံးမှုတွေလည်း များစွာရှိနေပါတယ် ။ ဒီလို ပိုမိုပြင်းထန်လာတဲ့ ကိုဗစ်ရောဂါအခြေအနေတွေမှာ အဓိက လူနာတွေ သေဆုံးကြရတာကတော့ အောက်ဆီဂျင် မလုံလောက်မှု ပြဿနာပဲဖြစ်ပါတယ် ။ ကူးစက်သူတွေ များပြားလာတာကြောင့် အောက်ဆီဂျင်အိုးတွေဆို လူများစွာ လာရောက် တန်းစီ ယူကြရသည်အထိပါပဲ ။
လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း နေ့ရော ညရော အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ များပြားလွန်းနေတာကို တွေ့ရပါတယ် ။
အောက်ဆီဂျင်မရရှိဘဲ အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိနေပြီး အောက်ဆီဂျင်ဖြည့်ပေးတဲ့ဆိုင်တွေမှာ ညခင်းတွေအထိ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

အောက်ဆီဂျင်ဖြည့်ပေးတဲ့ စက်ရုံအချို့ဟာ ပုဂ္ဂလိကပြည်သူများသို့ အောက်စီဂျင်ဖြည့်သွင်းမှု ရပ်ဆိုင်းရန်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်းလိုက်ကြပြီး ပြည်သူအများအပြားဒုက္ခရောက်နေကြပါတယ်။
ယခုမှာလည်း အောက်ဆီဂျင်အလွယ်တကူမရတဲ့ ပြဿနာကြောင့် စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခု ကြားသိခဲ့ရပါတယ်။ ဒီဖြစ်ရပ်လေးကတော့ အရေးပေါ်အသက်ရှုဖို့အောက်ဆီဂျင် ရဖို့ ၁၁ ကြိမ်တိတိ အကူအညီတောင်းခံနေရင်း သေဆုံးသွားခဲ့ရပြီ ဖြစ်တဲ့ အနောက်ပိုင်းနည်းပညာတက္ကသိုလ် ဗိသုကာမေဂျာ က ကျောင်းသားလေး T Mono
T Mono က အောက်ဆီဂျင် level 55 အထိ ထိုးကျနေခဲ့လို့ အောက်ဆီဂျင် လိုအပ်မှု အကူအညီကို သူရဲ့ လူမှုကွန်ယက် ကနေ ၁၁ ကြိမ်တိတိ တင်ပြီး တောင်းဆိုခဲ့သော်လည်း အောက်ဆီဂျင် မရရှိခဲ့ပဲ ကွယ်လွန်သွားခဲ့ရပါတယ်။
ဒီဝမ်းနည်းစရာ ဖြစ်ရပ်လေးကို ဆရာမတစ်ဦးကလည်း ပြောပြလာပါတယ်။”ကြယ်ကြွေ ညရဲ့ ပုံပြင်”(သို့) ကြွေလွင့်သွားသောဗိသုကာ ကြယ်လေးတစ်ပွင့်ဆီသို့ …
ယနေ့ ဝမ်းနည်းစရာ သတင်းစကား လေလိုင်းကြားကရောက်လာခဲ့တယ် …
WYTU ဗိသုကာအတန်း Final Year Thesis ပြုလုပ်နေဆဲ ကျမရဲ့ Supervisor ကလေး ဆုံးသွားတယ်တဲ့။ ဘယ်သူလို့ အကြိမ်ကြိမ်မေးမိအောင်ပါပဲ။
တစ်အိမ်သားလုံးနဲ့အတူ တိုက်ပွဲဝင်ရင်း မနေ့က O2 Level (55) အောက်ရောက်လို့ အကူအညီတောင်းခံခဲ့တဲ့ပိုစ့်တွေကိုမြင်မိတော့ ရင်တွေနာလှတယ်။ အဝေးကပဲ သတိတွေပေးမိနေမိသူတွေကို အပူမစီးကူးရလေအောင် ဂိမ်းဆော့နေသလို Level တက်လာပြီချယ် “သားအဆင်ပြေပါတယ်” တဲ့လေ ။
Design ရဲ့အခြေခံ ကကြီး၊ခခွေးတန်းကစ ဗိသုကာပညာရပ်ကိုအလေးထားသူအဖြစ် သတိထားမိခဲ့သူတစ်ဦးပါ။ “နေနေ”လို့တမျိုး “မိုနို”လိုတခါခေါ်ဆိုကြတဲ့ နေသီဟနိုင် ပေါ့။ လူပုံလေးက ခပ်ပြည့်ပြည့် နှုတ်ခမ်းထော်ထော်လေးနဲ့ အမြဲဆူပုတ်နေပုံက ချစ်စရာကောင်းသလောက် စာသင်ချိန်တိုင်း ရုပ်တည်ကြီးနဲ့ မထင်မှတ်ပဲအရွှန်းဖောက်လေ့ရှိတဲ့ကျမရဲ့အတန်းချိန်တိုင်း အူလိုက်သည်းလိုက် အသံနက်ကြီးနဲ့ အရယ်သန်လှတဲ့ သူ့အသံဘက်ပြဲကြီးကိုတော့ မနှစ်မြို့ခဲ့ပါ။
(ဒါကို Thesis တွေဆွေးနွေးရင်း သား အားနည်းချက်/အားသာချက်လေးပြောပြပါလားချယ်ဆိုလို့ သူသိသွားတော့ ရယ်သံလေးပါ သာယာအောင် ဖန်တီးပါ့မယ်တီချယ်ဆိုလို့ ရယ်ခဲ့ရသေးတယ်လေ) Activity တိုင်းမှာ တက်ကြွစွာပါဝင်ခဲ့သူ၊ ဌာနရဲ့ စာကြည့်တိုက်လေးမှာ အများကြီး အားထည့်ပေးခဲ့သူလေး တယောက်ပါ။
သူကတော့ စတွေ့ကတည်းက ကျမရဲ့မျက်လုံးတွေနဲ့အပြုံးတွေကို သတိထားမိသတဲ့၊ ရဲရင့်ပြတ်သားတဲ့ တီချယ့်မျက်လုံး၊အကြည့်တွေကိုသဘောကျသလို တီချယ်အပြောတွေက သားတို့တွေကို ခွန်အားဖြစ်စေသတဲ့လေ … ခုတော့ လေလိုင်းကြားကစကားတွေက အားမဖြစ်စေနိုင်ခဲ့သလို မျက်လုံးတွေလည်း မှေးမှိန်နေတာကြာခဲ့ပါပြီ သားရေ 😭😭
ဆရာတပည့်နှစ်ယောက် ရေစက်ရှိစွာ Thesis Supervisor တဖြစ် “Myanmar Performing Arts Center,Mandalay” ဆိုတော့ သူနဲ့အပြိုင် ကိုယ်ပါ အနုပညာတောမှာ မျောခဲ့ရတာပေါ့ … ခုတော့ သူမြတ်နိုးတဲ့ခေါင်းစဉ်လေး အဆုံးသတ်မသွားခဲ့ရသလို B. Arch ဘွဲ့လေးလည်း ရမသွားခဲ့ရပြန်ဘူး 😭😭
သူအကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့တဲ့ သူဝါသနာပါရာ ဂျုံအရုပ်လေးတွေ၊ စက္ကူ မျက်နှာဖုံးလေးတွေ နဲ့ Detail ဆန်လှတဲ့ သူ့အနုသုခုမှလက်ရာတွေ ဖန်တီးထားရာ Studio လေးစီ အရောက်မသွားမိခဲ့တာ ခုချိန်မှာနောင်တတွေရနေမိပါတယ် …
သူရဲ့ဖန်တီးချက် Thuno Club၊ Architectural Illustration Class တွေနဲ့ ပါရမီရှိလှတဲ့ အနာဂတ်မှာ တောက်ပမယ့်ကြယ်တပွင့်ကြွေရပြီ၊ အလေးထားသူတွေ အရေးမပါတဲ့အချိန်မို့ ယူကြုံးမရဖြစ်ရပါတယ် ..
2021 ကပေးဆပ်မှု့တွေ ဆုံးရှုံးမှုတွေများလိုက်တာ … တချို့အတွက် ရာထူး၊အလုပ်တွေစွန့်ခဲ့ရသလို တချို့က အိုးအိမ်တွေပါမက နာမ်ရုပ်တွေပါ ပျက်ဆီးပျောက်ကွယ်သွားရတဲ့အပြင် အနုပညာတွေပါ ခမ်းခြောက်လာရပြီ 😭😭
ဒီညတော့ ကောင်းကင်ကြီးတစ်ခုလုံးမှာ ကြယ်တွေ ဆုံတော့မယ် မထင်ဘူးသားရေ … ကောင်းမွန်ရာ ဘုံဘဝမှာ အနုလက်ရာတွေ ဆက်လက် ဖန်တီးနိင်ပါစေ ဘဝဆက်တိုင်း လိုတိုင်းတ ရနိုင်ပါစေ 🙏🙏🙏
Credit
Zawgyi
လတ္တေလာမွာ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ စိတ္မေကာင္းစရာ သတင္းေတြအျပင္ တစ္ေက်ာ့ျပန္ကူးစက္လာတဲ့ ကိုဗစ္ေရာဂါေၾကာင့္ လူအမ်ားအျပား ေသဆုံးေနရတဲ့ ျမင္ကြင္းေတြကိုလည္း ေန႔ေရာညပါ ေတြ႕ျမင္ေနရပါတယ္။
ဒါ့အျပင္ ေနအိမ္ေတြမွာ ကုသေနၾကတဲ့ ကိုဗစ္လူနာေတြမ်ားလာတာနဲ႔အမွ် ေအာက္ဆီဂ်င္မ်ား အလြယ္တကူမရွိတဲ့ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္။ ဒီလို ေအာက္ဆီဂ်င္မ်ားအလြယ္တကူ အေရးေပၚမရရွိတာေၾကာင့္ ခ်စ္ရသူေတြကို မ်က္စိေအာက္မွာပဲ ဆုံးရႈံးခဲ့ရပါတယ္။
တတိယလႈိင္းအေနနဲ႔ ျမန္မာႏိုင္ငံမွာ တစ္ေက်ာ့ျပန္လည္ ျဖစ္ပြားေနတဲ့ Covid – 19 ေရာဂါက အရင္ထက္ပိုမို အားျပင္းၿပီး ေသဆုံးမႈေတြလည္း မ်ားစြာရွိေနပါတယ္ ။ ဒီလို ပိုမိုျပင္းထန္လာတဲ့ ကိုဗစ္ေရာဂါအေျခအေနေတြမွာ အဓိက လူနာေတြ ေသဆုံးၾကရတာကေတာ့ ေအာက္ဆီဂ်င္ မလုံေလာက္မႈ ျပႆနာပဲျဖစ္ပါတယ္ ။ ကူးစက္သူေတြ မ်ားျပားလာတာေၾကာင့္ ေအာက္ဆီဂ်င္အိုးေတြဆို လူမ်ားစြာ လာေရာက္ တန္းစီ ယူၾကရသည္အထိပါပဲ ။
လူမႈကြန္ရက္ စာမ်က္ႏွာေတြ ထက္မွာလည္း ေန႔ေရာ ညေရာ ေအာက္ဆီဂ်င္လိုအပ္လို႔ အကူအညီ ေတာင္းခံၾကသူေတြ မ်ားျပားလြန္းေနတာကို ေတြ႕ရပါတယ္ ။
ေအာက္ဆီဂ်င္မရရွိဘဲ အသက္ေသဆုံးသြားတဲ့ ျပည္သူေတြလည္းရွိေနၿပီး ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ဆိုင္ေတြမွာ ညခင္းေတြအထိ တန္းစီေစာင့္ဆိုင္းေနၾကပါတယ္။
ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ စက္႐ုံအခ်ိဳ႕ဟာ ပုဂၢလိကျပည္သူမ်ားသို႔ ေအာက္စီဂ်င္ျဖည့္သြင္းမႈ ရပ္ဆိုင္းရန္ဆိုတဲ့ ၫႊန္ၾကားခ်က္ေၾကာင့္ ရပ္ဆိုင္းလိုက္ၾကၿပီး ျပည္သူအမ်ားအျပားဒုကၡေရာက္ေနၾကပါတယ္။
ယခုမွာလည္း ေအာက္ဆီဂ်င္အလြယ္တကူမရတဲ့ ျပႆနာေၾကာင့္ စိတ္မေကာင္းစရာ ျဖစ္ရပ္ေလးတစ္ခု ၾကားသိခဲ့ရပါတယ္။ ဒီျဖစ္ရပ္ေလးကေတာ့ အေရးေပၚအသက္ရႈဖို႔ေအာက္ဆီဂ်င္ ရဖို႔ ၁၁ ႀကိမ္တိတိ အကူအညီေတာင္းခံေနရင္း ေသဆုံးသြားခဲ့ရၿပီ ျဖစ္တဲ့ အေနာက္ပိုင္းနည္းပညာတကၠသိုလ္ ဗိသုကာေမဂ်ာ က ေက်ာင္းသားေလး T Mono
T Mono က ေအာက္ဆီဂ်င္ level 55 အထိ ထိုးက်ေနခဲ့လို႔ ေအာက္ဆီဂ်င္ လိုအပ္မႈ အကူအညီကို သူရဲ႕ လူမႈကြန္ယက္ ကေန ၁၁ ႀကိမ္တိတိ တင္ၿပီး ေတာင္းဆိုခဲ့ေသာ္လည္း ေအာက္ဆီဂ်င္ မရရွိခဲ့ပဲ ကြယ္လြန္သြားခဲ့ရပါတယ္။
ဒီဝမ္းနည္းစရာ ျဖစ္ရပ္ေလးကို ဆရာမတစ္ဦးကလည္း ေျပာျပလာပါတယ္။”ၾကယ္ေႂကြ ညရဲ႕ ပုံျပင္”(သို႔) ေႂကြလြင့္သြားေသာဗိသုကာ ၾကယ္ေလးတစ္ပြင့္ဆီသို႔ …
ယေန႔ ဝမ္းနည္းစရာ သတင္းစကား ေလလိုင္းၾကားကေရာက္လာခဲ့တယ္ …
WYTU ဗိသုကာအတန္း Final Year Thesis ျပဳလုပ္ေနဆဲ က်မရဲ႕ Supervisor ကေလး ဆုံးသြားတယ္တဲ့။ ဘယ္သူလို႔ အႀကိမ္ႀကိမ္ေမးမိေအာင္ပါပဲ။
တစ္အိမ္သားလုံးနဲ႔အတူ တိုက္ပြဲဝင္ရင္း မေန႔က O2 Level (55) ေအာက္ေရာက္လို႔ အကူအညီေတာင္းခံခဲ့တဲ့ပိုစ့္ေတြကိုျမင္မိေတာ့ ရင္ေတြနာလွတယ္။ အေဝးကပဲ သတိေတြေပးမိေနမိသူေတြကို အပူမစီးကူးရေလေအာင္ ဂိမ္းေဆာ့ေနသလို Level တက္လာၿပီခ်ယ္ “သားအဆင္ေျပပါတယ္” တဲ့ေလ ။
Design ရဲ႕အေျခခံ ကႀကီး၊ခေခြးတန္းကစ ဗိသုကာပညာရပ္ကိုအေလးထားသူအျဖစ္ သတိထားမိခဲ့သူတစ္ဦးပါ။ “ေနေန”လို႔တမ်ိဳး “မိုႏို”လိုတခါေခၚဆိုၾကတဲ့ ေနသီဟႏိုင္ ေပါ့။ လူပုံေလးက ခပ္ျပည့္ျပည့္ ႏႈတ္ခမ္းေထာ္ေထာ္ေလးနဲ႔ အၿမဲဆူပုတ္ေနပုံက ခ်စ္စရာေကာင္းသေလာက္ စာသင္ခ်ိန္တိုင္း ႐ုပ္တည္ႀကီးနဲ႔ မထင္မွတ္ပဲအ႐ႊန္းေဖာက္ေလ့ရွိတဲ့က်မရဲ႕အတန္းခ်ိန္တိုင္း အူလိုက္သည္းလိုက္ အသံနက္ႀကီးနဲ႔ အရယ္သန္လွတဲ့ သူ႔အသံဘက္ၿပဲႀကီးကိုေတာ့ မႏွစ္ၿမိဳ႕ခဲ့ပါ။
(ဒါကို Thesis ေတြေဆြးေႏြးရင္း သား အားနည္းခ်က္/အားသာခ်က္ေလးေျပာျပပါလားခ်ယ္ဆိုလို႔ သူသိသြားေတာ့ ရယ္သံေလးပါ သာယာေအာင္ ဖန္တီးပါ့မယ္တီခ်ယ္ဆိုလို႔ ရယ္ခဲ့ရေသးတယ္ေလ) Activity တိုင္းမွာ တက္ႂကြစြာပါဝင္ခဲ့သူ၊ ဌာနရဲ႕ စာၾကည့္တိုက္ေလးမွာ အမ်ားႀကီး အားထည့္ေပးခဲ့သူေလး တေယာက္ပါ။
သူကေတာ့ စေတြ႕ကတည္းက က်မရဲ႕မ်က္လုံးေတြနဲ႔အၿပဳံးေတြကို သတိထားမိသတဲ့၊ ရဲရင့္ျပတ္သားတဲ့ တီခ်ယ့္မ်က္လုံး၊အၾကည့္ေတြကိုသေဘာက်သလို တီခ်ယ္အေျပာေတြက သားတို႔ေတြကို ခြန္အားျဖစ္ေစသတဲ့ေလ … ခုေတာ့ ေလလိုင္းၾကားကစကားေတြက အားမျဖစ္ေစႏိုင္ခဲ့သလို မ်က္လုံးေတြလည္း ေမွးမွိန္ေနတာၾကာခဲ့ပါၿပီ သားေရ 😭😭
ဆရာတပည့္ႏွစ္ေယာက္ ေရစက္ရွိစြာ Thesis Supervisor တျဖစ္ “Myanmar Performing Arts Center,Mandalay” ဆိုေတာ့ သူနဲ႔အၿပိဳင္ ကိုယ္ပါ အႏုပညာေတာမွာ ေမ်ာခဲ့ရတာေပါ့ … ခုေတာ့ သူျမတ္ႏိုးတဲ့ေခါင္းစဥ္ေလး အဆုံးသတ္မသြားခဲ့ရသလို B. Arch ဘြဲ႕ေလးလည္း ရမသြားခဲ့ရျပန္ဘူး 😭😭
သူအႀကိမ္ႀကိမ္ဖိတ္ေခၚခဲ့တဲ့ သူဝါသနာပါရာ ဂ်ဳံအ႐ုပ္ေလးေတြ၊ စကၠဴ မ်က္ႏွာဖုံးေလးေတြ နဲ႔ Detail ဆန္လွတဲ့ သူ႔အႏုသုခုမွလက္ရာေတြ ဖန္တီးထားရာ Studio ေလးစီ အေရာက္မသြားမိခဲ့တာ ခုခ်ိန္မွာေနာင္တေတြရေနမိပါတယ္ …
သူရဲ႕ဖန္တီးခ်က္ Thuno Club၊ Architectural Illustration Class ေတြနဲ႔ ပါရမီရွိလွတဲ့ အနာဂတ္မွာ ေတာက္ပမယ့္ၾကယ္တပြင့္ေႂကြရၿပီ၊ အေလးထားသူေတြ အေရးမပါတဲ့အခ်ိန္မို႔ ယူႀကဳံးမရျဖစ္ရပါတယ္ ..
2021 ကေပးဆပ္မႈ႕ေတြ ဆုံးရႈံးမႈေတြမ်ားလိုက္တာ … တခ်ိဳ႕အတြက္ ရာထူး၊အလုပ္ေတြစြန႔္ခဲ့ရသလို တခ်ိဳ႕က အိုးအိမ္ေတြပါမက နာမ္႐ုပ္ေတြပါ ပ်က္ဆီးေပ်ာက္ကြယ္သြားရတဲ့အျပင္ အႏုပညာေတြပါ ခမ္းေျခာက္လာရၿပီ 😭😭
ဒီညေတာ့ ေကာင္းကင္ႀကီးတစ္ခုလုံးမွာ ၾကယ္ေတြ ဆုံေတာ့မယ္ မထင္ဘူးသားေရ … ေကာင္းမြန္ရာ ဘုံဘဝမွာ အႏုလက္ရာေတြ ဆက္လက္ ဖန္တီးနိင္ပါေစ ဘဝဆက္တိုင္း လိုတိုင္းတ ရႏိုင္ပါေစ 🙏🙏🙏
Credit



