သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ တစ်ချိန်က ဗီဒီယိုခေတ်မှာ ကျော်ကြားခဲ့သူ တစ်ဉီးဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေ အသည်းစွဲကြိုက်နှစ်သက် အားပေးရသူတစ်ယောက်ပါပဲ။
ဥက္ကာမင်းမောင်က လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ အခြေချနေထိုင်နေလျက်ရှိပြီး အနုပညာအလုပ်တွေနဲ့ အနည်းငယ် အဆက်အသွယ် ပြတ်တောက်နေ လျက်ရှိတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဝေးကွာနေပေမယ့် မြန်မာ့နိုင်ငံရေး အကြောင်းကို အမြဲတမ်း နားစွင့်နေတဲ့ ဥက္ကာမင်းမောင်ဟာ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံက အာဏာရူးတွေအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။
“၄ နှစ်တဲ့.. နောက်တော့ ၂ နှစ်တဲ့.. ဥပဒေကို သူတို့ လက်ခုပ်ထဲက ရေလိုပဲ လုပ်ချင်သလိုလုပ် နေကြတဲ့ တိုင်းပြည်.. မိုက်ရိုင်းလိုက်ကြတာ..
အမေစုရော သမ္မတကြီးရော ကျန်းမာပါစေ.. အချုပ်အနှောင်များမှ အမြန်ဆုံး လွတ်မြောက်ပါစေ.. စစ်အာဏာရူးများနှင့် အပေါင်းအပါတသိုက် ဝဋ်ကြီး ဝဋ်ငယ် ပြန်လည်ပါစေ..
အပြစ်မဲ့ပြည်သူတွေ စစ်တပ်နဲ့ ရဲတွေ ယုတ်မာ လူမဆန်မှုကြောင့် အသက်ဆုံးရှုံးရသလို သူတို့လဲ တူသော အကျိုးပြန်ခံစားရပါစေ.. ရင်ထဲ မကောင်းဘူး..” ဆိုပြီး ရင်နင့်စွာ ရေးသားလာခဲ့တာပဲ ဖြစ်ပါတယ်..။
ဥက္ကာမင်းမောင်ကတော့ ဥပဒေကို လက်ခုပ်ထဲကရေလို လုပ်ချင်သလိုလုပ်နေကြတဲ့ အာဏာရူးတွေအားလုံး ဝဋ်ကြီး၊ဝဋ်ငယ်ပြန်လည်ပါစေဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ တဆင့် ကျိန်ဆိုပြောကြား လာတာပဲ ဖြစ်ပါတယ်နော်။
Crd
zawgyi
သရုပ္ေဆာင္ ဥကၠာမင္းေမာင္ကေတာ့ တစ္ခ်ိန္က ဗီဒီယိုေခတ္မွာ ေက်ာ္ၾကားခဲ့သူ တစ္ၪီးျဖစ္ၿပီး ႏႈတ္ခမ္းနီမေလးေတြ အသည္းစြဲႀကိဳက္ႏွစ္သက္ အားေပးရသူတစ္ေယာက္ပါပဲ။
ဥကၠာမင္းေမာင္က လက္ရိွမွာေတာ့ အေမရိကန္ႏိုင္ငံမွာ အေျခခ်ေနထိုင္ေနလ်က္ရိွၿပီး အႏုပညာအလုပ္ေတြနဲ႔ အနည္းငယ္ အဆက္အသြယ္ ျပတ္ေတာက္ေန လ်က္ရိွတာပဲ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံနဲ႔ ေဝးကြာေနေပမယ့္ ျမန္မာ့ႏိုင္ငံေရး အေၾကာင္းကို အၿမဲတမ္း နားစြင့္ေနတဲ့ ဥကၠာမင္းေမာင္ဟာ ဒီတစ္ခါမွာလည္း ျမန္မာႏိုင္ငံက အာဏာရူးေတြအေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။
“၄ ႏွစ္တဲ့.. ေနာက္ေတာ့ ၂ ႏွစ္တဲ့.. ဥပေဒကို သူတို႔ လက္ခုပ္ထဲက ေရလိုပဲ လုပ္ခ်င္သလိုလုပ္ ေနၾကတဲ့ တိုင္းျပည္.. မိုက္ရိုင္းလိုက္ၾကတာ..
အေမစုေရာ သမၼတႀကီးေရာ က်န္းမာပါေစ.. အခ်ဳပ္အေနွာင္မ်ားမွ အျမန္ဆံုး လြတ္ေျမာက္ပါေစ.. စစ္အာဏာရူးမ်ားႏွင့္ အေပါင္းအပါတသိုက္ ဝဋ္ႀကီး ဝဋ္ငယ္ ျပန္လည္ပါေစ..
အျပစ္မဲ့ျပည္သူေတြ စစ္တပ္နဲ႔ ရဲေတြ ယုတ္မာ လူမဆန္မႈေၾကာင့္ အသက္ဆံုးရႈံးရသလို သူတို႔လဲ တူေသာ အက်ိဳးျပန္ခံစားရပါေစ.. ရင္ထဲ မေကာင္းဘူး..” ဆိုၿပီး ရင္နင့္စြာ ေရးသားလာခဲ့တာပဲ ျဖစ္ပါတယ္..။
ဥကၠာမင္းေမာင္ကေတာ့ ဥပေဒကို လက္ခုပ္ထဲကေရလို လုပ္ခ်င္သလိုလုပ္ေနၾကတဲ့ အာဏာရူးေတြအားလံုး ဝဋ္ႀကီး၊ဝဋ္ငယ္ျပန္လည္ပါေစဆိုၿပီး သူ႔ရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာကေန တဆင့္ က်ိန္ဆိုေျပာၾကား လာတာပဲ ျဖစ္ပါတယ္ေနာ္။
Crd



