ရဲလေးရဲ့ ညီဖြစ်သူ ဂျိုကာကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားသူပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဂျိုကာက ဂီတနယ်ပယ်မှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ်ပါတယ်။

အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားစေမယ့် ဟာသဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးလေ့ရှိပါတယ်။

ဒီနေ့မှာ ဂျိုကာတစ်ယောက် ချစ်သူလေးနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုး ခဲ့တဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ သူရဲ့ ပရိသတ်တွေကတော့ လူပျိုကြီး ဘဝကို ကျွတ်လွတ်သွားတဲ့ ဂျိုကာအတွက် ဝမ်းသားနေကြတာပါ ။ ပရိသတ်ကြီးအတွက် ဂျိုကာရဲ့ မင်္ဂလာ လက်မှတ် ထိုးပွဲက ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

CRD – Cele Zone



