ၾကားသိရသမွ်

“ငွက္ေပ်ာတစ္ဖီး ၁၅၀၀ မင္းေအာင္လႈိင္ေသမွ ေပး” ဆိုတဲ့ ငွက္ေပ်ာၿခံပိုင္ရွင္

“ငွက္ေပ်ာတစ္ဖီး ၁၅၀၀ မင္းေအာင္လႈိင္ေသမွ ေပး”

သည္မနက္မွာ ထူးထူးျခားျခား ၾကားရသည့္ ေဈးေရာင္းသံ ကြၽန္ေတာ္ေနေသာ႐ြာကို အျခား႐ြာမွၿခံပိုင္ရွင္တစ္ဦးက သူ႔ၿခံထြက္ ငွက္ေပ်ာဖီးေတြ လာေရာင္းေနတာပါ

တစ္႐ြာလုံး ေပ်ာ္ေပ်ာ္ပါးပါး ရယ္ရယ္ေမာေမာ အားေပးလိုက္ၾကပုံ ရပါတယ္ လွည္းတစ္စီးတိုက္အဖီးေတြ ၿပိဳက္ကနဲ ကုန္ပါေလေရာ ႐ြာခံမိတ္ေဆြတစ္ဦးက ဦးထားေပးလို႔ ကြၽန္ေတာ့္အတြက္လည္း တစ္ဖီး ရခဲ့ပါတယ္

မင္းေအာင္လႈိင္ ေသတဲ့အထိ ကြၽန္ေတာ္ ဒီမွာ ရွိမယ္ မေသခ်ာလို႔ အခုပဲ ငွက္ေပ်ာသီးဖိုး ယူသြားပါဆိုတာကို “ ဟာ အဲလိုဆိုရင္

ဘယ္ေပ်ာ္ရေတာ့မလဲဆရာ အားလုံးကို ေပ်ာ္ေစခ်င္လို႔ က်ဳပ္ၿခံတစ္ခုလုံးနဲ႔ ရင္းထားတာပါ မင္းေအာင္လႈိင္ေသမွ ေပးပါ မေပးျဖစ္ေတာ့လည္း

ဘာမွမျဖစ္ဘူးဆရာ မင္းေအာင္လႈိင္ေသၿပီဆိုမွေတာ့ က်ဳပ္ငွက္ေပ်ာသီးဖိုးေတြက ဘာအေရးတုန္းဆရာရယ္ ေပ်ာ္ေပ်ာ္ႀကီး အဆုံးခံလိုက္မယ္ ”

ၿခံပိုင္ရွင့္ စိတ္ကူးေလးက ခ်စ္ခင္ႏွစ္သက္စရာ ေတာ္လွန္ၿခံပိုင္ရွင္ ေငြျမန္ျမန္ေပၚပါေစ #ငါတို႔ႏိုင္မွာ ေဒါင္းလမ္း ေလးစားလ်က္ wa than aung

“ငှက်ပျောတစ်ဖီး ၁၅၀၀ မင်းအောင်လှိုင်သေမှ ပေး”

သည်မနက်မှာ ထူးထူးခြားခြား ကြားရသည့် ဈေးရောင်းသံ ကျွန်တော်နေသောရွာကို အခြားရွာမှခြံပိုင်ရှင်တစ်ဦးက သူ့ခြံထွက် ငှက်ပျောဖီးတွေ လာရောင်းနေတာပါ

တစ်ရွာလုံး ပျော်ပျော်ပါးပါး ရယ်ရယ်မောမော အားပေးလိုက်ကြပုံ ရပါတယ် လှည်းတစ်စီးတိုက်အဖီးတွေ ပြိုက်ကနဲ ကုန်ပါလေရော ရွာခံမိတ်ဆွေတစ်ဦးက ဦးထားပေးလို့ ကျွန်တော့်အတွက်လည်း တစ်ဖီး ရခဲ့ပါတယ်

မင်းအောင်လှိုင် သေတဲ့အထိ ကျွန်တော် ဒီမှာ ရှိမယ် မသေချာလို့ အခုပဲ ငှက်ပျောသီးဖိုး ယူသွားပါဆိုတာကို “ ဟာ အဲလိုဆိုရင်

ဘယ်ပျော်ရတော့မလဲဆရာ အားလုံးကို ပျော်စေချင်လို့ ကျုပ်ခြံတစ်ခုလုံးနဲ့ ရင်းထားတာပါ မင်းအောင်လှိုင်သေမှ ပေးပါ မပေးဖြစ်တော့လည်း

ဘာမှမဖြစ်ဘူးဆရာ မင်းအောင်လှိုင်သေပြီဆိုမှတော့ ကျုပ်ငှက်ပျောသီးဖိုးတွေက ဘာအရေးတုန်းဆရာရယ် ပျော်ပျော်ကြီး အဆုံးခံလိုက်မယ် ”

ခြံပိုင်ရှင့် စိတ်ကူးလေးက ချစ်ခင်နှစ်သက်စရာ တော်လှန်ခြံပိုင်ရှင် ငွေမြန်မြန်ပေါ်ပါစေ #ငါတို့နိုင်မှာ ဒေါင်းလမ်း လေးစားလျက် wa than aung