Credit
Unicode
လက်ရှိချစ်သူနဲ့ ရေစက်ပါ၊မပါ သိနိုင်တဲ့ အချက်(၄)ချက်…
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံ ရသလို ပဲ။ ရေစက် မပါရင် ကြံဖန်ပြီး လွဲတယ် ဆိုတဲ့ စကားလေး ကြားဖူးကြ မှာပါ။
(၁) ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး
သူနဲ့ပထမ ဆုံးစတွေ့တဲ့ အချိန်မှာ အရင်ထဲ ကတွေ့ခဲ့ ဖူးသလို၊ တစ်နေရာ မှာမြင်ဖူး ခဲ့သလို စိတ်ထဲမှာရင်းနှီးနေ တဲ့ခံစားချက် မျိုးရ လိုက်တာ ပါ။
မြင်မြင်ချင်းချစ်မိ တာမျိုးမ ဟုတ်ရင်တောင် ခဏလေး အတွင်းမှာ အနှစ်နှစ် အလလက ခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ် တွယ်ပြီး ချစ်မိသွားတ မျိုးပါ။ တကယ်ရှေးရေစက် သာဆိုရင် စိတ်ချပါ။
သင့်အချစ်ကတစ်ဖက်သက်လုံး၀ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။
(၂) အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး
အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီး ကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ ခံစားချက် မျိုးထက် သူက ကိုယ့်ရှေ့ကို အကြောင်းအရင်း မတိုက်ဆိုင် ပါပဲ ခဏ ခဏရောက် လာတာမျို းပါ။
မျက်လုံးချင်းဆုံတွေ့တဲ့ အခါမျိုး မှာလည်း စကားသာ မပြောဖူး ရင်မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီး သားဖြစ်နေ ပါပြီ။
(၃) Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး
ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီးမှကြုံတွေ့ရတဲ့အဆင့်ပါ။
မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့မိတာမျိုး၊ ကိုယ်ကသူ့ကိုဖုန်းဆက်ဖို့ဖုန်းဖွင့်လိုက်တဲ့အချိန် သူ့ဆီကဖုန်းလာတာ မျိုး၊ ကိုယ်စားချင်တဲ့ အစားအသောက်လေးတွေဆို မတောင်းဆိုပါပဲ သူကဝယ် လာပေးတာမျိုး ကြုံရမှာပါ။
တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဒါဟာသူနဲ့ကိုယ့်ကြားက ရှင်းပြဖို့ခက်တဲ့ စိတ်ချင်းဆက် နွယ်နေမှုမျိုးပါ။
(၄) စိတ်နေသဘောထားချင်း တူနေတာမျိုး
အကြောင်းအရာ တစ်ခုကို ဝေဖန်တဲ့ အခါမျိုး၊ အမှားအမှန်ခွဲခြားတဲ့အခါမျိုးတွေမှာတောင် သူနဲ့ကိုယ်က မတိုင်ပင် ထားပါပဲ အမြင်သဘောထား တူညီနေတာ မျိုးပါ။ အမြင် တစ်ဖက်တည် းမှာ ရှိနေတာမျိုးပါ။
Credit