မီးမပျက်ရင်ကို ဝမ်းသာနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆုံးရှုံးလာတဲ့ အခွင့်အရေးများ
ကိုယ်တွေရဲ့ ပျော်ရွှင်မှုတွေဟာ တဖြည်းဖြည်း အပေါစားဆန်လာတယ်။ မီးလာရင်ပျော်ရတယ်။ အပြင်သွားလို့ အစစ်အဆေး အလုပ်မခံရရင် ပျော်ရတယ်။ အင်တာနက်ကလေး လိုင်းနည်းနည်း ကောင်းလာရင် ပျော်လာတယ်။ ဆီစျေးလေး နည်းနည်း ကျလာရင် ပျော်တတ်လာတယ်။
ရုံးကိစ္စ သွားလို့ စာရေးက မရစ်ရင် ပျော်ရတယ်။ ကိုယ်ဘာမှ မလုပ်ထားပဲ အစစ်အဆေး ခံရရင်တောင် ပြသနာမရှာပဲ လွှတ်ပေးလိုက်တာကိုပဲ သက်ပြင်းချပြီး ပျော်ရပြန်တယ်။ ညဘက် ကိစ္စရှိလို့ နည်းနည်းလေး နောက်ကျသွားလို့ အိမ်အပြန် အေးချမ်းရင် ပျော်လာတတ်ပြီ။ ဒီအပျော်တွေက တကယ့် ပျော်ရွှင်မှု အစစ်တွေလား၊ တကယ်တော့ ဒါတွေဟာ သာမန် လူသားတစ် ယောက်အတွက် ခေါင်းထဲထည့်စရာတောင်မလိုပဲ ရရှိနေပြီးသား အခွင့်အရေးသေးသေးလေးတွေပဲ ရှိပါသေးတယ်။

တခြား နိုင်ငံသားတွေအတွက် ဒါဟာ ရပိုင်ခွင့်လို့တောင် မခေါ်ရလောက်တဲ့ အခြေအနေလေးတွေ။ တဖြည်းဖြည်းနဲ့ ဒီနိုင်ငံသားတွေဟာ လူဖြစ်ရှုံးလာကြတယ်။ အဲ့လူဖြစ်ရှုံးတဲ့ အချင်းချင်းထဲကိုမှ သာသာယာယာ နေပြီး အဆင်ပြေသေးပါတယ်လေဆိုတဲ့ လူတန်းစားက သပ်သပ်ရှိတယ်။
တကယ်တော့ အားလုံးက အတူတူပါပဲ။ မြုပ်မယ့် လှေထဲက လူတွေလိုပဲ မြုပ်ရင် အားလုံး သေမှာ… မမြုပ်အောင် ကြိုးစားနေရတဲ့ လူတစ်စု နဲ့ပဲ ဆိုင်တာ မဟုတ်… ” ခြင်းတောင်းထဲက ငါးတွေလိုပဲ အကုန်လုံး အစားခံရမှာပဲ…အိုးထဲ စောစော ရောက်တာနဲ့ နောက်ကျ ရောက်တာပဲ ကွာပါတယ်” ခြင်းတောင်းထဲက ရုန်းထွက်ဖို့ ကြိုးစားခြင်းကသာ လွတ်မြောက်ဖို့ အခွင့်အရေးရှိတော့တယ်… ဒီနိုင်ငံမှာ မွေးဖွားခြင်း နဲ့ သေဆုံးခြင်းထက်ပိုတဲ့ ” လူ လူ သူ သူ တူ တူ တန် တန် နေ ဖူး သွား ချင် ပါ တယ် ” ဒီလောက်လေးပဲ မျှော်လင့်ပါတယ်…

Sanomia | By sayarsan
မီးမပ်က္ရင္ကို ဝမ္းသာေနရတဲ့ ျမန္မာနိုင္ငံသားေတြနဲ႔ ဆုံးရႈံးလာတဲ့ အခြင့္အေရးမ်ား
ကိုယ္ေတြရဲ့ ေပ်ာ္ရႊင္မႈေတြဟာ တျဖည္းျဖည္း အေပါစားဆန္လာတယ္။ မီးလာရင္ေပ်ာ္ရတယ္။ အျပင္သြားလို႔ အစစ္အေဆး အလုပ္မခံရရင္ ေပ်ာ္ရတယ္။ အင္တာနက္ကေလး လိုင္းနည္းနည္း ေကာင္းလာရင္ ေပ်ာ္လာတယ္။ ဆီေစ်းေလး နည္းနည္း က်လာရင္ ေပ်ာ္တတ္လာတယ္။
႐ုံးကိစၥ သြားလို႔ စာေရးက မရစ္ရင္ ေပ်ာ္ရတယ္။ ကိုယ္ဘာမွ မလုပ္ထားပဲ အစစ္အေဆး ခံရရင္ေတာင္ ျပသနာမရွာပဲ လႊတ္ေပးလိုက္တာကိုပဲ သက္ျပင္းခ်ၿပီး ေပ်ာ္ရျပန္တယ္။ ညဘက္ ကိစၥရွိလို႔ နည္းနည္းေလး ေနာက္က်သြားလို႔ အိမ္အျပန္ ေအးခ်မ္းရင္ ေပ်ာ္လာတတ္ၿပီ။ ဒီအေပ်ာ္ေတြက တကယ့္ ေပ်ာ္ရႊင္မႈ အစစ္ေတြလား၊ တကယ္ေတာ့ ဒါေတြဟာ သာမန္ လူသားတစ္ ေယာက္အတြက္ ေခါင္းထဲထည့္စရာေတာင္မလိုပဲ ရရွိေနၿပီးသား အခြင့္အေရးေသးေသးေလးေတြပဲ ရွိပါေသးတယ္။

တျခား နိုင္ငံသားေတြအတြက္ ဒါဟာ ရပိုင္ခြင့္လို႔ေတာင္ မေခၚရေလာက္တဲ့ အေျခအေနေလးေတြ။ တျဖည္းျဖည္းနဲ႔ ဒီနိုင္ငံသားေတြဟာ လူျဖစ္ရႈံးလာၾကတယ္။ အဲ့လူျဖစ္ရႈံးတဲ့ အခ်င္းခ်င္းထဲကိုမွ သာသာယာယာ ေနၿပီး အဆင္ေျပေသးပါတယ္ေလဆိုတဲ့ လူတန္းစားက သပ္သပ္ရွိတယ္။
တကယ္ေတာ့ အားလုံးက အတူတူပါပဲ။ ျမဳပ္မယ့္ ေလွထဲက လူေတြလိုပဲ ျမဳပ္ရင္ အားလုံး ေသမွာ… မျမဳပ္ေအာင္ ႀကိဳးစားေနရတဲ့ လူတစ္စု နဲ႔ပဲ ဆိုင္တာ မဟုတ္… ” ျခင္းေတာင္းထဲက ငါးေတြလိုပဲ အကုန္လုံး အစားခံရမွာပဲ…အိုးထဲ ေစာေစာ ေရာက္တာနဲ႔ ေနာက္က် ေရာက္တာပဲ ကြာပါတယ္” ျခင္းေတာင္းထဲက ႐ုန္းထြက္ဖို႔ ႀကိဳးစားျခင္းကသာ လြတ္ေျမာက္ဖို႔ အခြင့္အေရးရွိေတာ့တယ္… ဒီနိုင္ငံမွာ ေမြးဖြားျခင္း နဲ႔ ေသဆုံးျခင္းထက္ပိုတဲ့ ” လူ လူ သူ သူ တူ တူ တန္ တန္ ေန ဖူး သြား ခ်င္ ပါ တယ္ ” ဒီေလာက္ေလးပဲ ေမၽွာ္လင့္ပါတယ္…
Sanomia | By sayarsan



