ၾကားသိရသမွ်

ေျခလွမ္းျမန္ျမန္အသံတိတ္တိတ္နဲ႔ လႈပ္ရွားေနတဲ့ ရန္ကုန္

လူစည္းကားလွသည့္ လွည္းတန္းရဲ႕ အသံတိတ္သပိတ္ေန႔တြင္ေတြ႕ရသည့္ အားတတ္စရာယေန႔ ျမင္ကြင္း

ေျခလွမ္းျမန္ျမန္အသံတိတ္တိတ္နဲ႔ လႈပ္ရွားေနတဲ့ ရန္ကုန္မနက္ခင္း

BVJ_၂၀၂၂ ေဖေဖာ္ဝါရီလ၁ရက္။

စစ္အာဏာသိမ္းျခင္းတႏွစ္ျပည့္ အသံတိတ္အာဏာဖီဆန္မႈ(Silent Strike) လႈပ္ရွားၾကဖို႔ ရန္ကုန္သူ ရန္ကုန္သားေတြ သည္ေန႔မနင္မွာ ျပင္ဆင္ေနၾကပါတယ္။ သည္ရက္မတိုင္ခင္ ယမန္ေန႔ကထိ စစ္အာဏာရွင္ေထာက္တိုင္ေတြက နည္းအမ်ိဳးမ်ိဳးနဲ႔ၿခိမ္းေျခာက္ေနေပမယ့္လည္း “ရန္ကုန္ဟာ ရန္ကုန္ပီသစြာနဲ႔ ေတာ္လွန္ေရးတာဝန္ေက်ပြန္ဖို႔ႀကိဳးစားေနၾကတယ္” လို႔ အသက္ ၅၇ႏွစ္အ႐ြယ္ လေဖ့ရည္ေဖ်ာ္ဆရာ ဦးဂ်မားကေျပာပါတယ္။

“မနက္ ၆:၃၀ကတည္းက ရင္တထိတ္ထိတ္နဲ႔ ကားေစာင့္ေနတာ လမ္းေပၚမွာ အၾကာႀကီးမရွိခ်င္ဘူး။ ကေလးေတြကိုအားနာလို႔။ သည္ေန႔မွ ကားက အရမ္းၾကာတယ္။ မွတ္တိုင္ေတြမွာလည္း ခါတိုင္းလို လူေတြရွိမေနၾကဘူး။ လမ္းေပၚက လူေတြကလည္း ခပ္သုတ္သုတ္သြားေနၾကတယ္။” လို႔ သူကဆိုပါတယ္။

လမ္းမကႀကီးေဘးက ဆိုင္တခ်ိဳ႕ ဖြင့္ထားေပမယ္လို႔ စတိသေဘာမ်ိဳးသာျဖစ္ၿပီး ေရာင္းဖို႔စီစဥ္ထားတာမရွိဘူးလို႔လည္း သိရပါတယ္။ စစ္ေကာင္စီရဲတပ္သားတခ်ိဳ႕ကို က်ိဳကၠစံမီးပြိဳင့္က ယာဥ္ထိန္းရဲ႐ုံေဘးမွာ Faw ကားတစီး လက္နက္အျပည့္အစုံနဲ႔ ရပ္နားေစာင့္ၾကည့္ေနတာကို သည္မနက္ ၇:၂၀ မွာ Burma VJ ကေတြ႕ျမင္ခဲ့ပါေသးတယ္။

လူစည်းကားလှသည့် လှည်းတန်းရဲ့ အသံတိတ်သပိတ်နေ့တွင်တွေ့ရသည့် အားတတ်စရာယနေ့ မြင်ကွင်း

ခြေလှမ်းမြန်မြန်အသံတိတ်တိတ်နဲ့ လှုပ်ရှားနေတဲ့ ရန်ကုန်မနက်ခင်း

BVJ_၂၀၂၂ ဖေဖော်ဝါရီလ၁ရက်။

စစ်အာဏာသိမ်းခြင်းတနှစ်ပြည့် အသံတိတ်အာဏာဖီဆန်မှု(Silent Strike) လှုပ်ရှားကြဖို့ ရန်ကုန်သူ ရန်ကုန်သားတွေ သည်နေ့မနင်မှာ ပြင်ဆင်နေကြပါတယ်။ သည်ရက်မတိုင်ခင် ယမန်နေ့ကထိ စစ်အာဏာရှင်ထောက်တိုင်တွေက နည်းအမျိုးမျိုးနဲ့ခြိမ်းခြောက်နေပေမယ့်လည်း “ရန်ကုန်ဟာ ရန်ကုန်ပီသစွာနဲ့ တော်လှန်ရေးတာဝန်ကျေပွန်ဖို့ကြိုးစားနေကြတယ်” လို့ အသက် ၅၇နှစ်အရွယ် လဖေ့ရည်ဖျော်ဆရာ ဦးဂျမားကပြောပါတယ်။

“မနက် ၆:၃၀ကတည်းက ရင်တထိတ်ထိတ်နဲ့ ကားစောင့်နေတာ လမ်းပေါ်မှာ အကြာကြီးမရှိချင်ဘူး။ ကလေးတွေကိုအားနာလို့။ သည်နေ့မှ ကားက အရမ်းကြာတယ်။ မှတ်တိုင်တွေမှာလည်း ခါတိုင်းလို လူတွေရှိမနေကြဘူး။ လမ်းပေါ်က လူတွေကလည်း ခပ်သုတ်သုတ်သွားနေကြတယ်။” လို့ သူကဆိုပါတယ်။

လမ်းမကကြီးဘေးက ဆိုင်တချို့ ဖွင့်ထားပေမယ်လို့ စတိသဘောမျိုးသာဖြစ်ပြီး ရောင်းဖို့စီစဉ်ထားတာမရှိဘူးလို့လည်း သိရပါတယ်။ စစ်ကောင်စီရဲတပ်သားတချို့ကို ကျိုက္ကစံမီးပွိုင့်က ယာဉ်ထိန်းရဲရုံဘေးမှာ Faw ကားတစီး လက်နက်အပြည့်အစုံနဲ့ ရပ်နားစောင့်ကြည့်နေတာကို သည်မနက် ၇:၂၀ မှာ Burma VJ ကတွေ့မြင်ခဲ့ပါသေးတယ်။