ၾကားသိရသမွ်







မန္တလေးတွင် မြို့လုံးကျွတ် အသံတိတ်သပိတ် စတင်

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၂

စစ်အာဏာသိမ်းမှုအပေါ် ပထမဆုံး လမ်းပေါ်ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ မန္တလေးမြို့ပေါ်မှာ ဒီနေ့ တနှစ်ပြည့်တဲ့နေ့မှာလည်း မနက် ၁၀ နာရီကစပြီး မြို့ခံတွေဟာ စစ်အာဏာရှင်ကို လက်မခံကြောင်း ပြည်လုံးကျွတ် အသံတိတ် သပိတ်ကို ဆင်နွှဲနေကြပါတယ်။

မန္တလေးမြို့ပေါ်နေရာတော်တော်များများမှာ လူနဲ့ ယာဉ်သွားလာမှုတွေ ကင်းရှင်းပြီး တိတ်ဆိတ်သွားတဲ့ အထိဖြစ်နေတာကို တွေ့ရပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်တာ၊ ကားနဲ့တိုက်သတ်တာ၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်တာ၊ ထောင်ချတာတွေပြုလုပ်ပြီး ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပေမယ့် မန္တလေးမြို့ခံတွေဟာ

တနှစ်ပြည့်ချိန်ထိ လမ်းပေါ်ဆန္ဒပြပွဲတွေကို ရတဲ့နည်းနဲ့ ဆက်လက် ဆင်နွှဲခဲ့ကြသလို ဒီနေ့လို ပြည်လုံးကျွတ် သပိတ်တွေကိုလည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရပါတယ်။