ၾကားသိရသမွ်

အိမ်ကပေးစားသည့် မိန်းကလေးနှင့်မယူချင်၍ သွားတွေ့စဉ်ဟင်းပွဲ ၃၀ထိမှာစားခဲ့ပြီးကောင်မလေးအား ဟင်းဖိုးရှင်းခိုင်းခဲ့သော ကောင်လေးရဲ့(ရုပ်သံ)

အချို့သောမိဘများမှာ သူတို့ဧ။် သားသမီးများကို အခြားသူများနှင့် သဘောမတူပဲ သူတို့သဘောကျသော သူများနှင့်သာ ပေးစားပြီး လက်ထပ်စေချင်ကြသည်။

ယခုအခါတွင်လည်း တရုတ်နိုင်ငံ Gansu ပြည်နယ် Lanzhou မြို့တွင် နေထိုင်သော မိသားစုမှ အိမ်ရှိသားဖြစ်သူကို အိမ်ထောင်ကျတာမြင်ချင်ပြီး သူတို့သဘောကျသော မိန်းကလေးနှင့် ပေးစားရန် စီစဉ်ခဲ့သည်။

ကောင်လေးသည်လည်း မိဘများဧ။် သဘော ဆန္ဒကို မငြင်းဆန်ချင်၍ ပေးစားမည့်မိန်းကလေးနှင့်စားသောက်ဆိုင်တစ်ခုတွင် ချိန်ဆိုထားခြင်းကို အကြံဖြင့် လက်ခံခဲ့သည်။

ဆိုင်သို့ရောက်သွားစဉ် တစ်ယောက်နှင့်တစ်ယောက် ယဉ်ကျေးစွာပဲ နှုတ်ဆက်ဆိုခဲ့ပြီး နှစ်ဖက်စလုံးက မိဘများဧ။် ပေးစားခြင်းကို ခံရသည့်အတွက် နွေးထွေးမှုလည်း မရှိပဲ အေးတိအေးစက်နှင့် ဖြစ်နေသည်။

ထို့နောက် ကောင်လေးသည် ထိုဆိုင်က အမဲသားဟင်းလျာမှာ အရမ်းအရသာရှိကြောင်း ပြောဆိုပြီး ကောင်မလေးအား စိတ်ပျက်သွားအောင် ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ မှာခဲ့ပြီး ခေါင်းပင်မဖော်ပဲ စားနေခဲ့ရာ ကောင်မလေးခမျာ ဖုန်းလေးအား ကြည့်ရင်း ထိုင်စောင့်နေခဲ့သည်။

နောက်ဆုံးတွင် ကောင်လေးသည် ဟင်းပွဲပေါင်း ၃၀ထိကို မှာစားခဲ့အပြီးတွင် ကျသင့်ငွေအား ရှင်းဖို့ ပိုက်ဆံပါမလာခဲ့ပူးဟုဆိုကာ မိန်းကလေးဖက်ကနေစားလည်းမစားရပဲ ဟင်းဖိုးအားရှင်းပေးလိုက်ရသည်။

ကောင်မလေးမှာလည်း အလွန်စိတ်ပျက်သွားပြီး သူမကြုံတွေ့ခဲ့ရသော အဖြစ်ပျက်ကို လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Hlaing (Love Feeling )

Zawgyi

အိမ္ကေပးစားသည့္ မိန္းကေလးႏွင့္မယူခ်င္၍ သြားေတြ႕စဥ္ဟင္းပြဲ ၃၀ထိမွာစားခဲ့ၿပီးေကာင္မေလးအား ဟင္းဖိုးရွင္းခိုင္းခဲ့ေသာ ေကာင္ေလးရဲ႕(ရုပ္သံ)

အခ်ိဳ႕ေသာမိဘမ်ားမွာ သူတို႔ဧ။္ သားသမီးမ်ားကို အျခားသူမ်ားႏွင့္ သေဘာမတူပဲ သူတို႔သေဘာက်ေသာ သူမ်ားႏွင့္သာ ေပးစားၿပီး လက္ထပ္ေစခ်င္ၾကသည္။

ယခုအခါတြင္လည္း တ႐ုတ္ႏိုင္ငံ Gansu ျပည္နယ္ Lanzhou ၿမိဳ႕တြင္ ေနထိုင္ေသာ မိသားစုမွ အိမ္ရွိသားျဖစ္သူကို အိမ္ေထာင္က်တာျမင္ခ်င္ၿပီး သူတို႔သေဘာက်ေသာ မိန္းကေလးႏွင့္ ေပးစားရန္ စီစဥ္ခဲ့သည္။

ေကာင္ေလးသည္လည္း မိဘမ်ားဧ။္ သေဘာ ဆႏၵကို မျငင္းဆန္ခ်င္၍ ေပးစားမည့္မိန္းကေလးႏွင့္စားေသာက္ဆိုင္တစ္ခုတြင္ ခ်ိန္ဆိုထားျခင္းကို အႀကံျဖင့္ လက္ခံခဲ့သည္။

ဆိုင္သို႔ေရာက္သြားစဥ္ တစ္ေယာက္ႏွင့္တစ္ေယာက္ ယဥ္ေက်းစြာပဲ ႏႈတ္ဆက္ဆိုခဲ့ၿပီး ႏွစ္ဖက္စလုံးက မိဘမ်ားဧ။္ ေပးစားျခင္းကို ခံရသည့္အတြက္ ေႏြးေထြးမႈလည္း မရွိပဲ ေအးတိေအးစက္ႏွင့္ ျဖစ္ေနသည္။

ထို႔ေနာက္ ေကာင္ေလးသည္ ထိုဆိုင္က အမဲသားဟင္းလ်ာမွာ အရမ္းအရသာရွိေၾကာင္း ေျပာဆိုၿပီး ေကာင္မေလးအား စိတ္ပ်က္သြားေအာင္ ဟင္းပြဲမ်ား တစ္ပြဲၿပီးတစ္ပြဲ မွာခဲ့ၿပီး ေခါင္းပင္မေဖာ္ပဲ စားေနခဲ့ရာ ေကာင္မေလးခမ်ာ ဖုန္းေလးအား ၾကည့္ရင္း ထိုင္ေစာင့္ေနခဲ့သည္။

ေနာက္ဆုံးတြင္ ေကာင္ေလးသည္ ဟင္းပြဲေပါင္း ၃၀ထိကို မွာစားခဲ့အၿပီးတြင္ က်သင့္ေငြအား ရွင္းဖို႔ ပိုက္ဆံပါမလာခဲ့ပူးဟုဆိုကာ မိန္းကေလးဖက္ကေနစားလည္းမစားရပဲ ဟင္းဖိုးအားရွင္းေပးလိုက္ရသည္။

ေကာင္မေလးမွာလည္း အလြန္စိတ္ပ်က္သြားၿပီး သူမႀကဳံေတြ႕ခဲ့ရေသာ အျဖစ္ပ်က္ကို လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

Hlaing (Love Feeling )