Unicode
စက်တင်ဘာလ တွင် မွေးဖွားသူများအကြောင်း
စက်တင်ဘာလဖွားတွေဟာ အလွန်ယဉ်ကျေးကြတယ်။ သူတို့ကို ဆန့်ကျင်တဲ့စကားတွေကြားခဲ့ရင်တောင် ယဉ်ကျေးစွာတုံ့ပြန်လေ့ရှိတယ်။ သူတပါးကို မိမိကြောင့်ထိခိုက်နာကျင်မှာ အလွန်စိုးတယ်။
ရှေ့နေ နဲ့ ဆရာမအလုပ်ကို စက်တင်ဘာ လဖွားအများစုမှာတွေ့ရလေ့ရှိတယ်။ သူတို့ဟာမည်သည့်ကိစ္စမဆို အမှန်တရားဘက်မှာသာ အမြဲရပ်တည်လေ့ရှိတယ်။
စက်တင်ဘာ လဖွားတွေဟာသက်ရှိသက်မဲ့အရာဖြစ်နေပါစေ အလှပတရားကို ခံစားတတ်တဲ့ မျက်လုံးတစုံပိုင်ဆိုင်ကြသူများဖြစ်တယ်။ အိမ်လှလှလေး ပန်းစည်းလှလှလေး တွေနဲ့ အမြဲစိတ်ကူးယဉ်ဆန်နေတတ်တယ်။
အတွေးလွန်ပြီး စိုးရိမ်ပူပန်တတ်တယ်။ သူတို့ဟာပြသနာတစ်ခုကို အချိန်ယူပြီး ဖြေရှင်းတတ်တယ်။ အလုပ်ဘယ်လောက်များများ သူတပါးအကူညီမယူပဲ ကိုယ့်ခြေကိုယ့်လက်နဲ့ အလုပ်လုပ်ရတာ ပိုနှစ်သက်တယ်။
စက်တင်ဘာလဖွားတွေဟာအချစ်ရေးမှာလဲ ဆွဲဆောင်မူရှိပြီး အလွန်ချစ်တတ်တယ်။ မိမိလက်တွဲဖော်ကို နားလည်မူတွေနဲ့အတူ အချစ်ကို ကောင်းကောင်းဖော်ပြတတ်သူတွေဖြစ်တယ်။
အစားသောက်ကောင်းတွေ ခုံမင်တယ်။ ခရီးသွားရင်း အစားသောက် အရသာသစ်တွေကို မြည်းစမ်းရတာနှစ်သက်တယ်။ သူတို့ဟာကားနဲ့လမ်းတွေကို ငေးရင်း ခရီးသွားရတာ ရူးသွပ်တယ်။ ခရီးသွားဖို့အမြဲအဆင်သင့်ဖြစ်နေတတ်တယ်။ စက်တင်ဘာ လဖွားတွေရဲ့ ပျော်ရွှင်မူဟာ ခရီးသွားခြင်းနဲ့ထပ်တူကျတယ်။
စာဖတ်ဝါသနာအလွန်ပါတယ်။ ဘယ်နေရာသွားသွား ဘာလုပ်လုပ် စက်တင်ဘာ လဖွားမှန်ရင် လက်ထဲမှာ ဖတ်စရာ စာအုပ် တအုပ် အမြဲရှိတတ်တယ်။ သူတို့ဟာ ထူးဆန်းထွေလာစာအုပ်မျိုးတွေလဲ ရွေးဖတ်တတ်ပြီး လူတွေအမြင်မှာတော့ မကြာမကြာ ပျင်းစရာကောင်းတယ်လို့ အထင်ခံရတတ်တယ်။ အနုပညာထူးချွန်တယ်။ အနုပညာရှင်အများစုကို စက်တင်ဘာလဖွားတွေထဲမှာ တွေ့ရလိမ့်ရှိတယ်။
စက်တင်ဘာလဖွားတွေဟာ ကျန်းမာရေးလိုက်စားသူတွေဖြစ်တယ်။ အစားသောက်ကို ချင့်ချိန်စားတတ်တယ်။ အလုပ်ကြိုးစားပြီး တီထွင်ဉာဏ်ကောင်းတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားတတ်တယ်။ သူမတူအောင် ကိုယ့်ကိုကိုယ်ယုံကြည်မူရှိပြီး အမြဲဘဝတိုးတက်ဖို့ ကြံစည်နေတတ်တဲ့ ရည်မှန်းချက်ကြီးသူတွေဖြစ်တယ်။