ၾကားသိရသမွ်

မင်းသမီးဖြစ်ချင်တဲ့ ဆန္ဒကိုချိုးနှိမ်ထားပြီး တိုင်းတပါးမှာ ပညာသင်ရင်း စားပွဲထိုးသွားရောက်လုပ်ကိုင်နေတဲ့ သရုပ်ဆောင် နေခြည်ရွှန်းလဲ့

မင်းသမီး ဖြစ်ချင်တဲ့ ဆန္ဒကို ချိုးနှိမ် ထားပြီး တိုင်းတပါးမှာ ပညာ သင်ရင်း စားပွဲ ထိုးသွားရောက် လုပ်ကိုင် နေတဲ့ သရုပ် ဆောင် နေ ခြည်ရွှန်းလဲ့

ဆံနွယ် နက်နက် ရှည် ရှည် လေးတွေနဲ့ မြန်မာ ဆန် ဆန် ချစ် စရာကောင်းတဲ့ မင်းသ မီး ချောလေး နေခြည်ရွှန်းလက် က တော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

နေခြည်ရွှန်းလက်က “မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာ မာန” ဇာတ် လမ်းတွဲမှာတော့ နှင်းနွေဆိုတဲ့ ခေါင်းဆောင် မင်းသမီးကာရိုက်တာကို သရုပ် ဆောင်ခဲ့ပြီးမထင်ထား လောက်အောင်ကို အနုပညာ အ ရည်အချင်းပြည့်ဝတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်းအနုပညာကိုဝါသနာပါရူးသွပ်တဲ့ နေခြည်ရွှန်းလက် က ပြီးခဲ့တဲ့ နှစ်ကတည်းက အနုပညာ အလုပ် တွေကို ရပ်နားထားတာဖြစ်ပြီး အရေးတော်ပုံ မအောင်မချင်းတော့ ဇာတ်ကားတွေပြန်ရိုက် ကူးဖို့ မ ဖြစ် နိုင် သေးဘူး ဆို တဲ့ အ ကြောင်းကို ပြောလာပါတယ်။

နေခြည်ရွှန်းလက် က “ဟယ်လို မတွေ့ တာတော်တော်ကြာပြီနော်။ နေခြည့်ကို လွမ်းနေတဲ့ ပရိသတ် တွေက နေခြည့်ရဲ့ ဇာတ် လမ်းတွဲတွေ ဘယ်တော့ ကြည့်ရ မှာလဲ လာလာမေးကြတယ်။ လွမ်းနေတဲ့ပရိတ်သတ် တွေ အတွက် ကတော့စိတ် မကောင်းစွာနဲ့လော လောဆယ် တစ်ကားမှ မရှိ ဘူးလို့ပဲ ပြောပါရ စေ။ နေခြည်လည်းတော် တော်ဝမ်းနည်းပါတယ်။

သေလောက်အောင် ရိုက်ချင် နေပင်မယ့် အရေးတော်ပုံ မအောင်မချင်းတော့ရှိ လာမှာ မ ဟုတ် ပါဘူး။ ပုံ က တော့ စားပွဲ ထိုးနေ တဲ့ကောင်မလေးပုံပါ”ဆိုပြီး ပြောလာပါတယ်။အနုပညာကိုဝါသနာပါလွန်းတဲ့ နေခြည်ရွှန်းလက် ဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ မနေနိုင်လို့ တိုင်းတစ်ပါးမှာ ပညာရှာရင်း ဝမ်းစာပါ ရှာဖွေနေတာပဲဖြစ်ပါ တယ်။ နေခြည်ရွှန်းလက် တစ် ယောက် အစစ အ ရာရာအ ဆင် ပြေစေဖို့ ပရိသတ်ကြီးက ဆုတောင်းပေးကြ ပါဦးနော်။

credit