Zawgyi
မႏၲေလးၿမိဳ႕တြင္ အသံတိတ္သပိတ္၌ ပါဝင္မည့္ ျပည္သူမ်ားကို အိမ္ထဲကေန ထြက္လာေအာင္ စက္သုံးဆီ အခမဲ့ေပးမည္ဟု ေၾကျငာ
မႏၲေလးၿမိဳ႕တြင္ အသံတိတ္သပိတ္၌ ပါဝင္မည့္ ျပည္သူမ်ားကို အိမ္ထဲကေန ထြက္လာေအာင္ စက္သုံးဆီ အခမဲ့ေပးမည္ဟု ဖ်ားေယာင္းေသြးေဆာင္
အသံတိတ္သပိတ္ျပဳလုပ္မည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ မႏၲေလးၿမိဳ႕ရွိ ျပည္သူမ်ား ေနအိမ္အတြင္းကေန ထြက္လာရန္ ဖ်ားေယာင္းေသြးေဆာင္သည့္အေနျဖင့္
မႏၲေလးၿမိဳ႕ေပၚရွိ စက္သုံးဆီ ဆိုင္ ၁၅ ဆိုင္က ဆိုင္ကယ္တစ္စီးလၽွင္ Octane 92 ၁ လီတာႏႈန္းျဖင့္ အခမဲ့ေပးေဝမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္ကို ေတြ႕ရသည္
အခမဲ့ေပးမည္ဟု ေၾကညာထားသည့္ ဆိုင္မ်ားမွာ Denko၊ BOC ၊ Asia Energy ကုမၸဏီ၊ ေရႊဗ်ိဳင္းျဖဴ ႏွင့္ 360 Perto အျပင္ ျမပါဝါ စက္သုံးဆီဆိုင္တို႔၏
ဆိုင္ခြဲေပါင္း စုစုေပါင္း ၁၅ ဆိုင္ျဖစ္ၿပီး ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္ ၁၁ နာရီမွ ညေန ၃ နာရီအထိ အခမဲ့ေပးမည္ဟု အသိေပးထားျခင္း ျဖစ္သည္
ေနအိမ္ျပင္ပမထြက္ျခင္း အသံတိတ္သပိတ္ျပဳလုပ္မည့္ ျပည္သူမ်ားကို အာဏာသိမ္းစစ္ေကာင္စီက ေနအိမ္ကေန ထြက္လာရာ နည္းလမ္းမ်ိဳးစုံျဖင့္ ဖ်ားေယာင္းေသြးေဆာင္ေနရာတြင္ ၿပိဳင္ပြဲမ်ား၊ ေပ်ာ္ပြဲမ်ား ႏွင့္ ယခုလို အခမဲ့ေပးသည့္ အစီအစဥ္မ်ားျဖင့္ပါ လုပ္ေဆာင္ေနသည္
Crd-Tachileik News Agency
Unicode
မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့် ပြည်သူများကို အိမ်ထဲကနေ ထွက်လာအောင် စက်သုံးဆီ အခမဲ့ပေးမည်ဟု ကြေငြာ
မန္တလေးမြို့တွင် အသံတိတ်သပိတ်၌ ပါဝင်မည့် ပြည်သူများကို အိမ်ထဲကနေ ထွက်လာအောင် စက်သုံးဆီ အခမဲ့ပေးမည်ဟု ဖျားယောင်းသွေးဆောင်
အသံတိတ်သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့ရှိ ပြည်သူများ နေအိမ်အတွင်းကနေ ထွက်လာရန် ဖျားယောင်းသွေးဆောင်သည့်အနေဖြင့်
မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင် ၁၅ ဆိုင်က ဆိုင်ကယ်တစ်စီးလျှင် Octane 92 ၁ လီတာနှုန်းဖြင့် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်ကို တွေ့ရသည်
အခမဲ့ပေးမည်ဟု ကြေညာထားသည့် ဆိုင်များမှာ Denko၊ BOC ၊ Asia Energy ကုမ္ပဏီ၊ ရွှေဗျိုင်းဖြူ နှင့် 360 Perto အပြင် မြပါဝါ စက်သုံးဆီဆိုင်တို့၏
ဆိုင်ခွဲပေါင်း စုစုပေါင်း ၁၅ ဆိုင်ဖြစ်ပြီး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ အခမဲ့ပေးမည်ဟု အသိပေးထားခြင်း ဖြစ်သည်
နေအိမ်ပြင်ပမထွက်ခြင်း အသံတိတ်သပိတ်ပြုလုပ်မည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက နေအိမ်ကနေ ထွက်လာရာ နည်းလမ်းမျိုးစုံဖြင့် ဖျားယောင်းသွေးဆောင်နေရာတွင် ပြိုင်ပွဲများ၊ ပျော်ပွဲများ နှင့် ယခုလို အခမဲ့ပေးသည့် အစီအစဉ်များဖြင့်ပါ လုပ်ဆောင်နေသည်
Crd-Tachileik News Agency