ဘြဲ႕ရႏွင့္ ငါးစိမ္းသည္တဲ့ ဘယ္သူက ပညာပိုတတ္လဲ ဆုံးျဖတ္ၾကည့္ၾကပါ
ဘြဲ႕ရႏွင့္ ငါးစိမ္းသည္ ဘယ္သူကပညာပိုတတ္လဲ ဖတ္ၿပီးရင္ ဆုံးျဖတ္ၾကည့္ပါ။ယေန႔မနက္ ငါးေၾကာ္ေလးစားခ်င္လာသျဖင့္ ေဈးထဲကို ငါးဝယ္ရန္ေရာက္လာသည္။
ကၽြန္ေတာ္ ဝယ္ေနက် ငါးဆိုင္ရွိသည္။ ငါးၾကင္းတစ္မ်ိဳးတည္းေရာင္းၿပီး ေဖာ္ေရြသည္။ ဝယ္သူအႀကိဳက္ မညည္းမညဴ လုပ္ေပးေလ့ရွိ သည္။ငါးေရာင္းသူကို ငါးစိမ္းသည္ဟု ေခၚၾကသည္။
ငါးစိမ္းသည္ဆိုသည္မွာ စြာတာတာ၊ ကက္ကက္လန္၊ မိုက္ရိုင္းသည္ဟု ထင္လၽွင္ ကၽြန္ေတာ္ငါးဝယ္သည့္ဆိုင္မွ “မေရႊ” ကိုေခၚျပခ်င္ပါသည္။
“ဦးေလး မေရာက္တာၾကာၿပီ … ဘာလဲ ဆိုင္ဟင္းကိုမုန္းလို႔ ေရာက္လာတာလား”“မဟုတ္ပါဘူး … ခရီးထြက္တာေတြ မ်ားေနလို႔”“ငါးၾကင္းျဖဴ ဗိုက္သားေလးနဲ႔တြဲထားတဲ့အပိုင္း ခ်ိန္လိုက္မယ္ေနာ္”
“အစိတ္သားေလာက္ပဲေနာ္”“၃၅ က်ပ္သားရွိတယ္ ဦးေလးရယ္ … ၃၀ သားဖိုးပဲေပး”“ေအး … ေအး ခုတ္လိုက္”
ငါးဝယ္လၽွင္အပိုေဆာင္းအျဖစ္ ေၾကာ္နိုင္သည့္ အတုံးေလာက္ျဖစ္ေစရန္ ခုတ္ထစ္ေပးသည္။ အေၾကးထိုးေပး သည္။ ေရေဆးေပးသည္။ အိမ္ေရာက္လၽွင္တန္းေၾကာ္႐ုံသာျဖစ္သည္။
ငါးဝယ္ၿပီးေနာက္ ငါးဆိုင္ေရွ႕ရွိ လက္ဖက္ရည္ဆိုင္တြင္ ကၽြန္ေတာ္ထိုင္သည္။ ထိုဆိုင္တြင္ ေခါက္ဆြဲသုပ္ေကာင္း သည္။ အေၾကာ္လည္းရသည္။
ေခါက္ဆြဲသုပ္မွာၿပီး ေရေႏြးၾကမ္းေသာက္ေနစဥ္ မေရႊဆိုင္ကို အမ်ိဳးသမီးႀကီး တစ္ေယာက္ ဝင္လာသည္။သူ႔ေနာက္တြင္ ဆြဲျခင္းဆြဲေသာ ကေလးတစ္ေယာက္လည္း ပါလာသည္။
ပထမ ငါးေမးသည္ … အထက္စီး။ဒုတိယေဈးဆစ္သည္ … အႀကိတ္အနယ္။တတိယအပိုေတာင္းသည္ … ကေလးမုန႔္ဖိုးေတာင္းသလို
ဤအထိ ျပႆနာမရွိ။ မေရႊက စိတ္ရွည္သည္။“ငါးခုတ္ေပး”“ေၾကာ္တုံးလား … ခ်က္တုံးလား”“ငါေျပာတဲ့အတိုင္းခုတ္”ငါးေရာင္းသူက အေၾကးထိုးေပးသည္။ အူႏုတ္ေပးသည္။
ခုတ္ေပးသည္။“ဒီအတုံးကို ႏွစ္တုံးျပန္ခုတ္”“အၿမီးပိုင္းကို ထက္ဝက္ျခမ္း”“ေခါင္းကိုထက္ျခမ္းပဲခုတ္ေလ”“ေနဦး … ေနဦး … ဒီအပိုင္း မႀကိဳက္ဘူး … ဟိုတစ္ပိုင္းခုတ္ၿပီး လဲေပး”
ကၽြန္ေတာ္က ေဈးဝယ္သူ၏ စီးပိုးလွေသာ အေျပာႏွင့္ ခိုင္းေစခ်က္မ်ားကို ၾကည့္ေနမိသည္။ ကိုယ့္ေရွ႕လာခ်သည့္ ေခါက္ဆြဲကိုပင္ မစားမိ။“အစ္မရယ္ … ဒီတစ္ေကာင္ဝယ္ရင္ ဒီတစ္ေကာင္က အပိုင္းကိုပဲရမွာေပါ့…
ဟိုအပိုင္းသြားလဲေပးလို႔ မရပါဘူး”“အတူတူပဲဟာ … ဘာကြာလို႔လဲ”“ကြာတယ္ေလအစ္မ … ဒါက ငါးၾကင္းျဖဴ”“ကြာကြာ … မကြာကြာေအ … လဲေပးမလား … မလဲေပးဘူးလား”“အစ္မရယ္ … မျဖစ္နိုင္တာကို မေျပာပါနဲ႔ မရပါဘူး”
“ဟိုအတုံးကို ဒီအထဲထည့္ ဒီတစ္တုံးကို ဟိုျပန္ထည့္ ဘာျဖစ္လို႔မရတာလဲ”“အမ်ိဳးအစား မတူဘူး အစ္မရယ္ … ေဈးလည္းမတူဘူး”“ဘာျဖစ္ျဖစ္ေအ ထည့္လိုက္ပါ”“မရပါဘူးအစ္မရယ္”
“ညည္းတို႔ ငါးစိမ္းသည္ေတြဟာေလ လက္ေပါက္ကိုကပ္တယ္ …ငါကလည္း အဆင့္မရွိတာနဲ႔မွ ဖက္ေျပာမိတာ မွားပါတယ္”“အဲသည္လို မေျပာပါနဲ႔ အစ္မႀကီးရယ္ … လူတိုင္း သူ႔အဆင့္နဲ႔သူေတာ့ ရွိပါတယ္”
“ညည္းအဆင့္ ဘယ္ေလာက္ရွိလဲ … ငါက ဘြဲ႕ရၿပီးၿပီ”“အစ္မ … ေနာက္လူေတြ ေရာင္းရဦးမယ္ေနာ္ … ဒီမွာ ၂၆၅၀ က်ပါတယ္”“ေရာ့ ၃၀၀၀”မေရႊက ပိုေငြကို ျပန္အမ္းလိုက္သည္။
အမ်ိဳးသမီးက ျပန္အမ္းေငြကို လက္ႏွင့္မကိုင္ ရြံသလို မ်က္ႏွာထားျဖင့္“ဟဲ့ …တူးတူး ယူလိုက္စမ္း” ဟုေျပာလိုက္သည္။သူ႔ေနာက္က ေကာင္မေလးက ပိုက္ဆံႏွင့္ ငါးထုပ္ကို ယူလိုက္သည္။
အမ်ိဳးသမီးက“ရြံလိုက္တာ” ဟုေျပာကာထြက္သြားသည္။ကၽြန္ေတာ္ကထင္ေနသည္မွာ မေရႊ ပြဲၾကမ္းလိမ့္မည္ဟု ထင္ေနသည္။သို႔ေသာ္ ငါးေရာင္းသည့္မေရႊက ျပဳံးေနသည္။ ကၽြန္ေတာ္ အံ့ဩသြားမိသည္။
႐ုပ္ရွင္ေတြထဲမွာဆိုလၽွင္ ပြဲၾကမ္းၿပီ။ အျပင္တြင္ အမွန္တကယ္ေတြ႕ ေနရသည္က ေျပာင္းျပန္ျဖစ္ေနသည္။ကားစီးလာသည့္ ဘြဲ႕ရဆိုေသာ အမ်ိဳးသမီးက ကက္ကက္လန္၊ မတူမတန္သလိုေအာ္ဟစ္ ေျပာဆိုေနခ်ိန္တြင္
ငါးေရာင္းသည့္ ငါးစိမ္းသည္ မေရႊက ယဥ္ေက်းလိမၼာ ေအးေဆးစြတုံ႔ျပန္ေနသည္။ဘြဲ႕ဆိုတာ အဆင့္လားဘြဲ႕ရထားသည္ႏွင့္ အဆင့္တစ္ခုကိုေရာက္သြားသည္ေတာ့ မွန္ေကာင္းမွန္မည္။
သို႔ေသာ္ ငါးစိမ္းတန္းတြင္ ဂုဏ္ထုတ္ေဖာ္ကာ ရိုင္းစိုင္းတင္စီးျပသည္မွာ ဘြဲ႕ရအဆင့္လား။မေရႊ ဘယ္ႏွတန္းေအာင္သည္မသိ။ လက္ထဲတြင္ လက္ေကာက္ေတြ ႏွစ္ဖက္စလုံး ျပည့္ေနေအာင္ ဝတ္ထား သည္။
လည္ပင္းတြင္လည္း လက္မလုံးေလာက္ဆြဲႀကိဳးႀကီး ဆြဲထားသည္။သူဂုဏ္ေမာက္မည္ဆိုလၽွင္ ေမာက္နိုင္သည္။ သို႔ေသာ္ ကိုယ့္ေဖာက္သည္ကို ရိုေသေလးစားစြာ ဆက္ဆံသည္။ ျပန္ၿပီးရန္မေတြ႕။
မေရႊ ရန္ေတြ႕တတ္ေကာင္း ေတြ႕တတ္မည္။သို႔ေသာ္ ပညာတတ္ ဘြဲ႕ရဆိုသူက သူ႔ကို ကက္ကက္လန္ရန္ေတြ႕သြားေစ သူကျပန္ၿပီး ရန္မေတြ႕။မေရႊသည္တကယ့္ပညာတတ္တစ္ေယာက္။သို႔ေသာ္ ငါးေရာင္းေနသည္။

ဘွဲ့ရနှင့် ငါးစိမ်းသည်တဲ့ ဘယ်သူက ပညာပိုတတ်လဲ ဆုံးဖြတ်ကြည့်ကြပါ
ဘွဲ့ရနှင့် ငါးစိမ်းသည် ဘယ်သူကပညာပိုတတ်လဲ ဖတ်ပြီးရင် ဆုံးဖြတ်ကြည့်ပါ။ယနေ့မနက် ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။
ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိ သည်။ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။
ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။
“ဦးလေး မရောက်တာကြာပြီ … ဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား”“မဟုတ်ပါဘူး … ခရီးထွက်တာတွေ များနေလို့”“ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်”
“အစိတ်သားလောက်ပဲနော်”“၃၅ ကျပ်သားရှိတယ် ဦးလေးရယ် … ၃၀ သားဖိုးပဲပေး”“အေး … အေး ခုတ်လိုက်”
ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။
ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်း သည်။ အကြော်လည်းရသည်။
ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။သူ့နောက်တွင် ဆွဲခြင်းဆွဲသော ကလေးတစ်ယောက်လည်း ပါလာသည်။
ပထမ ငါးမေးသည် … အထက်စီး။ဒုတိယဈေးဆစ်သည် … အကြိတ်အနယ်။တတိယအပိုတောင်းသည် … ကလေးမုန့်ဖိုးတောင်းသလို
ဤအထိ ပြဿနာမရှိ။ မရွှေက စိတ်ရှည်သည်။“ငါးခုတ်ပေး”“ကြော်တုံးလား … ချက်တုံးလား”“ငါပြောတဲ့အတိုင်းခုတ်”ငါးရောင်းသူက အကြေးထိုးပေးသည်။ အူနုတ်ပေးသည်။
ခုတ်ပေးသည်။“ဒီအတုံးကို နှစ်တုံးပြန်ခုတ်”“အမြီးပိုင်းကို ထက်ဝက်ခြမ်း”“ခေါင်းကိုထက်ခြမ်းပဲခုတ်လေ”“နေဦး … နေဦး … ဒီအပိုင်း မကြိုက်ဘူး … ဟိုတစ်ပိုင်းခုတ်ပြီး လဲပေး”
ကျွန်တော်က ဈေးဝယ်သူ၏ စီးပိုးလှသော အပြောနှင့် ခိုင်းစေချက်များကို ကြည့်နေမိသည်။ ကိုယ့်ရှေ့လာချသည့် ခေါက်ဆွဲကိုပင် မစားမိ။“အစ်မရယ် … ဒီတစ်ကောင်ဝယ်ရင် ဒီတစ်ကောင်က အပိုင်းကိုပဲရမှာပေါ့…
ဟိုအပိုင်းသွားလဲပေးလို့ မရပါဘူး”“အတူတူပဲဟာ … ဘာကွာလို့လဲ”“ကွာတယ်လေအစ်မ … ဒါက ငါးကြင်းဖြူ”“ကွာကွာ … မကွာကွာအေ … လဲပေးမလား … မလဲပေးဘူးလား”“အစ်မရယ် … မဖြစ်နိုင်တာကို မပြောပါနဲ့ မရပါဘူး”
“ဟိုအတုံးကို ဒီအထဲထည့် ဒီတစ်တုံးကို ဟိုပြန်ထည့် ဘာဖြစ်လို့မရတာလဲ”“အမျိုးအစား မတူဘူး အစ်မရယ် … ဈေးလည်းမတူဘူး”“ဘာဖြစ်ဖြစ်အေ ထည့်လိုက်ပါ”“မရပါဘူးအစ်မရယ်”
“ညည်းတို့ ငါးစိမ်းသည်တွေဟာလေ လက်ပေါက်ကိုကပ်တယ် …ငါကလည်း အဆင့်မရှိတာနဲ့မှ ဖက်ပြောမိတာ မှားပါတယ်”“အဲသည်လို မပြောပါနဲ့ အစ်မကြီးရယ် … လူတိုင်း သူ့အဆင့်နဲ့သူတော့ ရှိပါတယ်”
“ညည်းအဆင့် ဘယ်လောက်ရှိလဲ … ငါက ဘွဲ့ရပြီးပြီ”“အစ်မ … နောက်လူတွေ ရောင်းရဦးမယ်နော် … ဒီမှာ ၂၆၅၀ ကျပါတယ်”“ရော့ ၃၀၀၀”မရွှေက ပိုငွေကို ပြန်အမ်းလိုက်သည်။
အမျိုးသမီးက ပြန်အမ်းငွေကို လက်နှင့်မကိုင် ရွံသလို မျက်နှာထားဖြင့်“ဟဲ့ …တူးတူး ယူလိုက်စမ်း” ဟုပြောလိုက်သည်။သူ့နောက်က ကောင်မလေးက ပိုက်ဆံနှင့် ငါးထုပ်ကို ယူလိုက်သည်။
အမျိုးသမီးက“ရွံလိုက်တာ” ဟုပြောကာထွက်သွားသည်။ကျွန်တော်ကထင်နေသည်မှာ မရွှေ ပွဲကြမ်းလိမ့်မည်ဟု ထင်နေသည်။သို့သော် ငါးရောင်းသည့်မရွှေက ပြုံးနေသည်။ ကျွန်တော် အံ့ဩသွားမိသည်။
ရုပ်ရှင်တွေထဲမှာဆိုလျှင် ပွဲကြမ်းပြီ။ အပြင်တွင် အမှန်တကယ်တွေ့ နေရသည်က ပြောင်းပြန်ဖြစ်နေသည်။ကားစီးလာသည့် ဘွဲ့ရဆိုသော အမျိုးသမီးက ကက်ကက်လန်၊ မတူမတန်သလိုအော်ဟစ် ပြောဆိုနေချိန်တွင်
ငါးရောင်းသည့် ငါးစိမ်းသည် မရွှေက ယဉ်ကျေးလိမ္မာ အေးဆေးစွတုံ့ပြန်နေသည်။ဘွဲ့ဆိုတာ အဆင့်လားဘွဲ့ရထားသည်နှင့် အဆင့်တစ်ခုကိုရောက်သွားသည်တော့ မှန်ကောင်းမှန်မည်။
သို့သော် ငါးစိမ်းတန်းတွင် ဂုဏ်ထုတ်ဖော်ကာ ရိုင်းစိုင်းတင်စီးပြသည်မှာ ဘွဲ့ရအဆင့်လား။မရွှေ ဘယ်နှတန်းအောင်သည်မသိ။ လက်ထဲတွင် လက်ကောက်တွေ နှစ်ဖက်စလုံး ပြည့်နေအောင် ဝတ်ထား သည်။
လည်ပင်းတွင်လည်း လက်မလုံးလောက်ဆွဲကြိုးကြီး ဆွဲထားသည်။သူဂုဏ်မောက်မည်ဆိုလျှင် မောက်နိုင်သည်။ သို့သော် ကိုယ့်ဖောက်သည်ကို ရိုသေလေးစားစွာ ဆက်ဆံသည်။ ပြန်ပြီးရန်မတွေ့။
မရွှေ ရန်တွေ့တတ်ကောင်း တွေ့တတ်မည်။သို့သော် ပညာတတ် ဘွဲ့ရဆိုသူက သူ့ကို ကက်ကက်လန်ရန်တွေ့သွားစေ သူကပြန်ပြီး ရန်မတွေ့။မရွှေသည်တကယ့်ပညာတတ်တစ်ယောက်။သို့သော် ငါးရောင်းနေသည်။



