ချစ်သူမိန်းကလေးမှ လမ်းခွဲသွားချိန်တွင် အကြွေးစာရင်းတွေကို မှတ်ထားသည့်စာအုပ်နဲ့အတူ သွားရောက်ပြီး ပြန်တောင်းခဲ့သော ကောင်လေး ရဲ့(ရုပ်သံ)
ချစ်သူစုံတွဲတိုင်းရဲ့ သဘာဝအရ စိတ်ဆိုးစိတ်ကောက်ပြီး လမ်းခွဲတာမျိုးတွေ မကြာခဏ ကြုံဖူးကြမှာဖြစ်ပြီး ချစ်နေတုန်းက ကြည်ဖြူစွာ ဝယ်ပေးစိုက်ပေးခဲ့သော ပိုက်ဆံများကိုတော့ ပြန်တောင်းခြင်းမျိုးကိုတော့ ကြုံဖူးကြမှာမဟုတ်ပေ။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ကောင်လေးတစ်ဦးသည် ချစ်သူမိန်းကလေးနှင့် ခွဲခွာပြီးနောက်တွင် သူမအတွက်သုံးခဲ့သော အကြွေးစာရင်းနဲ့အတူ ပြန်လည်ရှင်းလင်းခဲ့သည်။
ကောင်လေးသည် ချစ်သူဟောင်းမိန်းကလေး အိမ်ပြန်ရာလမ်းတွင် ကြိုတင်စောင့်နေခဲ့ပြီး မိန်းကလေးအား တွေ့ရှိသောအခါ တွဲတုန်းကဝယ်ယူခဲ့သော အင်္ကျီအဝတ်အစား၊ကော်ဖီဖိုးနဲ့ ပေါင်မုန့်ဖိုး၊ရုပ်ရှင်ကြည့်ခအပြင် ဟိုတယ်ဌားခကိုပါ တစ်ခါတည်းတွက်ချက်ထားသည့် စာရင်းစာအုပ်ကိုကြည့်ရင်း ဖတ်ပြကာ ပြန်ပေးရန် တောင်းခဲ့သည်။
မိန်းကလေးလည်း ကောင်လေးရဲ့ လုပ်ရပ်ကြောင့် အရမ်းအံ့အားသင့်မိသော်လည်း ပြန်ပေးရန် ပြင်ဆင်နေခဲ့စဉ် ဖြတ်သွားဖြတ်လာသူများမှ သူတို့နှစ်ဦးအား မြင်တွေ့ပြီး ရယ်မောစရာအဖြစ် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Hlaing (Love Feeling)
Zawgyi
ခ်စ္သူမိန္းကေလးမွ လမ္းခြဲသြားခ်ိန္တြင္ အေႂကြးစာရင္းေတြကို မွတ္ထားသည့္စာအုပ္နဲ႔အတူ သြားေရာက္ၿပီး ျပန္ေတာင္းခဲ့ေသာ ေကာင္ေလး ရဲ႕(႐ုပ္သံ)
ခ်စ္သူစုံတြဲတိုင္းရဲ႕ သဘာဝအရ စိတ္ဆိုးစိတ္ေကာက္ၿပီး လမ္းခြဲတာမ်ိဳးေတြ မၾကာခဏ ႀကဳံဖူးၾကမွာျဖစ္ၿပီး ခ်စ္ေနတုန္းက ၾကည္ျဖဴစြာ ဝယ္ေပးစိုက္ေပးခဲ့ေသာ ပိုက္ဆံမ်ားကိုေတာ့ ျပန္ေတာင္းျခင္းမ်ိဳးကိုေတာ့ ႀကဳံဖူးၾကမွာမဟုတ္ေပ။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၂၀ေက်ာ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ ခ်စ္သူမိန္းကေလးႏွင့္ ခြဲခြာၿပီးေနာက္တြင္ သူမအတြက္သုံးခဲ့ေသာ အေႂကြးစာရင္းနဲ႔အတူ ျပန္လည္ရွင္းလင္းခဲ့သည္။
ေကာင္ေလးသည္ ခ်စ္သူေဟာင္းမိန္းကေလး အိမ္ျပန္ရာလမ္းတြင္ ႀကိဳတင္ေစာင့္ေနခဲ့ၿပီး မိန္းကေလးအား ေတြ႕ရွိေသာအခါ တြဲတုန္းကဝယ္ယူခဲ့ေသာ အက်ႌအဝတ္အစား၊ေကာ္ဖီဖိုးနဲ႔ ေပါင္မုန႔္ဖိုး၊႐ုပ္ရွင္ၾကည့္ခအျပင္ ဟိုတယ္ဌားခကိုပါ တစ္ခါတည္းတြက္ခ်က္ထားသည့္ စာရင္းစာအုပ္ကိုၾကည့္ရင္း ဖတ္ျပကာ ျပန္ေပးရန္ ေတာင္းခဲ့သည္။
မိန္းကေလးလည္း ေကာင္ေလးရဲ႕ လုပ္ရပ္ေၾကာင့္ အရမ္းအံ့အားသင့္မိေသာ္လည္း ျပန္ေပးရန္ ျပင္ဆင္ေနခဲ့စဥ္ ျဖတ္သြားျဖတ္လာသူမ်ားမွ သူတို႔ႏွစ္ဦးအား ျမင္ေတြ႕ၿပီး ရယ္ေမာစရာအျဖစ္ လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။
Hlaing (Love Feeling)