D Body မရွိတဲ့ဘဲခ်လိုက္ရတဲ့ သူရဲေကာင္းေတြရဲ႕ေနာက္ဆုံးဈာပနာေလးခရီးေလး
သင္တန္းဆင္းၿပီးတာတစ္ပတ္ေတာင္မရွိေသးဘူးေရွ႕တန္းသြားလိုက္ရတယ္
မသြားခင္အိမ္ကိုဖုန္းဆက္တယ္ကြၽန္ေတာ္ႏွလုံးေအာင့္ေနတယ္တဲ့
အိမ္ကသူေတြကမသြားပါနဲ႔လာလို႔မတားရက္ၾကဘူး

ပထမဆုံးေရွ႕တန္းတက္ရမယ္ဆ္ိုေတာ့အားဘဲေပးခဲ့ၾကတယ္ဆုေတာင္းေပးေနခဲ့ၾကတယ္
ညေရာက္ေတာ့ဖုန္းဆက္တယ္ဆက္မရဘူး
စိတ္ပူေနခဲ့ၾကတာ

ေနာက္တစ္ရက္ေတာ့ဖုန္းစိမ္းတစ္လုံးဝင္လာတယ္
ေမာင္ညိဳမိုးၿဗဲတိုက္ပြဲမွာက်သြားၿပီ
စိတ္မေကာင္းပါဘူးအန္တီဆိုတဲ့စကားေလး
ဝမ္းနည္းတယ္နာက်င္တယ္သိမ့္ခံစားရတယ္

ရင္က်ိဳးမတက္ဘဲ
ဝမ္းနည္းလာငိုလိုက္ ၿပီးရင္ျပန္ေျဖလိုက္
မနက္ျဖန္တိုက္ပြဲအတြက္ျပန္အားတင္းလိုက္
ဒီလိုပါဘဲ …..ကြၽန္ေတာ္တို႔ရဲေဘာ္ေတြတိုက္ေပးလိုက္က်ေပးလိုက္
#Main Main Nge
D Body မရှိတဲ့ဘဲချလိုက်ရတဲ့ သူရဲကောင်းတွေရဲ့နောက်ဆုံးဈာပနာလေးခရီးလေး
သင်တန်းဆင်းပြီးတာတစ်ပတ်တောင်မရှိသေးဘူးရှေ့တန်းသွားလိုက်ရတယ်
မသွားခင်အိမ်ကိုဖုန်းဆက်တယ်ကျွန်တော်နှလုံးအောင့်နေတယ်တဲ့

အိမ်ကသူတွေကမသွားပါနဲ့လာလို့မတားရက်ကြဘူး
ပထမဆုံးရှေ့တန်းတက်ရမယ်ဆိုတော့အားဘဲပေးခဲ့ကြတယ်ဆုတောင်းပေးနေခဲ့ကြတယ်
ညရောက်တော့ဖုန်းဆက်တယ်ဆက်မရဘူး
စိတ်ပူနေခဲ့ကြတာ
နောက်တစ်ရက်တော့ဖုန်းစိမ်းတစ်လုံးဝင်လာတယ်
မောင်ညိုမိုးဗြဲတိုက်ပွဲမှာကျသွားပြီ

စိတ်မကောင်းပါဘူးအန်တီဆိုတဲ့စကားလေး
ဝမ်းနည်းတယ်နာကျင်တယ်သိမ့်ခံစားရတယ်
ရင်ကျိုးမတက်ဘဲ
ဝမ်းနည်းလာငိုလိုက် ပြီးရင်ပြန်ဖြေလိုက်
မနက်ဖြန်တိုက်ပွဲအတွက်ပြန်အားတင်းလိုက်
ဒီလိုပါဘဲ …..ကျွန်တော်တို့ရဲဘော်တွေတိုက်ပေးလိုက်ကျပေးလိုက်
#Main Main Nge



