ၾကားသိရသမွ်

ခြေသုတ်လေးတွေ ရောင်းပြီး ဝမ်းရေးအတွက် ရှာဖွေနေရတဲ့ အသက် (၈၅) နှစ် အရွယ်အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်……….

ခြေသုတ်လေးတွေ ရောင်းပြီး ဝမ်းရေးအတွက် ရှာဖွေနေရတဲ့ အသက် (၈၅) နှစ် အရွယ်အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်……….ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့

အချစ်တော် လူရွှင်တော်မိုးစက်ကတော့ ဝေဖန်တိုက်ခိုက်ခံရမှုတွေရှိနေပေမဲ့လည်း ဘဝကိုအရှုံးမပေးဘဲ ဝမ်းရေးကို သမာအာဇီဝကျကျ ခက်ခဲစွာဖြေရှင်းနေတဲ့

သက်ကြီးအဖိုးအဖွားတွေကိုလိုက်လံရှာဖွေကာတတ်နိုင်သလောက်ကူညီထောက်ပံ့တဲ့ ပရဟိတအလုပ်လေးကိုတော့လုပ်ကိုင်နေစဲပါ။

လတ်တလောမှာလည်းမိုးစက်

က အသက် (၈၅)နှစ်အရွယ် အမေအိုတစ်ယောက်ကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အဖွားကတော့ ဝမ်းရေးအတွက်ခြေသုတ်လေးတွေရောင်းပြီး သမာ

အာဇိဝကျကျလုပ်စားနေတဲ့ သူတစ်ယောက်ပါ။အဖွားကတော့ ခြေသုတ်ခုံလေးတစ်ခုရောင်းရမှငွေ(၂၀၀)ကျပ်လောက်သာအမြတ်ရပေမဲ့လည်း ဝမ်းရေးအတွက်ကို

သူတတ်နိုင်တဲ့ဒီအလုပ်လေးကိုကြိုးစားလုပ်ကိုင်နေခဲ့တာလို့လည်းသိရှိရပါတယ်။

မိုးစက်ကတော့ အဖွားဆီကနေ ခြေသုတ်ခုံနှစ်ခုဝယ်ယူပြီး အလှူငွေ(၁)သိန်းကျပ်ကို

ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။ ပရိ သတ်ကြီးရေ မိုးစက်နဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ မွန်မြတ်လှတဲ့ ဒါနကုသိုလ်အလှူလေးကို ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုနိုင်

စေဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။







