လူနာအမွတ္ ၆၀၆ အလည္သြားခဲ့သည့္ ေက်း႐ြာအပါအဝင္ ေက်း႐ြာအုပ္စု တစ္စုလုံးအား အသြားအလာကန႔္သတ္
႐ြာတန္းရွည္ေက်း႐ြာအပါအဝင္ ေက်း႐ြာအုပ္စု တစ္စုလုံးအား အသြားအလာကန႔္သတ္ထား
လူနာအမွတ္ ( ၆၀၆ ) အား ယမန္ေန႔ ၾသဂုတ္ ၂၈ ရက္ေန႔က Positive လူနာျဖစ္ေၾကာင္း သက္ဆိုင္ရာမွ ေၾကျငာၿပီးေနာက္ ၄င္းေနထိုင္ခဲ့ေသာ ေတာင္ငူၿမိဳ႕နယ္ ႐ြာတန္းရွည္ေက်း႐ြာအပါအဝင္ အေနာက္ဆင္႐ြာေက်း႐ြာအုပ္စု တစ္ခုလုံးအား အသြားအလာ ကန႔္သတ္ထားေၾကာင္း သိရသည္ ။
အဆိုပါ အသြားအလာ ကန႔္သတ္ထားေသာေက်း႐ြာမ်ားသည္ ေတာင္ငူၿမိဳ႕နယ္ အေနာက္ဆင္ေက်း႐ြာအုပ္စုထဲတြင္ပါဝင္ၿပီး ဆင္႐ြာႀကီးေက်း႐ြာ ၊ ေက်ာင္းစုေက်း႐ြာ ၊ ေ႐ႊေလးေတာေက်း႐ြာ ႏွင့္ ႐ြာတန္းရွည္ေက်း႐ြာတို႔ျဖစ္ၾကေၾကာင္းသိရသည္ ။
” ၾသဂုတ္လ ၂၈ ရက္ မနက္ပိုင္းထဲက ေက်း႐ြာ တာဝန္ရွိသူေတြက ဘယ္မွ မသြားမလာဖို႔ ႏိုးေဆာ္ထားတာပါ ေက်း႐ြာအုပ္ခ်ဳပ္ေရးပိုင္းကေတာ့ ၁၄ ရက္ အသြားအလာ ကန႔္သတ္မယ္လို႔ ေျပာထားပါတယ္ ” ဟု ေက်း႐ြာသား တစ္ဦးကဆိုသည္ ။
အသြားအလာ ကန႔္သတ္ထားေသာ အေနာက္ဆင္ေက်း႐ြာအုပ္စုသည္ ေတာင္ငူၿမိဳ႕ ႏွင့္ အျခား႐ြာမ်ားသို႔ ကုန္သြယ္ ကူးသန္းရာ လမ္းသည္ ၁၅ ေပ တာလမ္း တစ္လမ္းသာရွိၿပီး ႐ြာ၏ အေရွ႕ဘက္တြင္ စစ္ေတာင္းျမစ္ ႏွင့္ ကပ္လွ်က္ေက်း႐ြာမ်ား ျဖစ္ၾကၿပီး အဆိုပါ ေက်း႐ြာအုပ္စုတြင္ လူဦးေရ ၂၅၈၀ ေက်ာ္ေနထိုင္ၾကၿပီး အိမ္ေျခေပါင္း ၆၅၃ စုဝန္းက်င္ ေနထိုင္ၾကေၾကာင္းလည္း သိရသည္ ။
” Positive လူနာေပၚတာက ႐ြာတန္းရွည္ေက်း႐ြာကို လာလည္သူထံက ေပၚတာပါ လက္ရွိအေျခအေနမွာ အေနာက္ဆင္ေက်း႐ြာအုပ္စု တစ္ခုလုံး အသြားအလာ ကန႔္သတ္ထားေတာ့ ေရရွည္မွာ စားေသာက္ေရးအတြက္ အခက္ခဲေတြျဖစ္လာႏိုင္ပါတယ္ ယခုအေျခအေနမွာလည္း လက္လုပ္ လက္စား သမားေတြအတြက္ မိသားစုလိုက္ ထိုင္ငတ္ရမည့္ အေျခအေန ေရာက္ေနၿပီျဖစ္ေၾကာင္း ” အသြားအလာကန႔္သတ္ခံထားရသည့္ ေ႐ႊေလးေတာေက်း႐ြာ သားတစ္ဦးက ဆိုသည္ ။
ေတာင္ငူၿမိဳ႕နယ္ ၊ အေနာက္ဆင္ေက်း႐ြာအုပ္စု ၊ ႐ြာတန္းရွည္႐ြာသို႔ စစ္ေတြမွ လာေရာက္လည္ပတ္ခဲ့ေသာ အမ်ိဳးသမီး တစ္ဦးထံမွ COVID – 19 ကူးစက္ေရာဂါ Positive ေတြ႕ရွိခဲ့ၿပီး ယင္းႏွင့္ ဆက္စပ္သည့္ လူမ်ားအားလည္း က်န္းမာေရး ႒ာနမွ အခ်ိန္ ႏွင့္ တေျပးညီ စစ္ေဆးေဆာင္႐ြက္ေနေၾကာင္းသိရသည္ ။
ေနလင္းေအာင္(ေတာင္ငူ)
Credit to AlinnMyay(အလင္းေျမ)
Unicode
လူနာအမှတ် ၆၀၆ အလည်သွားခဲ့သည့် ကျေးရွာအပါအဝင် ကျေးရွာအုပ်စု တစ်စုလုံးအား အသွားအလာကန့်သတ်
ရွာတန်းရှည်ကျေးရွာအပါအဝင် ကျေးရွာအုပ်စု တစ်စုလုံးအား အသွားအလာကန့်သတ်ထား
လူနာအမှတ် ( ၆၀၆ ) အား ယမန်နေ့ သြဂုတ် ၂၈ ရက်နေ့က Positive လူနာဖြစ်ကြောင်း သက်ဆိုင်ရာမှ ကြေငြာပြီးနောက် ၎င်းနေထိုင်ခဲ့သော တောင်ငူမြို့နယ် ရွာတန်းရှည်ကျေးရွာအပါအဝင် အနောက်ဆင်ရွာကျေးရွာအုပ်စု တစ်ခုလုံးအား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည် ။
အဆိုပါ အသွားအလာ ကန့်သတ်ထားသောကျေးရွာများသည် တောင်ငူမြို့နယ် အနောက်ဆင်ကျေးရွာအုပ်စုထဲတွင်ပါဝင်ပြီး ဆင်ရွာကြီးကျေးရွာ ၊ ကျောင်းစုကျေးရွာ ၊ ရွှေလေးတောကျေးရွာ နှင့် ရွာတန်းရှည်ကျေးရွာတို့ဖြစ်ကြကြောင်းသိရသည် ။
” သြဂုတ်လ ၂၈ ရက် မနက်ပိုင်းထဲက ကျေးရွာ တာဝန်ရှိသူတွေက ဘယ်မှ မသွားမလာဖို့ နိုးဆော်ထားတာပါ ကျေးရွာအုပ်ချုပ်ရေးပိုင်းကတော့ ၁၄ ရက် အသွားအလာ ကန့်သတ်မယ်လို့ ပြောထားပါတယ် ” ဟု ကျေးရွာသား တစ်ဦးကဆိုသည် ။
အသွားအလာ ကန့်သတ်ထားသော အနောက်ဆင်ကျေးရွာအုပ်စုသည် တောင်ငူမြို့ နှင့် အခြားရွာများသို့ ကုန်သွယ် ကူးသန်းရာ လမ်းသည် ၁၅ ပေ တာလမ်း တစ်လမ်းသာရှိပြီး ရွာ၏ အရှေ့ဘက်တွင် စစ်တောင်းမြစ် နှင့် ကပ်လျှက်ကျေးရွာများ ဖြစ်ကြပြီး အဆိုပါ ကျေးရွာအုပ်စုတွင် လူဦးရေ ၂၅၈၀ ကျော်နေထိုင်ကြပြီး အိမ်ခြေပေါင်း ၆၅၃ စုဝန်းကျင် နေထိုင်ကြကြောင်းလည်း သိရသည် ။
” Positive လူနာပေါ်တာက ရွာတန်းရှည်ကျေးရွာကို လာလည်သူထံက ပေါ်တာပါ လက်ရှိအခြေအနေမှာ အနောက်ဆင်ကျေးရွာအုပ်စု တစ်ခုလုံး အသွားအလာ ကန့်သတ်ထားတော့ ရေရှည်မှာ စားသောက်ရေးအတွက် အခက်ခဲတွေဖြစ်လာနိုင်ပါတယ် ယခုအခြေအနေမှာလည်း လက်လုပ် လက်စား သမားတွေအတွက် မိသားစုလိုက် ထိုင်ငတ်ရမည့် အခြေအနေ ရောက်နေပြီဖြစ်ကြောင်း ” အသွားအလာကန့်သတ်ခံထားရသည့် ရွှေလေးတောကျေးရွာ သားတစ်ဦးက ဆိုသည် ။
တောင်ငူမြို့နယ် ၊ အနောက်ဆင်ကျေးရွာအုပ်စု ၊ ရွာတန်းရှည်ရွာသို့ စစ်တွေမှ လာရောက်လည်ပတ်ခဲ့သော အမျိုးသမီး တစ်ဦးထံမှ COVID – 19 ကူးစက်ရောဂါ Positive တွေ့ရှိခဲ့ပြီး ယင်းနှင့် ဆက်စပ်သည့် လူများအားလည်း ကျန်းမာရေး ဋ္ဌာနမှ အချိန် နှင့် တပြေးညီ စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည် ။
နေလင်းအောင်(တောင်ငူ)
Credit to AlinnMyay(အလင်းမြေ)