တ႐ုတ္၊႐ုရွားမပါတဲ့ လုံျခဳံေရးေကာင္စီ သီးသန႔္ေဆြးေႏြးပြဲ
ဒီေဆြးေႏြးပြဲကို ေသာၾကာေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၈နာရီခြဲ၊ နယူးေရာက္စံေတာ္ခ်ိန္ မနက္ ၁၀ နာရီမွာ ကုလမဂၢ႐ုံးကေန တိုက္ရိုက္ထုတ္လႊင့္ေပးဖို့ရွိပါတယ္။ဒီမိုကေရစီနည္းက် ေရြးေကာက္ပြဲမွာအနိုင္ရထားတဲ့ လႊတ္ေတာ္အမတ္မ်ားႏွင့္ တိုင္းရင္းသားဘက္က.
လူမွုအဖြဲ႕အစည္းမ်ားရဲ့ အျမင္ႏွင့္အသံကို ၾကားနိုင္ဖို့ ၿဗိတိန္နိုင္ငံက ႀကီးမွူးက်င္းပျခင္းျဖစ္သည္။ ၎ေဆြး ေႏြးပြဲတြင္ အက္စ္တိုနီးယား ျပင္သစ္၊ အိုင္ယာလန္၊ ေနာ္ေဝ၊ အေမရိကန္မွ ကုလသမဂၢကိုယ္စားလွယ္မ်ားပါဝင္တက္ေရာက္မည္ျဖစ္ၿပီး တ႐ုတ္ႏွင့္႐ုရွား..
ကိုယ္စားလွယ္မ်ား ပါဝင္မွာမဟုတ္တဲ့ သီးသန႔္ေဆြး ေႏြးပြဲပါ။ ျမန္မာတိုင္းရင္းသား အရပ္ဖက္ လူမွုအဖြဲ႕အစည္းမွ ေခါင္းေဆာင္တဦးျဖစ္သူ စိုင္းစံခမ္းပါဝင္လာမွာျဖစ္သလို ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH မွ နိုင္ငံျခားေရးဝန္ႀကီး..
ေဒၚဇင္မာေအာင္၊ ကုလသမဂၢ ျမန္မာနိုင္ငံအျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း၊ ICG နိုင္ငံတကာပဋိ ပကၡေလ့လာေရးအဖြဲ႕မွ Richard Horsey တို့ပါဝင္ေဆြး ေႏြးၾကမည္ျဖစ္သည္။အၾက မ္း ဖ က္မွုမ်ားတိုးလာေနသည္ႏွင့္အမၽွ ပတ္ဝန္းက်င္နိုင္ငံႏွင့္ေဒသတြင္း..
တည္ၿငိမ္မွုအတြက္ အ ႏၲ ရာယ္ႀကီးမားေနတယ္လို့ သတ္မွတ္ခ်က္အရ အခုလိုေဆြးေႏြးပြဲ က်င္းပရျခင္းျဖစ္သည္။ျမန္မာသံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ျမန္မာနိုင္ငံတြင္းက တိုင္းရင္းသားေတြနဲ႔ ပဋိပကၡျဖစ္ပြားမွုအေပၚ အာဏာသိမ္းခံရၿပီးေနာက္..
ရိုက္ခတ္မွုကို စိုင္းစံခမ္းက ေဆြးေႏြးမွာျဖစ္ၿပီး ဖက္ဒရယ္ ဒီမိုကေရစီ ပဋိဉာဥ္ ထုတ္ျပန္ခဲ့တဲ့ CRPH ရဲ့ ေရွ႕ဆက္ လုပ္ေဆာင္မွာေတြကို ေဒၚဇင္မာေအာင္က ေဆြးေႏြးမွာျဖစ္ပါတယ္။ အာဏာသိမ္းခဲ့တဲ့ ျမန္မာစစ္တပ္ရဲ့ လုပ္ေဆာင္မွုေတြကေန ေဒသတြင္းမွာ..
သာမက နိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လုံျခဳံေရးကို ထိပါးေစမယ့္ အႏၲရာယ္ေတြနဲ႔ ပတ္သက္ၿပီး ICG က ေဆြးေႏြးဖို့ ရွိပါတယ္။ေသာၾကာေန႔ည ၈ နာရီခြဲအခ်ိန္ တိုက္ရိုက္ထုတ္လႊင့္မယ့္ ေဆြးေႏြးပြဲၿပီးရင္ေတာ့ ၿဗိတိန္သံအမတ္ႀကီး က သတင္းစာရွင္းလင္းပြဲလုပ္ပါမည္။ခရက္ဒစ္
ယူနီကုဒ္ျဖင့္ဖတ္ရန္
တရုတ်၊ရုရှားမပါတဲ့ လုံခြုံရေးကောင်စီ သီးသန့်ဆွေးနွေးပွဲ
ဒီဆွေးနွေးပွဲကို သောကြာနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ၊ နယူးရောက်စံတော်ချိန် မနက် ၁၀ နာရီမှာ ကုလမဂ္ဂရုံးကနေ တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ လွှတ်တော်အမတ်များနှင့် တိုင်းရင်းသားဘက်က..
လူမှုအဖွဲ့အစည်းများရဲ့ အမြင်နှင့်အသံကို ကြားနိုင်ဖို့ ဗြိတိန်နိုင်ငံက ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ၎င်းဆွေး နွေးပွဲတွင် အက်စ်တိုနီးယား ပြင်သစ်၊ အိုင်ယာလန်၊ နော်ဝေ၊ အမေရိကန်မှ ကုလသမဂ္ဂကိုယ်စားလှယ်များပါဝင်တက်ရောက်မည်ဖြစ်ပြီး တရုတ်နှင့်ရုရှား..
ကိုယ်စားလှယ်များ ပါဝင်မှာမဟုတ်တဲ့ သီးသန့်ဆွေး နွေးပွဲပါ။ မြန်မာတိုင်းရင်းသား အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစံခမ်းပါဝင်လာမှာဖြစ်သလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH မှ နိုင်ငံခြားရေးဝန်ကြီး..
ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ ICG နိုင်ငံတကာပဋိ ပက္ခလေ့လာရေးအဖွဲ့မှ Richard Horsey တို့ပါဝင်ဆွေး နွေးကြမည်ဖြစ်သည်။အကြ မ်း ဖ က်မှုများတိုးလာနေသည်နှင့်အမျှ ပတ်ဝန်းကျင်နိုင်ငံနှင့်ဒေသတွင်း..
တည်ငြိမ်မှုအတွက် အ န္တ ရာယ်ကြီးမားနေတယ်လို့ သတ်မှတ်ချက်အရ အခုလိုဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်သည်။မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပွားမှုအပေါ် အာဏာသိမ်းခံရပြီးနောက်..
ရိုက်ခတ်မှုကို စိုင်းစံခမ်းက ဆွေးနွေးမှာဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် ထုတ်ပြန်ခဲ့တဲ့ CRPH ရဲ့ ရှေ့ဆက် လုပ်ဆောင်မှာတွေကို ဒေါ်ဇင်မာအောင်က ဆွေးနွေးမှာဖြစ်ပါတယ်။ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကနေ ဒေသတွင်းမှာ..
သာမက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးစေမယ့် အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ICG က ဆွေးနွေးဖို့ ရှိပါတယ်။သောကြာနေ့ည ၈ နာရီခွဲအချိန် တိုက်ရိုက်ထုတ်လွှင့်မယ့် ဆွေးနွေးပွဲပြီးရင်တော့ ဗြိတိန်သံအမတ်ကြီး က သတင်းစာရှင်းလင်းပွဲလုပ်ပါမည်။ခရက်ဒစ်
ယူနီကုဒ်ဖြင့်ဖတ်ရန်