ဝဋ္ေႂကြးရွိခဲ့ရင္ အျမန္ဆုံးေက်ပါရေစလို႔ ဆုေတာင္းလိုက္တဲ့ ဇာတ္မင္းသမီးေလး ေမတင္ေမာင္ဆန္းဝင္း…
ျမန္မာ့ဇာတ္သဘင္ေလာကရဲ႕ နာမည္ႀကီးအေက်ာ္အေမာ္တစ္ဦးျဖစ္တဲ့ ဇာတ္မင္းသားႀကီး ဦးေ႐ႊမန္းတင္ေမာင္ ရဲ႕ ေ႐ႊမန္းဇာတ္သဘင္ကို အခုခ်ိန္ထိ သားသမီးေျမးျမစ္ေတြက လက္ဆင့္ကမ္း အေမြဆက္ခံလာတာေၾကာင့္ အခုခ်ိန္ထိမေပ်ာက္ပ်က္ပဲ ဆက္လက္တည္ရွိေနဆဲျဖစ္ပါတယ္။ လက္ရွိ ေ႐ႊမန္းသဘင္ ကိုလက္ဆင့္ကမ္း ဦးေဆာင္ေနသူကေတာ့ ဇာတ္မင္းသား တင္ေမာင္ဆန္းမင္းဝင္း ပဲျဖစ္ပါတယ္။
သူနဲ႔အတူ ပြဲတိုင္းမွာ ကျပေဖ်ာ္ေျဖေနသူကေတာ့ ညီမျဖစ္သူ ေမတင္ေမာင္ဆန္းဝင္း ပဲျဖစ္ပါတယ္။ ေ႐ႊမန္းမ်ိဳးဆက္ျဖစ္တဲ့ ေမာင္ႏွမႏွစ္ဦးကို ပရိသတ္ေတြအားလုံးကခ်စ္ခင္ၾကပါတယ္။ေမတင္ေမာင္ဆန္းဝင္း ကေတာ့ အာ႐ုံေၾကာေရာဂါကို ဆိုး႐ြားစြာခံစားေနရတာဆိုရင္ေတာ့ လေပါင္းမ်ားစြာၾကာျမင့္ေနၿပီလဲ ျဖစ္ပါတယ္။
ဒီကေန႔မွာေတာ့ ထိုင္းႏိုင္ငံမွာဆက္လက္ၿပီး ေဆးကုသမွာျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံကို ခဏတာခြဲခြာရမွာျဖစ္တာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့အေၾကာင္းကို ” အားငယ္စိတ္ေတြနဲ႔စတင္ၿပီး ခရီးတစ္ခုကိုခဏတာထြက္ခြာခဲ့ရေပမယ့္ ကိုယ့္ႏိုင္ငံျပန္ေရာက္လာရင္ လူေကာင္းပကတိအတိုင္း ျပန္ၿပီးျဖစ္ခ်င္မိတယ္ အဆိုးေတြေက်ာ္ၿပီး အေကာင္းေတြေရာက္ရွိလာပါရေစဝဋ္ေႂကြးဆိုတာရွိခဲ့ရင္လည္းအျမန္ဆုံးေက်ပါရေစ ဘာပဲျဖစ္ျဖစ္ပါ အေၾကာတင္းတဲ့ က်မအတြက္ေတာ့ ေမတင္ေမာင္ဆန္းဝင္း ေရ Fighting ” လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။
ပရိသတ္ႀကီးေရ အာ႐ုံေၾကာေရာဂါကို ခံစားေနရတဲ့ ဇာတ္မင္းသမီးေလး ေမတင္ေမာင္ဆန္းဝင္း တစ္ေယာက္ အျမန္ဆုံးေနေကာင္းက်န္းမာၿပီး ျမန္မာႏိုင္ငံကို လူေကာင္းပကတိတိုင္း ျပန္လည္ေရာက္ရွိလာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ခ်စ္တဲ့ပရိသတ္ေတြကလဲ ေကာမန႔္မွတစ္ဆင့္ ဆုေတာင္းေပးခဲ့အုန္းေနာ္။
Credit
UNICODE
ဝဋ်ကြွေးရှိခဲ့ရင် အမြန်ဆုံးကျေပါရစေလို့ ဆုတောင်းလိုက်တဲ့ ဇာတ်မင်းသမီးလေး မေတင်မောင်ဆန်းဝင်း…
မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီးအကျော်အမော်တစ်ဦးဖြစ်တဲ့ ဇာတ်မင်းသားကြီး ဦးရွှေမန်းတင်မောင် ရဲ့ ရွှေမန်းဇာတ်သဘင်ကို အခုချိန်ထိ သားသမီးမြေးမြစ်တွေက လက်ဆင့်ကမ်း အမွေဆက်ခံလာတာကြောင့် အခုချိန်ထိမပျောက်ပျက်ပဲ ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ လက်ရှိ ရွှေမန်းသဘင် ကိုလက်ဆင့်ကမ်း ဦးဆောင်နေသူကတော့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ပဲဖြစ်ပါတယ်။
သူနဲ့အတူ ပွဲတိုင်းမှာ ကပြဖျော်ဖြေနေသူကတော့ ညီမဖြစ်သူ မေတင်မောင်ဆန်းဝင်း ပဲဖြစ်ပါတယ်။ ရွှေမန်းမျိုးဆက်ဖြစ်တဲ့ မောင်နှမနှစ်ဦးကို ပရိသတ်တွေအားလုံးကချစ်ခင်ကြပါတယ်။မေတင်မောင်ဆန်းဝင်း ကတော့ အာရုံကြောရောဂါကို ဆိုးရွားစွာခံစားနေရတာဆိုရင်တော့ လပေါင်းများစွာကြာမြင့်နေပြီလဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ထိုင်းနိုင်ငံမှာဆက်လက်ပြီး ဆေးကုသမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို ခဏတာခွဲခွာရမှာဖြစ်တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို ” အားငယ်စိတ်တွေနဲ့စတင်ပြီး ခရီးတစ်ခုကိုခဏတာထွက်ခွာခဲ့ရပေမယ့် ကိုယ့်နိုင်ငံပြန်ရောက်လာရင် လူကောင်းပကတိအတိုင်း ပြန်ပြီးဖြစ်ချင်မိတယ် အဆိုးတွေကျော်ပြီး အကောင်းတွေရောက်ရှိလာပါရစေဝဋ်ကြွေးဆိုတာရှိခဲ့ရင်လည်းအမြန်ဆုံးကျေပါရစေ ဘာပဲဖြစ်ဖြစ်ပါ အကြောတင်းတဲ့ ကျမအတွက်တော့ မေတင်မောင်ဆန်းဝင်း ရေ Fighting ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ အာရုံကြောရောဂါကို ခံစားနေရတဲ့ ဇာတ်မင်းသမီးလေး မေတင်မောင်ဆန်းဝင်း တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာပြီး မြန်မာနိုင်ငံကို လူကောင်းပကတိတိုင်း ပြန်လည်ရောက်ရှိလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ချစ်တဲ့ပရိသတ်တွေကလဲ ကောမန့်မှတစ်ဆင့် ဆုတောင်းပေးခဲ့အုန်းနော်။
Credit